Re-post By ACM 17-7-2013
ဗုဒ္ဓဘာသာဝင်တို့၏ အထွတ်အမြတ်ထားရာ တစ်နေရာဖြစ်သော ဗုဒ္ဓဂယာ ၀င်းအတွင်း
ဗုံးဖောက်ခွဲမှုများအတွက် စုံစမ်းစစ်ဆေးနေသော အိန္ဒိယရဲတပ်ဖွဲ့က
ဗုံးခွဲမှုအတွက် သံသယရှိခံရသူ၏ ပုံကြမ်းကို ဇူလိုင် ၁၆ ရက်က ထုတ်ပြန်ခဲ့ပြီး
ဗုံးခွဲသူများကို ဖမ်းဆီးရမိရန်အတွက် သတင်းပေးသူကို ရူပီးတစ်သန်း (ဒေါ်လာ
၁၆၉၀၀) ပေးသွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
ဇူလိုင် ၇ ရက်က ဗုဒ္ဓဂယာတွင် ဗုံး ၁၀ လုံးကွဲခဲ့ပြီး ဘုန်းကြီးနှစ်ပါး
ဒဏ်ရာရရှိခဲ့သည်။ ထို့ပြင် လူသုံးဦးလည်း ဒဏ်ရာရရှိခဲ့သည်။ အမျိုးသား
စုံစမ်းစစ်ဆေးရေး အေဂျင်စီက ဗုံးခွဲမှုအတွက် သံသယရှိသူ၏ ပုံကြမ်းနှစ်ပုံကို
ထုတ်ပြန်ပေးခဲ့ခြင်း ဖြစ်သည်။ ပထမတစ်ပုံသည် မျက်နှာဖုံးစွပ်ထားသော
အမျိုးသား တစ်ဦး၏ ပုံဖြစ်ပြီး ဒုတိယတစ်ပုံမှာ အမွေးအမှင် ရိတ်ထားသော
သန့်ရှင်းနေသည့် မျက်နှာနှင့်ပုံ ဖြစ်သည်။ ဗုံးခွဲသူဟု သံသယရှိခံရသူသည်
သင်္ကန်းဝတ်ဆင်ထားကြောင်း စုံစမ်းစစ်ဆေးရေး အေဂျင်စီ၏ ၀က်ဘ်ဆိုက်တွင်
ဖော်ပြခဲ့သည်။ ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားပြီးနောက် ရဲတပ်ဖွဲ့က
လုံခြုံရေးကင်မရာ မှတ်တမ်းများကို လေ့လာခဲ့ပြီး လူတစ်ဦးကို
စစ်ဆေးမေးမြန်းရန် ဖမ်းဆီးခဲ့သည်။ သို့သော်လည်း စွဲချက်တစ်စုံတစ်ရာ
တင်ခဲ့ခြင်း မရှိပေ။
ယင်းဗုံးဖောက်ခွဲမှုများအတွက် တာဝန်ရှိကြောင်း
မည်သူတစ်ဦး တစ်ယောက်ကမျှ ၀န်ခံထားခြင်း မရှိပေ။ သို့သော်လည်း အစ္စလာမ္မစ်
စစ်သွေးကြွများသည် မြန်မာနိုင်ငံတွင် မွတ်စလင်များကို အကြမ်းဖက်မှုများအတွက်
ကလဲ့စားချေရန် ဗုဒ္ဓဂယာကို ပစ်မှတ်ထားနိုင်ကြောင်း ထောက်လှမ်းရေး သတင်းများ
ရရှိထားသည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
Ref:AFP
အိန္ဒိယရဲတပ်ဖွဲ့မှ ထုတ်ပြန်သော ဗုဒ္ဓဂယာ ဗုံးခွဲမှုအတွက် သံသယရှိသူ၏ ပုံကြမ်းနှစ်ပုံ (Photo:AFP)
အေးချမ်းမွန် Copy & Credit To > Eleven Media Group < Thank
Re-post By ACM 17-7-2013
Re-post By ACM 17-7-2013
ဗုဒ္ဓဘာသာဝင်တို့၏ အထွတ်အမြတ်ထားရာ တစ်နေရာဖြစ်သော ဗုဒ္ဓဂယာ ၀င်းအတွင်း ဗုံးဖောက်ခွဲမှုများအတွက် စုံစမ်းစစ်ဆေးနေသော အိန္ဒိယရဲတပ်ဖွဲ့က ဗုံးခွဲမှုအတွက် သံသယရှိခံရသူ၏ ပုံကြမ်းကို ဇူလိုင် ၁၆ ရက်က ထုတ်ပြန်ခဲ့ပြီး ဗုံးခွဲသူများကို ဖမ်းဆီးရမိရန်အတွက် သတင်းပေးသူကို ရူပီးတစ်သန်း (ဒေါ်လာ ၁၆၉၀၀) ပေးသွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
ဇူလိုင် ၇ ရက်က ဗုဒ္ဓဂယာတွင် ဗုံး ၁၀ လုံးကွဲခဲ့ပြီး ဘုန်းကြီးနှစ်ပါး ဒဏ်ရာရရှိခဲ့သည်။ ထို့ပြင် လူသုံးဦးလည်း ဒဏ်ရာရရှိခဲ့သည်။ အမျိုးသား စုံစမ်းစစ်ဆေးရေး အေဂျင်စီက ဗုံးခွဲမှုအတွက် သံသယရှိသူ၏ ပုံကြမ်းနှစ်ပုံကို ထုတ်ပြန်ပေးခဲ့ခြင်း ဖြစ်သည်။ ပထမတစ်ပုံသည် မျက်နှာဖုံးစွပ်ထားသော အမျိုးသား တစ်ဦး၏ ပုံဖြစ်ပြီး ဒုတိယတစ်ပုံမှာ အမွေးအမှင် ရိတ်ထားသော သန့်ရှင်းနေသည့် မျက်နှာနှင့်ပုံ ဖြစ်သည်။ ဗုံးခွဲသူဟု သံသယရှိခံရသူသည် သင်္ကန်းဝတ်ဆင်ထားကြောင်း စုံစမ်းစစ်ဆေးရေး အေဂျင်စီ၏ ၀က်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။ ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားပြီးနောက် ရဲတပ်ဖွဲ့က လုံခြုံရေးကင်မရာ မှတ်တမ်းများကို လေ့လာခဲ့ပြီး လူတစ်ဦးကို စစ်ဆေးမေးမြန်းရန် ဖမ်းဆီးခဲ့သည်။ သို့သော်လည်း စွဲချက်တစ်စုံတစ်ရာ တင်ခဲ့ခြင်း မရှိပေ။
ယင်းဗုံးဖောက်ခွဲမှုများအတွက် တာဝန်ရှိကြောင်း မည်သူတစ်ဦး တစ်ယောက်ကမျှ ၀န်ခံထားခြင်း မရှိပေ။ သို့သော်လည်း အစ္စလာမ္မစ် စစ်သွေးကြွများသည် မြန်မာနိုင်ငံတွင် မွတ်စလင်များကို အကြမ်းဖက်မှုများအတွက် ကလဲ့စားချေရန် ဗုဒ္ဓဂယာကို ပစ်မှတ်ထားနိုင်ကြောင်း ထောက်လှမ်းရေး သတင်းများ ရရှိထားသည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
Ref:AFP
အိန္ဒိယရဲတပ်ဖွဲ့မှ ထုတ်ပြန်သော ဗုဒ္ဓဂယာ ဗုံးခွဲမှုအတွက် သံသယရှိသူ၏ ပုံကြမ်းနှစ်ပုံ (Photo:AFP)
အေးချမ်းမွန် Copy & Credit To > Eleven Media Group < Thank
Re-post By ACM 17-7-2013

No comments:
Post a Comment