Saturday, July 20, 2013

ဘေထုတ်နိုင်ငံရေးဝတ်စုံ


၁။ (၆၆)နှစ်မြောက်အာဇာနည်နေ့ အပေါ်ဝေဖန်မှုများဖြင့်ထင်ကြေးမပေး
လို၍လက်ရှိအာဏာပိုင်အုပ်ချုပ်သူများနှင့်ယှဉ်တွဲလိုက်ပါပေါင်းသင်းနေကြ
သည့်(တချိန်ကအတိုက်အခံဆိုသူများ)ကိုလေ့လာစောင့်ကြည့်မိပါသည်။
၂။ထို့ ကြောင့်(၂၀၊၇၊၂၀၁၃)နေ့ ၌မှသာအာဇာနည်ခေါင်းဆောင်များ၏သွေး
မြေခရမှုအပေါ်ဝမ်းနည်းခြင်းအနေဖြင့်စောင့်ထိန်း၍(ဘေထုတ်နိုင်ငံရေး)ဝေဖန်
စာကိုရေးသားလိုက်ပါသည်။
၃။ဘေထုတ်အ၀တ်အထည်သည်မဆလနိုင်ငံရေးစနစ်အောက်၌လူထုလူတန်း
စားမရွေးရန်ကုန်မြို့ ၊သိမ်ကြီးဈေး၊လေဟာပြင်ဈေးနှင့်ဆူးလေဘုရားလမ်းဈေးတို့ 
သာမကဗမာပြည်တ၀ှမ်းလုံး၌ပြည့်နှက်ခဲ့သောခေတ်ကာလ၏ပြဌာန်းချက်အရ
လူထုဝတ်စုံဖြစ်ခဲ့ရပါသည်။
၎။ထိုဝတ်စုံအပေါ်မှီခို၍ပါတီ-ကောင်စီ-မှောင်ခို-အကောက်ခွန်နှင့်ဂဠုန်ရဲဌာနတို့ 
ပင်စီးပွားဖြစ်ခဲ့ပါသည်။မျက်မှောက်ဗမာ့နိုင်ငံရေးဝတ်စုံသည်လည်းတရံရောအခါ
ကာလမှဘေထုတ်နိုင်ငံရေးဝတ်စုံဖြင့်မတိမ်းမယိမ်းရှိနေသေးသည်ကို(၆၆)
နှစ်ပြည့်အခါသမယ၌ကြည့်သောသူမြင်နိုင်၏ဆိုသကဲ့သို့ ပေါ်ထွက်လာပါသည်။
၅။ဗမာပြည်သည်ကျွန်ဘသအောက်မှလွတ်၍လွတ်လပ်ရေးရခဲ့သည်မှာမှန်၏။
နယ်မြေ-လူထု-ပရိယေသနနှင့်စီးပွားဥစ္စာတို့ လုံခြုံလွတ်လပ်၍နေသည်လော
ဆိုသည်မှာလွပ်လပ်ရေးရစဉ်ကာလအတွင်း၌တောက်လျှောက်လိုက်ပါလာသော
အမေးပုစ္ဆာဖြစ်ပါသည်။
၆။ဗိုလ်ချုပ်အောင်ဆန်း(ကျောင်းသားသမဂ္ဂ-ကိုအောင်ဆန်း၊ဖဆပလဥက္ကဌ
-ဦးအောင်ဆန်း)အမှူးပြုသောလွတ်လပ်ရေးအတွက်ကျဆုံးခဲ့ရသည့်အာဇာနည်
ခေါင်းဆောင်းများ၏အာဇာနည်နေ့ မှာ၌ပင်လူထုသည်ခေါင်းဆောင်များအား
လွတ်လပ်စွာဂါရ၀ပြုခွင့်မရသည့်အသွင်ကူးပြောင်းရေးကာလသည်စစ်အုပ်ချုပ်
ရေးကာလနှင့်နှိုင်းယှဉ်မည်ဆိုပါကကုလားကြီးနှင့်အရာကြီးဆိုသလိုဖြစ်နေပါ
သည်။
၇။၈၈မျိုးဆက်နှင့်အာဇာနည်နေ့ အရေးအခင်းတွေသည်လည်း ၁၉၈၉ခုနှစ် ကာလ၌ဗိုလ်စောမောင်နှင့်ဒေါ်စုထိပ်တိုက်တွေ့ နေသောကာလတွင်ရန်ကုန်
တိုင်း-ဗဟန်းမြို့ နယ်-ရေခဲဆိုင်မှတ်တိုင်အနီးတ၀ိုက်မှာသွေးမြေကျခဲ့ပါသည်။
၈။စစ်တပ်မှဘက်နက်နှင့်ထိုးသတ်-လုံထိန်းတို့ မှဝါးရင်းဒုတ်-နံပတ်ဒုတ်ဖြင့် ရိုက်သတ် ခဲ့သောသွေးအိုင်များကိုလူထုကြီးထွက်ပြေးသွား၍ကျန်ရစ်ခဲ့သော ဖိနပ်ထောင်ပေါင်းများစွာဖြင့်ရွှေဂုံတိုင်လမ်းမကြီးအပေါ်မှာခင်းကျင်းပြီးကာရံ
