မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။
ဘွဲ့ရ အလုပ် လက်မဲ့ များကို ငါးနှစ်တာ ကာလ အတွင်း သင်တန်း ပေးပြီး Telenor က အဆက် မပြတ် အလုပ် ခန့်ထားမည်
Saturday, July 20, 2013
ပြည်တွင်းရှိ ဘွဲ့ရ အလုပ် လက်မဲ့ များကို ငါးနှစ်တာ ကာလ အတွင်း
သင်တန်းများ ပေးပြီး Telenor ဝန်ထမ်းများ အဖြစ် အဆက် မပြတ် အလုပ်
ခန့်ပေးမည် ဖြစ်ကြောင်း ဆက်သွယ် ရေး
ကုမ္ပဏီ၏ မြန်မာပြည် တာဝန်ခံ ဖြစ်သူ Petter Furberg က ယမန် နေ့က ပြောကြား ခဲ့သည်။
Telenor ဆက်သွယ်ရေး ကုမ္ပဏီ အနေဖြင့် လုပ်ငန်း လိုင်စင် ရရှိရန်
သက်ဆိုင်ရာ ဌာန များနှင့် ညှိနှိုင်း ဆွေးနွေး နေပြီး လိုင်စင် ရရှိ ပါက
ရှစ်လအတွင်း ဆင်းကတ် များ ရောင်းချ ပေး မည် ဖြစ်သည်။ ယင်းသို့ လုပ်ဆောင်
နိုင်ရေး အတွက် ကွန်ရက်များ ချိတ်ဆက် ဆောင်ရွက် နိုင်ရန် ပြည်တွင်း
ကုမ္ပဏီ များနှင့် ပူးပေါင်း လုပ်ဆောင် နေကြောင်း သိရသည်။
ဆက်သွယ်ရေး အော်ပရေတာ စနစ် လုပ်ကိုင်ခွင့် လိုင်စင် ရရှိပါက ဝန်ထမ်းများ
ခေါ်ယူပြီး သင်တန်းများ ပေးသွား မည်ဖြစ်သည်။ Telenor ကုမ္ပဏီ အနေဖြင့်
တစ်နှစ် အတွင်း တစ်နိုင်ငံလုံး 2G, 3G ရရှိမည် ဖြစ်ပြီး ငါးနှစ် အတွင်း
အင်တာနက်နှင့် အချက် အလက် ရယူမှု ကို တစ်နိုင်ငံလုံး အသုံးပြု နိုင်ရန်
ဆောင်ရွက် သွားမည် ဖြစ်သည်။
အဆိုပါ တပ်ဆင်ကာ လငါး နှစ်အတွင်း
ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်း များတွင် လိုအပ်သော လုပ်သား အင်အားကို
ပြည်တွင်း ဘွဲ့ရ အလုပ် လက်မဲ့ များကို သင်တန်း ပေးပြီး ခန့်အပ် ပေးမည်
ဖြစ်ကြောင်း မြန်မာပြည် တာဝန်ခံက ပြောကြား ခဲ့သည်။
ပြည်တွင်း
ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်း လုပ်ကိုင်ခွင့် ရသော Telenor ကုမ္ပဏီသို့
ယခု အချိန်တွင် နိုင်ငံ တကာရောက် မြန်မာ တိုင်းရင်းသား ပြည်သူ များက အလုပ်
ရရှိရန် လျှောက်ထားလျက် ရှိပြီး ၎င်းတို့နှင့်အတူ ပြည်တွင်း ဘွဲ့ရ အလုပ်
လက်မဲ့ များကိုလည်း သင်တန်းများ ပေး၍ ခန့်ထား ပေးမည် ဖြစ်ကြောင်း သိရသည်။
မြ၀တီ
No comments:
Post a Comment