မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။
ကျည်ဆံရောင်းသူများကို ပလက်ဝနယ်တွင် ထပ်မံဖမ်းဆီးရမိ
Link >>> http://chinworld.info/8_Paletwa2.html
ခူးတေဇ
Chin World Media
July 10, 2013
ပလက်ဝ၊ ဇူလိုင် ၁၀ — ချင်းပြည်နယ်ပလက်ဝမြို့နယ်တွင် ကျည်ဆံရောင်းထုတ်မှုနှင့် ပတ်သက်၍ နောက်ဆက်တွဲတရားခံ များကို ဆက်လက် ဖမ်းဆီးမိပြီး ကျည်ဆံများကိုဝယ်ယူသူများမှာ ဘင်္ဂလား ဒေရှ့်သို့ထွက်ပြေးလွှတ်မြောက်သွားကြောင်း သတင်းရရှိသည်။
ပြင်ပသို့ ကျည်ဆန် ထုတ်ရောင်းထုတ်သည့် ကျောက်တော်မြို့မှ ဒေါ်မအေးကြည်နှင့်
အဆက်စပ်ရှိ သူများထဲတွင် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် နေထိုင်သော
ရခိုင်အမျိုးသားများဖြစ်ကြသော
ဦးလှကြာမောင်နှင့် ဦးခင်မောင်တို့အပြင် ထွက်ပြေး တိမ်းရှောင်ရန်
ကြိုးစားသူဟုယူဆရသော ဦးအောင်သာဖြူ အသက် – ၅၆နှစ်ရှိသူ ပလက်ဝ မြို့နယ်၊
ခမောင်းဝရွာသားတစ်ဦးကိုလည်း ထပ်မံဖမ်း ဆီးလိုက်ပြီဖြစ်သည်။
ဦးအောင်သာဖြူသည် ပလက်ဝမှ ၈-၇-၂၀၁၃နေ့ တက်လာသော ဦးအောင်ညွှန့်လှိုင်းစက်လှေဖြင့်
တရွန်အိုင်သို့ လိုက်ပါခဲ့ရာ ၉-၇-၂၀၁၃ နေ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊
နူံးဘူးရွာအနီး စက်လှေပေါ်တွင် ပလက်ဝမြို့နယ်ပြည်သူ့ရဲအဖွဲ့က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရဲဝန်ထမ်းတစ်ဦး၏ ပြောပြချက်အရသိရသည်။
တရားခံ နောက်တစ်ဦးဖြစ်သော ဦးကျော့မောင်အသက်(၃၅)နှစ်ကို
နယ်မြေခံတပ်ရင်းက ခမောင်းဝ ရွာတွင်ပင် ၈-၇-၁၃ နေ့က ဖမ်းဆီးရမိပြီး
ကျည်ဆံရောင်းထုတ်မှုတွင် ဆက်စပ်နေသော ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ
ရခိုင်အမျိုးသား တရားခံ (၄) ဦးကို ယမန်နေ့က ကျောက်တော်သို့
သီးသန့်စက်လှေဖြင့် ပို့ဆောင်ခဲ့ပြီး၊ ပြစ်မှုကျူးလွန်ခြင်းနှင့် ပတ်သက်၍
စစ်ဘက်စုံစမ်းစစ်ဆေးရေးဖြင့် စစ်ဆေးမည်ဖြစ် ကြောင်း သိရှိရသည်။
ခမောင်းဝရွာသည် ပလက်ဝမြို့နယ်၊ ဥဿလင်းချောင်းထဲတွင်တည်ရှိပြီး ဘင်္ဂလားဒေရှ့်နယ်စပ်ထဲသို့ ခြေကျင်ဖြင့် သွားရန်နေ့ဝက်ခန့် ခရီးအကွာတွင်ရှိသည်။
ပစ္စည်းလက်ဝယ်ရှိသူ တရားခံမှာ ဘင်္ဂလားဒေရှ့်သို့ ထွက်ပြေးလွှတ်မြောက်သွားပြီဖြစ်ကြောင်းနှင့်
ဖမ်းဝရန်းထုတ်ထားသော ဦးသိမ်းမောင် ၊ ဦးလှထွန်း(မီးလက်ဝ) တို့ကို
ဆက်လက်ဖမ်းဆီးနိုင်ရေး ရဲတပ်ဖွဲ့မှ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
No comments:
Post a Comment