Wednesday, July 10, 2013

ဘရိတ် နဲ့ လီဗာ

ဘရိတ် နဲ့ လီဗာ
**********
ဒီလိုဗျ၊ ဆရာညိုရ၊

အွန်လိုင်းပေါ်က မျိုးချစ်သမားတွေ ဆဲတာကိုကောင်းတယ်လို့ ဆိုလိုတာတော့ မဟုတ်ဘူး။

အစွန်းရောက်တယ်လို့ ဘယ်လို အနေထားမျိုးမှာ သတ်မှတ်သင့်သလဲ ဆိုတဲ့ နေရာမှာ conflict ဖြစ်တာ။

ဥပမာ ပြောရရင်ဗျာ . . .
ဘင်္ဂလီတွေကြားထဲမှာနေရတဲ့ ရခိုင်လူမျိုးတစ်ယောက်ရဲ့ မျိုးချစ်စိတ်ဟာ သာမန် လူ့အဖွဲ့စည်းတွင်းက လူတစ်ယောက်မှာ ရှိအပ်တဲ့ မျိုးချစ်စိတ် ရေချိန်နဲ့ တိုင်းရင် အစွန်းရောက် အမှတ်ကို ပြနေမှာ မလွဲဘူး။

ဒါပေမယ့် သူ့ရဲ့ မျိုးချစ်စိတ် ရေချိန်ဟာ သူ့နေထိုင်တဲ့ ကာလ ဒေသ နဲ့ ကိုက်ညီမှု ရှိပြီး ရှိသင့်တဲ့ အနေထားမှာ ရှိနေတာကို လက်ခံရမယ်လေ။

ဆိုလိုချင်တာကတော့ လူ့အခွင့်ရေး၊ လစ်ဘရယ်လိုက်ဇေးရှင်း နဲ့ ဂလိုဘယ်လိုက်ဇေးရှင်းကို တပြေးညီ ပွင့်လင်းဖြစ်ထွန်းအောင် အကောင်ထည်ဖော်နိုင်ဖို့ဆိုရင် အဲဒါတွေကို အကောင်ထည်ဖော်မယ့် ကာလ ဒေသ တွေရဲ့ အခြေနေဟာ အရင်ဆုံး တပြေးညီ ကောင်းမွန် ဖွံ့ဖြိုး မှု ရှိသင့်တယ် လို့ ဆိုလိုချင်တာပါ။

ရခိုင်ဒေသရဲ့ ဘင်္ဂါလီ လွှမ်းမိုးရာ ဒေသ အခြေနေတွေကို အရင်မျှော်ကြည့်စမ်းပါဦး။ တရားဥပဒေစိုးမိုးမှု အနေထား ကောင်းရဲ့လား။ မြန်မာစာစကားကိုလည်း မသိ၊ နားမလည်သူတွေများ၊ မြန်မာ့ ယဉ်ကျေးမှုနဲ့ဆို ဝေလာဝေး။ ဒေါ်စု နဲ့ ဦးသိန်းစိန်ကိုလဲမသိပဲ ပါကစ္စတန် အဓွန့်ရှည်ပါစေ အော်နေသူတွေကြားထဲမှာ ဂလိုဘယ်လိုက်ဇေးရှင်းနဲ့ လူ့အခွင့်ရေးကို ရခိုင်တွေကို မျက်နှာလွှဲပြီး ဘယ်လိုပုံစံတွေနဲ့ များအကောင်ထည် ဖော်ရမလဲ။

ဖွံ့ဖြိုးပြီးနိုင်ငံတွေရဲ့ လူ့အခွင့်ရေး စံနှုန်း၊ လစ်ဘရယ် စံနှုန်းတွေကိုသာ မျှော်ကြည့်ပြီး တရားဥပဒေစိုးမိုးမှု၊ စီးပွားရေးဖွံ့ဖြိုးမှု နဲ့ အချုပ်အခြာ လွှမ်းမိုးနိုင်မှုတွေမှာ သူတို့ကိုမှီအောင် မလုပ်နိုင်သေးတာတွေကို မေ့ထားမယ်ဆိုရင် ကျနော်တို့ရဲ့ လစ်ဘရယ်လိုက်ဇေးရှင်း၊ ဒီမိုကရက် တိုက်ဇေးရှင်း ဘရိတ် ပေါက်သွားမယ်။ ဒါမှ မဟုတ် မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေ အများကြီးထွက်ပေါ်လာနိုင်တယ် လို့ ဆိုလိုချင်တာပါ ဆရာ Nyo Minkhet ၊၊

လူ့အခွင့်ရေးပန်းတိုင်၊ နိုင်ငံသားအားလုံးသာတူညီမျှ ပန်းတိုင်ကို သွားမယ်ဆိုရင် ဟန်ချက်က အရမ်းအရေးကြီးတယ်လို့ ထင်ပါတယ် ဆရာ။ ကျနော်တို့ လှေကားထစ်တွေ ကျော်တက်ရင် လိမ့်ကျ မှာ အမှန်ပါပဲ။

လူ့အခွင့်ရေး သမားတွေ၊ လစ်ဘရယ် သမားတွေ၊ ဒီမိုကရက်တိုက်ဇေးရှင်းသမားတွေ သွားနေကြတဲ့ ပန်းတိုင်ဟာ မသင့်တော်ဘူးလို့ မဆိုလိုပါ။ ဒါပေမယ့် ကိုယ့်ဒေသရဲ့ အခြေနေကို မေ့ထားပြီး လီဗာကို လွှတ်ပုတ်ရင် ကျနော်တို့ လူနေမှု ဘ၀တွေ အတွက် ၀န်နဲ့ အား မမျှသလို ဖြစ်မှာ စိုးထိတ်မိပါတယ်။

ဒါကြောင့် မို့ ယခုလို အချိန်မှာ လွှတ်ပုတ်မယ့် လီဗာကို ထိန်းပေးနိုင်မယ့် ဘရိတ်ဟာ အမျိုးသားရေး လှုပ်ရှားမှုတွေ ပဲလို့ မြင်ပါတယ်။ မျှမျှတတ ဟန်ချက်ထိန်းနိုင်ကြပါစေလို့ ဆုတောင်းနေမိပါတယ်ဗျာ။

ကိုယ်နဲ့ မတန်တဲ့ စကားကြီး စကားကျယ်တွေ လျှောက်ပြောပြီး ဆရာတို့ကို ကာပြန်မိသလို ဖြစ်သွားတဲ့ ခွင့်လွှတ်တော်မူကြပါ ဆရာတို့။

တပည့်ငယ်

ကွန်းဇော် အညာမြေ

No comments: