Friday, July 19, 2013

ကန်တော်ကြီးသို့ လူနေရပ်ကွက်များမှ ရေဆိုးဝင်ရောက်မှု မရှိစေရန် ရေလွှဲများ ပြုလုပ်မည်


Saturday, July 20, 2013

ကန်တော်ကြီး အတွင်းသို့ ပြင်ပလူနေ ရပ်ကွက်များမှ စွန့်ပစ်ရေဆိုးများ ၀င်ရောက်ခြင်း မပြုစေရန် ရေလွှဲများ ပြုလုပ်၍ ကာကွယ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ကန်တော်ကြီး အတွင်းသို့ ဘေးပတ်ဝန်းကျင်ရှိ လူနေရပ်ကွက်များမှ စွန့်ပစ်ရေဆိုးမျာ ၀င်ရောက်ခြင်းကြောင့် ကန်၏ရေ အရည်အသွေးများ ကျဆင်းလာပြီး ရေထု ညစ်ညမ်းမှုများ ကြုံနေရ၍ ရေဆိုးများ ထပ်မံ မ၀င်ရောက်စေရန် ရေလွှဲများဖြင့် ကာကွယ်ရခြင်း ဖြစ်ကြောင်း သိရသည်။

''ကန်တော်ကြီးထဲမှာ ရေအရည်အသွေးကို တိုးတက်အောင်လုပ်ဖို့ အစီအမံတွေ ရှိပါတယ်။ စားသောက်ဆိုင်တွေထဲက ထွက်တဲ့ ရေဆိုးတွေကို စီမံခန့်ခွဲမှုအပြင် လူနေရပ်ကွက်တွေထဲက ရေဆိုးစီးဝင်လာမှု တွေကိုလည်း ရေလွှဲတွေနဲ့ ကာကွယ်သွားမှာ ဖြစ်ပါတယ်'' ဟု ဇူလိုင် ၁၇ ရက်က ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် JICA တို့ ပြုလုပ်ခဲ့သော ရန်ကုန်မြို့တော်၏ ရေပေးဝေမှုနှင့် ရေဆိုးစနစ်များဆိုင်ရာ ဆွေးနွေးပွဲတွင် JICA မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

ရေဆိုးများ မ၀င်ရန် ရေလွှဲဆည်များ ပြုလုပ်မည် ဆိုသော်လည်း ဆည်အရေအတွက် မည်မQနှင့် မည်သည့်အချိန်တွင် ပြုလုပ်မည် ဆိုသည်ကိုမူ ထုတ်ပြန်ခြင်း မရှိခဲ့ကြောင်း၊ ကန်မျက်နှာပြင်တွင် အယ်ဂျေးပေါက်ပွားမှုကြောင့် ဖြစ်ပေါ်လာသော အစိမ်းရောင် အဖတ်များမှာလည်း ရေထု ညစ်ညမ်းမှုကို ဖြစ်စေ၍ ဖယ်ရှားနေပြီး သန့်ရှင်းရေး ပြုလုပ်သည့်စက်ကို ဂျပန်အစိုးရမှ ODA ထောက်ပံ့ပေးခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

Eleven Media Group

No comments: