Saturday, July 20, 2013

မကြာမီရက်ပိုင်းအတွင်း အထက်ပိုင်းဒေသတွေပါ မိုးပိုလာနိုင်ပါတယ်။

Weather News Update

၂၀-၇-၂၀၁၃

(၁) (၂၀-၇-၂၀၁၃)ရက် နံနက်အစောပိုင်းအချိန်အထိ လွန်ခဲ့တဲ့ရက်သတ္တပတ်အတွင်း (က) မိုးရေချိန် ၆၀ မမ(၂.၄ လက်မ)နဲ့ အထက် ရွာသွန်းခဲ့တဲ့ဒေသကတော့ ဧရာဝတီ တိုင်းတောင်ပိုင်း နဲ့ ရန်ကုန်တိုင်းတောင်ပိုင်း၊ တနင်္သာရီတိုင်းတောင်ပိုင်း အစွန်း တို့ဖြစ်ကြပါတယ်။
(ခ) အလယ်ပိုင်းဒေသများဖြစ်တဲ့ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းတို့အပြင် စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ် ရခိုင်ပြည်နယ်၊ ပဲခူးတိုင်းမြောက်ပိုင်း၊ ကယားပြည်နယ်၊ှရှမ်းပြည်နယ်မြောက်ပိုင်း နဲ့တောင်ပိုငးဒေသတွေဟာ မိုးရေချိန် (၁)လက်မအောက်သာ ရရှိခဲ့ကြပါတယ်။
(ဂ) ကျန်ဒေသတွေကတော့ မိုးရေချိန် (၁-၂.၄ လက်မ)အတွင်းရရှိခဲ့ကြပါတယ်။

(၂) (၂၀-၇-၂၀၁၃)ရက် နံနက်အစောပိုင်းအချိန်အထိ (၂၄)နာရီအတါင်း မိုးရေချိန် (၁.၄ လက်မမှ ၃ လက်မအထိ)ရွာသွန်းခဲ့သောဒေသများမှာ စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ကချင်ပြည်နယ်၊ ဧရာဝတီတိုင်းတောင်ပိုင်း၊ ရန်ကုန်တိုင်းတောင်ပိုင်း၊ ပဲခူးတိုင်းတောင်ပိုင်း၊ မွန်ပြည်နယ်မြောက်ပိုင်း နဲ့ ကရင်ပြည်နယ်မြောက်ပိုင်း တို့ဖြစ် ကြပါတယ်။

(၃) နေရာကွက်မိုးကြီးမှုကြောင့် (၂၀-၇-၂၀၁၃)ရက် နံနက်အစောပိုင်းအချိန်တွင် ဧရာဝတီတိုင်းတောင်ပိုင်း၊ ရန်ကုန်တိုင်းတောင်ပိုင်း နဲ့ ပဲခူးတိုင်းတောင်ပိုင်း တို့မှာ ရေဖုံးလွှမ်းနိုင်မှုအလားအလာမြင့်မားလာတာကို တွေ့ရပါတယ်။

(၄) ဇူလိုင်လ(၂၃-၂၅)ရက်အတွင်းကာလဟာ မိုးကောင်းမယ့် စွတ်စိုကာလ(wet spell period) တစ်ခု ဖြစ်လာနိုင်ပါတယ်။ ဒီကာလအတွင်း မြန်မာနိုင်ငံ အာက်ပိုင်း ဒေသများသာမက အလယ်ပိုင်းနဲ့ မြောက်ပိုင်းဒေသများပါ မိုးကောင်းစွာ နေရာအနှံ့အပြား မိုးရွာဖို့ သေချာမှု ၈၀% ရှိတဲ့အပြင် (၂၄)နာရီ မိုးရေချိန်ကလည်း (၂)လက်မခန့်အထိ ရနိုင်ပါတယ်လို့ ခန့်မှန်းရပါတယ်။

အဲဒီအခါမှာတော့ ကျွန်တော် တစ်ခါကပြောခဲ့သလို မိုးလိုနေတဲ့ အလယ်ပိုင်း ဒေသအဖို့တော့ သတင်းကောင်းဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် ရေတွေနဲ့ အိုင်နေတဲ့ မြစ်ဝကျွန်းပေါ်ဒေသ အဖို့တော့ ရေဖုံးလွှမ်းမှု အန္တရာယ်ဘေးကို ခက်ခက်ခဲခဲ ဖြတ်သန်းရမယ့်ကာလတစ်ခုဖြစ်လာနိုင်ပါတယ်။

"လူ့အလို နတ်မလိုက်နှိုင်" လို့ ဆိုထားတယ် မဟုတ်လားဗျာ။

ဒေါက်တာထွန်းလွင်

No comments: