ဆရာတော် ဦးဝီရသူ၏တရားပွဲအနီးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားစေရန်အတွ က်
လုပ်ကြံသောသူကိုသိရှိကြောင်း၊ မန္တလေးတိုင်း မစိုးရိမ်တိုက်သစ်
ဓမ္မသဟာယကျောင်း နာယက ဆရာတော်ဦးဝီရသူက ရန်ကုန် တိုင်းမ်သတင်းစာ သို့
မိန့်သည်။
''ဒီကိစ္စကို ဘယ်သူလုပ်လဲ ဆိုတာ အသိသာကြီးပါ။ အသံဖိုင်
တွေ၊ ဗီဒီယိုဖိုင်တွေလဲ ရှိတယ်။ ဦးပဉ္ဇင်းရဲ့ဖေ့စ်ဘုတ်ခ်မှာ တင် ထားတယ်။
ပြည်သူတွေလက်ထဲ မှာလဲရှိတယ်။ သိပေမယ့် လက် စားချေ တုံ့ပြန်မှုလုပ်တာမျိုး၊ ဥ
ပဒေမဲ့လုပ် ရပ်မျိုးတွေ လုပ်သွား မှာမဟုတ်ဘူး''ဟု ဆရာတော်က မိန့်သည်။
ဆရာတော်သည် ယခုလ ၂၁ရက်က မန္တလေး မဟာအောင် မြေမြို့နယ် ၃၆လမ်း၊ ၈၄* ၈၅
လမ်းကြားတွင် 'ဆွေမျိုးဆိုတာ များလေကောင်းလေ'တရားဟော နေစဉ် ည ၉နာရီခန့်တွင်
မဏ0x081ဍပ် နောက်ကျောမှ ဗုံးပေါက်ကွဲမှုဖြစ် ပေါ်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ဗုံးပေါက်ကွဲမှုဖြစ် စဉ်ကြောင့် ကိုရင်တစ်ပါးနှင့် လူ
လေးဦးဒဏ်ရာရရှိခဲ့ပြီး ယခုအ ချိန်တွင် ၄င်းတို့လေးဦးသည်ဆေးရုံ
တက်ကုသနေကြောင်း သိရသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်
၍ဆရာတော်ဦးဝီရသူက ''ဦးပဉ္ဇင်း ဒီလို လုပ်ကြံခံ ရလို့ ပြည်သူ
တွေကမခံနိုင်လို့ ဥပဒေမဲ့တုံ့ပြန် မှုလုပ်ရပ်မျိုးတွေ လုံးဝမလုပ်ကြ
ဖို့ပြောချင်တယ်။
ဒေါသပေါက် ကွဲပြီး မဆီမဆိုင်ကိစ္စတွေ မလုပ် ကြဖို့၊ ဥပဒေဘောင်ထဲကနေပဲ လုပ်ဆောင်ကြဖို့အတွက် တိုက် တွန်းချင် ပါတယ်''ဟု မိန့်သည်။
ရန်ကုန်တိုင်းဒေသကြီး ဘာသာပေါင်းစုံ ချစ်ကြည်ရေး အဖွဲ့ အမှုဆောင်အဖွဲ့ဝင်
ဦးစော ဂျေးရှေက ''ဆူပူမှုတစ်ခုကို လုပ် ကြံဖန်တီးနေ တယ်လို့ ထင်ပါ တယ်။
တစ်ဖက်က အကောင်းတွေ ကို လုပ်ဆောင်နေတဲ့ အချိန်မှာ လိုက်ဖျက်ဆီးနေတဲ့
အဆိုးတွေ ရှိ တတ်တယ်။ ဒါကြောင့် အဖျက် အမှောင့်တွေ ဝင်မလာအောင်
ဝိုင်းဝန်းကာကွယ်တားဆီးဖို့ လို နေပြီ''ဟု ပြောသည်။
အဂ္ဂမဟာဇောတိက
ဘဒ္ဒန္တ ဇောတိကဆရာတော် ဘဒ္ဒန္တကော သလ္လက ''အခုလိုမျိုးတွေ ပြုလုပ် နေတာဟာ
ရည်ရွယ်ချက် တစ်စုံ တစ်ရာတော့ရှိမယ်။ ယုံကြည်မှု ခိုင်ခိုင်မာမာနဲ့
လျှောက်လှမ်းနေ ပြီး ခံယူချက်တစ်ခုနဲ့ လုပ်ဆောင် နေတဲ့သူကို ပစ်မှတ်ထားပြီး
လုပ် တာက ရည်ရွယ်ချက် ကြီးကြီးမား မားကို ရှိရမယ်''ဟု မိန့်သည်။
ယင်းသို့ လုပ်ကြံခံရခြင်းနှင့် ပတ်သက်၍ ဆရာတော်၏အနီး တွင် လုံခြုံရေးများ
တိုးမြှင့်ချထား ခြင်းမရှိကြောင်း၊ ယခင်လို သွား မြဲလာမြဲအတိုင်းသာ
သွားလာနေ ကြောင်း၊ တရားပွဲများကိုလည်း ဖျက်သိမ်းခြင်းမရှိကြောင်း မိန့်သည်။
''လုံခြုံရေးတွေ ဘာတွေ ဘာမှ မလုပ်ထားပါဘူး။ ခါတိုင်း သွားနေကျ
ပုံစံအတိုင်းပဲ။ လုပ် ကြံချင်ရင်လဲ လွယ်လွယ်နဲ့ လုပ် ကြံလို့ရပါတယ်။
တရားပွဲကတော့ ဦးပဉ္ဇင်းဘက်က ဖျက်တာမရှိပါ ဘူး။
ဒီနေ့ည မြင်းမူမှာ ဟောမယ့် တရားပွဲ ကိုတော့ သူတို့ဘက်က ဖျက်လိုက်တယ်။ ဘာကြောင့်လဲ တော့မသိဘူး''ဟု မိန့်သည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက် ၍ မန္တလေးတိုင်းဒေသကြီး ရဲတပ် ဖွဲ့မှူးရုံးမှ
ရဲမှူးဦးစိုးငြိမ်းက ''ဒီဖြစ် စဉ်ကို ကျွန်တော်တို့ မနေ့က ပုဒ်မ ၂၈၆ နဲ့
အမှုဖွင့် ထား ပါတယ်။ တရားခံကတော့ စုံစမ်းနေတုန်း ပါ''ဟု
ရန်ကုန်တိုင်းမ်သတင်းစာ သို့ပြောသည်။
ဆက်လက်၍ ယင်းဖြစ်စဉ် သည်
လုပ်ကြံမှုဟု အတိအကျ ပြောလို့ မရကြောင်း၊ ပေါက်ကွဲမှု ဖြစ်သည့်နေရာနှင့်
ဆရာတော် တရားဟော သည့် နေရာသည် ကိုက် ၂၀ ဝန်းကျင်ခန့်ကွာဝေး ကြောင်း၊ ပေါက်
ကွဲမှုဖြစ်သည့် ကားသည်လည်း ဆရာတော်၏ ကားမဟုတ်ကြောင်း၊
ပေါက်ကွဲ မှု
ဖြစ်သည့်အရာသည်လည်း စစ် သုံးဗုံး မဟုတ်ကြောင်း၊ အစအန များကို
စစ်ဆေးခြင်းဖြင့် လက် လုပ်ဗုံးဟု ယူဆရကြောင်း၊ တရား ခံကို
အမြန်ဆုံးဖမ်းဆီးရရှိနိုင်ရန် ဆောင်ရွက်နေသည်။
ရွှေရည်မဉ္ဇူ
The Yangon Times News
ဆရာတော် ဦးဝီရသူ၏တရားပွဲအနီးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားစေရန်အတွ
''ဒီကိစ္စကို ဘယ်သူလုပ်လဲ ဆိုတာ အသိသာကြီးပါ။ အသံဖိုင် တွေ၊ ဗီဒီယိုဖိုင်တွေလဲ ရှိတယ်။ ဦးပဉ္ဇင်းရဲ့ဖေ့စ်ဘုတ်ခ်မှာ တင် ထားတယ်။ ပြည်သူတွေလက်ထဲ မှာလဲရှိတယ်။ သိပေမယ့် လက် စားချေ တုံ့ပြန်မှုလုပ်တာမျိုး၊ ဥ ပဒေမဲ့လုပ် ရပ်မျိုးတွေ လုပ်သွား မှာမဟုတ်ဘူး''ဟု ဆရာတော်က မိန့်သည်။
ဆရာတော်သည် ယခုလ ၂၁ရက်က မန္တလေး မဟာအောင် မြေမြို့နယ် ၃၆လမ်း၊ ၈၄* ၈၅ လမ်းကြားတွင် 'ဆွေမျိုးဆိုတာ များလေကောင်းလေ'တရားဟော နေစဉ် ည ၉နာရီခန့်တွင် မဏ0x081ဍပ် နောက်ကျောမှ ဗုံးပေါက်ကွဲမှုဖြစ် ပေါ်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ဗုံးပေါက်ကွဲမှုဖြစ် စဉ်ကြောင့် ကိုရင်တစ်ပါးနှင့် လူ လေးဦးဒဏ်ရာရရှိခဲ့ပြီး ယခုအ ချိန်တွင် ၄င်းတို့လေးဦးသည်ဆေးရုံ တက်ကုသနေကြောင်း သိရသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက် ၍ဆရာတော်ဦးဝီရသူက ''ဦးပဉ္ဇင်း ဒီလို လုပ်ကြံခံ ရလို့ ပြည်သူ တွေကမခံနိုင်လို့ ဥပဒေမဲ့တုံ့ပြန် မှုလုပ်ရပ်မျိုးတွေ လုံးဝမလုပ်ကြ ဖို့ပြောချင်တယ်။
ဒေါသပေါက် ကွဲပြီး မဆီမဆိုင်ကိစ္စတွေ မလုပ် ကြဖို့၊ ဥပဒေဘောင်ထဲကနေပဲ လုပ်ဆောင်ကြဖို့အတွက် တိုက် တွန်းချင် ပါတယ်''ဟု မိန့်သည်။
ရန်ကုန်တိုင်းဒေသကြီး ဘာသာပေါင်းစုံ ချစ်ကြည်ရေး အဖွဲ့ အမှုဆောင်အဖွဲ့ဝင် ဦးစော ဂျေးရှေက ''ဆူပူမှုတစ်ခုကို လုပ် ကြံဖန်တီးနေ တယ်လို့ ထင်ပါ တယ်။
တစ်ဖက်က အကောင်းတွေ ကို လုပ်ဆောင်နေတဲ့ အချိန်မှာ လိုက်ဖျက်ဆီးနေတဲ့ အဆိုးတွေ ရှိ တတ်တယ်။ ဒါကြောင့် အဖျက် အမှောင့်တွေ ဝင်မလာအောင် ဝိုင်းဝန်းကာကွယ်တားဆီးဖို့ လို နေပြီ''ဟု ပြောသည်။
အဂ္ဂမဟာဇောတိက ဘဒ္ဒန္တ ဇောတိကဆရာတော် ဘဒ္ဒန္တကော သလ္လက ''အခုလိုမျိုးတွေ ပြုလုပ် နေတာဟာ ရည်ရွယ်ချက် တစ်စုံ တစ်ရာတော့ရှိမယ်။ ယုံကြည်မှု ခိုင်ခိုင်မာမာနဲ့ လျှောက်လှမ်းနေ ပြီး ခံယူချက်တစ်ခုနဲ့ လုပ်ဆောင် နေတဲ့သူကို ပစ်မှတ်ထားပြီး လုပ် တာက ရည်ရွယ်ချက် ကြီးကြီးမား မားကို ရှိရမယ်''ဟု မိန့်သည်။
ယင်းသို့ လုပ်ကြံခံရခြင်းနှင့် ပတ်သက်၍ ဆရာတော်၏အနီး တွင် လုံခြုံရေးများ တိုးမြှင့်ချထား ခြင်းမရှိကြောင်း၊ ယခင်လို သွား မြဲလာမြဲအတိုင်းသာ သွားလာနေ ကြောင်း၊ တရားပွဲများကိုလည်း ဖျက်သိမ်းခြင်းမရှိကြောင်း မိန့်သည်။
''လုံခြုံရေးတွေ ဘာတွေ ဘာမှ မလုပ်ထားပါဘူး။ ခါတိုင်း သွားနေကျ ပုံစံအတိုင်းပဲ။ လုပ် ကြံချင်ရင်လဲ လွယ်လွယ်နဲ့ လုပ် ကြံလို့ရပါတယ်။ တရားပွဲကတော့ ဦးပဉ္ဇင်းဘက်က ဖျက်တာမရှိပါ ဘူး။
ဒီနေ့ည မြင်းမူမှာ ဟောမယ့် တရားပွဲ ကိုတော့ သူတို့ဘက်က ဖျက်လိုက်တယ်။ ဘာကြောင့်လဲ တော့မသိဘူး''ဟု မိန့်သည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက် ၍ မန္တလေးတိုင်းဒေသကြီး ရဲတပ် ဖွဲ့မှူးရုံးမှ ရဲမှူးဦးစိုးငြိမ်းက ''ဒီဖြစ် စဉ်ကို ကျွန်တော်တို့ မနေ့က ပုဒ်မ ၂၈၆ နဲ့ အမှုဖွင့် ထား ပါတယ်။ တရားခံကတော့ စုံစမ်းနေတုန်း ပါ''ဟု ရန်ကုန်တိုင်းမ်သတင်းစာ သို့ပြောသည်။
ဆက်လက်၍ ယင်းဖြစ်စဉ် သည် လုပ်ကြံမှုဟု အတိအကျ ပြောလို့ မရကြောင်း၊ ပေါက်ကွဲမှု ဖြစ်သည့်နေရာနှင့် ဆရာတော် တရားဟော သည့် နေရာသည် ကိုက် ၂၀ ဝန်းကျင်ခန့်ကွာဝေး ကြောင်း၊ ပေါက် ကွဲမှုဖြစ်သည့် ကားသည်လည်း ဆရာတော်၏ ကားမဟုတ်ကြောင်း၊
ပေါက်ကွဲ မှု ဖြစ်သည့်အရာသည်လည်း စစ် သုံးဗုံး မဟုတ်ကြောင်း၊ အစအန များကို စစ်ဆေးခြင်းဖြင့် လက် လုပ်ဗုံးဟု ယူဆရကြောင်း၊ တရား ခံကို အမြန်ဆုံးဖမ်းဆီးရရှိနိုင်ရန် ဆောင်ရွက်နေသည်။
ရွှေရည်မဉ္ဇူ
The Yangon Times News
No comments:
Post a Comment