လူမျိုးမတူ၊ ဘာသာ မတူလို့ ဆိုပြီး မနှိမ်နဲ့ ။ သူတို့ က ငါတို့ နိုင်ငံမှာလာနေတဲ့ကုလားတွေဖြစ်တယ်။ တရုတ်တွေဖြစ်တယ်။ လူနည်းစုဖြစ်လို့ ဖိနှိပ်စော်ကားမယ်ဆိုရင် တန်ပြန်အကျိုးသက်ရောက်မှု့ တွေက ကြောက်စရာကောင်းတယ်။ ခွေးတောင်ဂျောင်ပိတ်ပြီး ရိုက်ရင် ပြန်ကိုက်သေးတာပဲ။ လူဆိုတာက ခဏတော့ ကြောက်လို့ ငြိမ်နေပေမဲ့ အခွင့်အလမ်းရတာနဲ့ ပြန်ချတဲ့လူချည်းဆိုတာကို သတိထားပါ။
အမေရိကန်၊ အင်္ဂလန်စတဲ့ နိုင်ငံကြီးတွေမှာ အသေခံဗုံးခွဲတာ၊ သေနတ်နဲ့ အစုအလိုက်အပြုံလိုက် ပစ်ထည့်တာ၊ ရုပ်ရှင်ရုံထဲမှာ အော်တိုဆွဲထည့်လိုက်တာတွေကို ကြားဘူးတယ်မှတ်လား။
အဲဒါက အထက်ကပြောတဲ့ နှိမ်တာ၊ ခွဲခြားဆက်ဆံခံရတာများလို့  ပြန်တီးတဲ့ သာဓကတွေပဲ။
ဒါကို အကြမ်းဖတ်တယ်လို့ ခေါ်တယ်။ ဆော်တဲ့ဘက်က ခံစားချက်နဲ့ သူတို့ ဖိနှိပ်ခံရတာကိုလည်းထည့်တွက်ဖို့ လိုတယ်။ နောက်ဆုံး စိတ်ကြီးတဲ့လူတွေက ဘာမှမစဉ်းစားပဲ ဂလဲ့စားချေတာကို မှားတယ်လို့ မပြောနိုင်ဘူး။
အကြမ်းဖတ်ဖို့ အတွက် လုံလောက်တဲ့အကြောင်းပြချက်ရှိနေလို့ အကြမ်းဖတ်တာပဲ။ ဘယ်သူကမှ ခံစားချက်ကြီးကြီးမားမား ပြင်းပြင်းထန်ထန်မရှိရင် အကြမ်းမဖတ်ဘူးဆိုတာကို သဘောပေါက်စေခြင်တယ်။
ကုလားဆိုရင် ချလိုက်၊ တရုတ်ဆိုရင် သတ်လိုက်။ ငါတို့ နိုင်ငံမှာ လာနေတဲ့ကောင်တွေ ငါတို့ ပြောတဲ့အတိုင်းနေဆိုတဲ့ အစွန်းရောက်အယူအဆနဲ့ ၊ Stereotyping ရှိတဲ့လူတွေလုပ်တာနဲ့ ဘာမှ မဆိုင်တဲ့လူတွေ အစုအလိုက်အပြုံလိုက်သေမှာကို စိုးရိမ်တယ်။
ဒါ့ကြောင့် ကိုးခြောက်ကိုး လှုပ်ရှားမှု့ ကို ဆန့် ကျင်နေတာပဲ။ ဒီလှုပ်ရှားမှု့ အားကောင်းလာလေ အမျိုးသားရေးစိတ်ပြန်ထန်လာပြီး၊ ဘာမှာနားမလည်တဲ့ လူငယ်တွေက ဘုန်းကြီးတွေနဲ့ အစွန်းရောက်တဲ့လူကြီးတွေ ကြပ်ပေးတာနဲ့ ပြန်တီးပြန်ချမှာပဲ။ ဒီလိုဖြစ်လေ သွေးခြောင်းဆီးဖို့ များလေ။ ရန်ပွဲဆိုတာက ပန်းနဲ့ ပေါက်ပြီး အခြောက်သံနဲ့  ချမယ်နော်...ထိုးမယ်နော်လို့ ပြောတာမဟုတ်ဘူး။
ဒီအကျိုးဆက်ကို သိသိကြီးနဲ့  သံဃာတွေအနေနဲ့ ဘာသာရေးအစွန်းရောက်၊ အမျိုးသားရေးအစွန်းရောက်နေတာကို ရပ်တန်းက ရပ်ဖို့ လိုနေတယ်။ မရပ်ဘူးဆိုရင် အစိုးရက ရပ်အောင်လုပ်မှ ရတော့မယ်။
တဖြည်းဖြည်းနဲ့ ကိုယ့်ဘာသာနဲ့ ကိုယ့်လူမျိုးကို ကာကွယ်ဖို့ ပြောရင်းနဲ့ တဖက်ဘာသာနဲ့ လူမျိုးတွေရဲ့ ဂုဏ်သိက္ခာ၊ အသက်ရှင်နေထိုင်ခွင့်၊ အခွင့်အရေးကို ထိပါးနေပြီ။
မခံနိုင်တဲ့တနေ့  ခံရတဲ့လူတွေ လက်စားချေမှာကို သိဖို့ လိုတယ်။
တနေ့ မှာ ဦးဝိရသူလိုဘုန်းကြီးမျိုးတွေရဲ့ ဗိုက်ထဲ ဓားမ၀င်ဘူးပြောနိုင်လား။ အစိုးရနေပြည်တော်ရုံးကြီးမှာ အသေခံဗုံးခွဲတာမဖြစ်နိုင်ဘူးလား။ ဘုန်ကြီးကျောင်းထဲအထိ သေနတ်နဲ့ အော်တိုဆွဲတာ မလာနိုင်ဘူးလား။
ခံရတာများ၊ ဖိနှိပ်တာများ၊ ကျစရာဂုဏ်သိက္ခာမရှိတဲ့လူတွေမှာ စွန့် လွှတ်စရာ ငှဲ့ စရာဘာမှ မရှိတော့ဘူး။
ကြောက်စရာအရမ်းကောင်းတယ်ဗျို့ ။
--
Thanks for sending!!!
Phone Kyaw
No comments:
Post a Comment