ခဲ့ပါသည်။အာဇာနည်ကုန်းအခန်းအနားပြီးလို့ ပြန်လာမည့်သံတမန်ယာဉ်တန်း
များမှသွေးအိုင်နှင့်ဖိနပ်ပုံများကိုမမြင်တွေ့ ရအောင်လမ်းရှင်းကြောင်းပေးရမည့်
တာဝန်ယူထားသောရန်ကုန်-ဗဟန်းမြို့ နယ်-ကန်တော်ကြီးစောင်း-ပျားဂေဟာအရောင်းဆိုင်၌စခန်းချနေသည့်စစ်တပ်မှလာရောက်ရှင်းလင်းခဲ့
ပါသည်။စစ်တက်မှမိုင်းဗုံးကြောက်၍သွေးအိုင်ကြီးကိုဖိနပ်ပုံဖြင့်ခြံခတ်ထားသော
နေရာကိုဝါးလုံးရှည်ကြီးဖြင့်အဝေးမှထိုးဆွ၍ရှင်းလင်းခဲ့ကြပါသည်။ထိုမြင်ကွင်း
အဖုံဖုံကိုလည်းအာဇာနည်နေ့ တက်ရောက်လာသောအပြည်ပြည်ဆိုင်ရာ သံတမန်များမြင်တွေ့ သွားပါသည်။
၉။ ဒီချုပ်သဘာပတိဖြစ်သောသတင်းစာဆရာကြီးဦးဝင်းတင်မှအာဇာနည်နေ့ 
ဆိုသည်မှာဝမ်းနည်းခြင်းအထိမ်းအမှတ်ဖြစ်၍နိုင်ငံရေးအရအသုံးချစုဝေးအမြတ်
ထုတ်၍မသင့်ကြောင်းကို၂၀၁၂ခုနှစ်၌ပြောဆိုဖူးခဲ့ပါသည်။အာဇာနည်နေ ၌့ တကယ်တမ်းအမြတ်ထုတ်သွားခြင်း-တကယ်တမ်းသွေးမြေကျခဲ့ရခြင်းဖြစ်စဉ်
များသည်လည်းတနေ့ တချိန်မှာပေါ်ထွက်လာမည်ဖြစ်ပါသည်။
၁၀။နိုင်ငံလွတ်လပ်မှု-လူထုလွတ်လပ်ခွင့်မရသောအခြေအနေမျိုးအောက်၌
၁၉၈၉ခုနှစ်မှ၂၀၁၃ခုနှစ်(၁၉၆၂ခုနှစ်စစ်အာဏာသိမ်းပြီးချိန်မှစလို့ ပါ)အထိ
လူထုနှင့်အာဇာနည်နေ့ ဂါရ၀ပြုခွင့်ခြင်းများအပေါ်တင်းကျပ်စွာချုပ်တည်း
ထားသောအခြေအနေကိုတွေ့ နေရပါသည်။
၁၁။အာဇာနည်နေ့ အမွေမလုချင်သောငြားလည်းအမျိုးသားခေါင်းဆောင်
ဗိုလ်ချုပ်အောင်ဆန်း(ဦးအောင်ဆန်း)၏သားဦးအောင်ဆန်းဦးနှင့်ဇနီးဒေါ်လဲ့လဲ့
နွယ်သိန်း(မေတ္တာဦး-ကလောင်အမည်)တို့ ကိုဗိုလ်ခင်ညွန့် တို့ ခေတ်၌ပွဲ
ထုတ်ခဲ့သလို-ယနေ့ ကြံ့ ဖွတ်အရေခြုံစစ်အာဏာရှင်ခေတ်၌လည်းသမီး ဖြစ်သူဒေါ်အောင်ဆန်းစုကြည်ကိုပြန်လည်၍ပွဲထုတ်နေသည်မှာရိုးသားသော
လူထု၏အာဇာနည်ခေါင်းဆောင်ကြီးများအပေါ်ကြည်ညိုစိတ်အားနားလှည့်
ပါးရိုက်နေသလိုဖြစ်ပါသည်။
အဟောင်းစိတ်များနှင့်ကောင်းနမိတ်မဆောင်နိုင်ပါ
စစ်အောင်
  အာ ဇာ နည် နေ့ မှာ ဥ သြ ဆွဲ ရ အောင်
ဒီလို လုံးဝမဖြစ်သင့်ဘူး..မလုပ်သင့်ဘူး..။
ပါတီများနှင့် သံတမန်များသာ ....
ကိုဂျင်မီ ဒေါဖောင်းနေတယ် ၊ ဖောင်းသင့်ပါတယ် ၊ ပန်းချင်းတွေကို လုံခြုံရေးအတွက် စစ်ဆေးဖို့ ဆိုတာ ဘာမှခက်တဲ့ ကိစ္စမှ မဟုတ်တာ ။

အဲလိုသာ ဆိုရင် မြ
န်မာနိုင်ငံသား တစ်ယောက်မှ နိုင်ငံတကာ လေကြောင်းစီးခွင့်ရတော့မှာ မဟုတ်ဘူး ။ ဘယ် မြန်မာနိုင်ငံသားကမှကလဲ အာဇာနည်ဗိမာန်ကို ဗုံးမယူလာပါဘူး ။

ယူလာခဲ့တာက စစ်ကောင်တွေရဲ့ မိတ်ဆွေ မြောက်ကိုရီးယားပါ ။
Length: 1:36

ဒေါ်အောင်ဆန်းစုကြည် အိမ်မှာ ပြုလုပ်တဲ့ အာဇာနည်နေ့ ဆွမ်းကပ်ပွဲ ဦးရွှေမန်းတက်ရောက်

2013-07-19
dassk-ushweman-martyrs-day-305.jpg
 
 
 ဒေါ်အောင်ဆန်းစုကြည်နေအိမ်မှာ ဇူလိုင်လ ၁၉ ရက်နေ့ တွင်ပြုလုပ်တဲ့ အာဇာနည်နေ့ဆွမ်းကပ်ပွဲတွင် ဒေါ်အောင် ဆန်းစုကြည်၊ ဦးတင်ဦးနဲ့ သူရဦးရွှေမန်းတို့ကို တွေ့ရစဉ်
photo: Soe Nyunt(Royal Rose)
အမျိုးသားဒီမီုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ ဒီနေ့ပြုလုပ်တဲ့ ၆၆ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဆွမ်းကပ်လှူပွဲကို ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းက မိသားစုနဲ့အတူ တက်ရောက်ခဲ့ပါတယ်။
ဒါကြောင့် ဒီနေ့ဆွမ်းကပ်ပွဲဟာ အထူးခြားဆုံးဖြစ်သလို၊ ပဏ္ဍိတရာမရွှေတောင်ကုန်း ဆရာတော်ကြီးကလည်း ကိုယ်ကျိုးမကြည့်ပဲ ပူးပေါင်းဆောင်ရွက်ကြဖို့ တရားဒေသနာချီးမြှင့်တယ်လို့ အမျိုးသားဒီမီုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးက RFA ကို ပြောပါတယ်။
"သိပ်ထူးခြားတာ၊ ကျနော်တောင် အံ့သြသွားတယ်၊ ကျနော်က အလယ်ခေါင်က၊ ဘယ်ဘက်က ကိုရွှေမန်း၊ ညာဘက်က ဒေါ်အောင်ဆန်းစုကြည် တရားနာကြတယ်၊ အစအဆုံး ရေစက်ချတဲ့အထိပေါ့၊ ထမင်းစားဝိုင်းကျတော့ တစ်ဝိုင်းထဲပါပဲ၊ ကျနော်ရယ်၊ ဒေါ်အောင်ဆန်းစုကြည်ရယ်၊ သူရရွှေမန်းရယ်၊ နောက်သူရရွှေမန်းဇနီးရယ် အဲဒါအလှူတုန်းက၊ နောက်ပြီးတော့ ပဏ္ဍိတဆရာတော်ကြီးကတော့ ဒီနှစ်တရားဟောတာ ဒီလိုပဲပြေလည်အောင် လုပ်ကြတဲ့ကိစ္စတွေမှာကတော့ စေတနာအရင်းခံဖြစ်နဲ့ သွားကြတယ်ဆို ကောင်းတယ်ပေါ့နော်၊ တခါတလေကျတော့လည်း ကိုယ့်ရဲ့အကျိုးကို မျှော်ကိုးပြီးတော့ လုပ်ကြကိုင်ကြတာတွေလည်း ရှိတတ်တယ်ပေါ့၊ အဲဒါတွေကိုတော့ မဖြစ်စေချင်ဘူးပေါ့နော်၊ နိုင်ငံအတွက် အကျိုးကျေးဇူးကြည့်ပြီးတော့ လုပ်တဲ့သဘောမျိုးလုပ်တာတွေကို ဖြစ်စေချင်တဲ့သဘော အဲဒီလိုမိန့်တယ်၊ အတိုလေးပေါ့"
ဆွမ်းကပ်လှူပွဲကို သီတဂူဆရာတော် အရှင်ဥာဏိဿရ၊ အရှင်စန္ဒာဓိကနဲ့ ချမ်းမြေ့ဆရာတော်တို့ ကြွရောက်ခဲ့ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ မနက် ၈ နာရီလောက်မှာ နိုင်ငံတော်အစီအစဉ်နဲ့ အာဇာနည်ဗိမာန်မှာ သွားရောက်ဂါဝရပြုခဲ့ပြီးတဲ့နောက် တက္ကသိုလ်ရိပ်သာလမ်းနေအိမ်မှာ ဆရာတော်ကြီးတွေကို ဆွမ်းကပ်တရားနားခဲ့တာဖြစ်ပါတယ်။

No comments: