“ ယနေ့ ကျရောက်သော (၆၆)နှစ်မြောက် အာဇာနည်နေ့
ဇူလိုင်လ၊ ၁၉ ရက် မွန်းလွဲ ၂း၀၀နာရီက ၈၈မျိုးဆက်
(ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ကိုမင်းကိုနိုင်
ဦးဆောင်သော ၈၈-မျိုးဆက်များ၊ ရှစ်လေးလုံး
ဒီမိုကရေစီအရေးတော် ငွေရတု အခမ်းအနား ကျင်းပရေး
ကော်မတီဝင်များ၊ ကျောင်းသားသမဂ္ဂများဖြစ်ကြသော
ဗ.က.သ၊ တ.က.သ၊ မ.က.သ အဖွဲ့ဝင် ကျောင်းသား
ကျောင်းသူများသည် စုပေါင်း၍ ရွှေဂုံတိုင် ယုဇန
ဟိုတယ်ရှေ့မှ အာဇာနည်ဗိမာန်သို့ချီတက် အလေးပြု
ခဲ့ကြသည်။ ထိုသို့ချီတက်အလေးပြုရာတွင် လွမ်းသူ့
ပန်းခွေများ၊ ပန်းခြင်းများကို ဗိမာန်သို့ ယူဆောင်ခွင့်
တားဆီးပိတ်ပင်ခံခဲ့ရသဖြင့် လမ်းခုလတ်တစ်နေရာ
တွင်ပင် အာဇာနည်ကြီးများအား ရည်စူးကာ
လွမ်းသူ့ပန်းခွေချ အလေးပြုခဲ့ကြရသည်။ ”
- ၈၈-မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း
ဇူလိုင်လ၊ ၁၉ ရက် မွန်းလွဲ ၂း၀၀နာရီက ၈၈မျိုးဆက်
(ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလ
ဦးဆောင်သော ၈၈-မျိုးဆက်များ၊ ရှစ်လေးလုံး
ဒီမိုကရေစီအရေးတော် ငွေရတု အခမ်းအနား ကျင်းပရေး
ကော်မတီဝင်များ၊ ကျောင်းသားသမဂ္ဂများဖြစ်ကြသော
ဗ.က.သ၊ တ.က.သ၊ မ.က.သ အဖွဲ့ဝင် ကျောင်းသား
ကျောင်းသူများသည် စုပေါင်း၍ ရွှေဂုံတိုင် ယုဇန
ဟိုတယ်ရှေ့မှ အာဇာနည်ဗိမာန်သို့ချီတက် အလေးပြု
ခဲ့ကြသည်။ ထိုသို့ချီတက်အလေးပြုရာတွင် လွမ်းသူ့
ပန်းခွေများ၊ ပန်းခြင်းများကို ဗိမာန်သို့ ယူဆောင်ခွင့်
တားဆီးပိတ်ပင်ခံခဲ့ရသဖြင့် လမ်းခုလတ်တစ်နေရာ
တွင်ပင် အာဇာနည်ကြီးများအား ရည်စူးကာ
လွမ်းသူ့ပန်းခွေချ အလေးပြုခဲ့ကြရသည်။ ”
- ၈၈-မျိုးဆက်ငြိမ်းချမ်းရေးနှင့်
ရွှေတောင်ကုန်း ဆရာတော်ကြီးအား သင်္ဃန်းကပ်လှုစဉ်...




မိတ္ထီလာမြို့ အာဇာနည်ကျောက်တိုင်တွင် ၆၆ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ကျင်းပနေစဉ်


မြ၀တီမြို့ အမှတ်(၁) ရပ်ကွက်၊မြ၀တီ မင်းကြီးဦးစ ပန်းခြံ


မကွေး - Magway










ဥသြဆွဲဖို့ အသင့်ပြင်ထားတဲ့ မီးသတ်ကားများ

ဗဟိုအစိုးရက
အာဇာနည်နေ့မနက်ပိုင်း ခဏတာ ဥသြဆွဲဂုဏ်ပြုဖို့ အခွင့်အရေးကို
လက်လွှတ်ခဲ့ပေမယ့် ဧရာဝတီတိုင်းအစိုးရကတော့ ဥသြဆွဲ ဂုဏ်ပြုခဲ့ပါတယ်။
“ ဥသြသံရဲ့အဆုံး “
ပြည်သူလူထုကအာဇာနည်နေ့မှာဥသြဆွဲ သံကိုရင်ထဲက တောင့်တနေကြတယ်၊အဲဒါကိုကျောင်းသားလူငယ်လေးတွေကဦးဆောင်ပြီး ပြည်သူ့ဆန္ဒကိုတတ်နိုင်သလောက် ဖြည့်ဆည်းဖော်ဆောင်ပေးကြတယ်၊အရေးအကြောင်းဆိုရင် သူတို့လေးတွေလမ်းမတွေပေါ်ကိုထွက် လာတတ်ကြတယ်၊ကျောင်းသားလူငယ်လေးေ တွပါ၊
“ ၈၈” အရေးအခင်းရဲ့ အကြိုကာလတွေကိုစတင်မွေးဖွားပေးခဲ့တာလည်း
သူတို့လေးတွေပါ၊( ၉ တန်း၊ ၁၀တန်း ခလေးတွေ ) လွယ်အိတ်ထဲမှာ အလံကို လူမသိအောင်
ထည့်ပြီးလူစည်ကားတဲ့ နေရာတွေကိုရောက်မှအိတ်ထဲကအလံကို ထုတ်၊နီးရာဝါးလုံးနဲ့ချည်နှောင် ဝှေ့ရမ်းပြီးလူစု၊ပြီးတော့ လူထုရင်ထဲက မပြောရဲတဲ့ အကြောင်းတွေကိုလူထုကိုယ်စား ထုတ်ဖော်ဟစ်ကြွေးရင်းဆန္ဒပြခဲ့ကြ တာတွေကို ဒီမနက်မြင်ကွင်းကပြန်လည်သတိရစေခဲ့ပါတယ်။
အတိတ်ကိုရောက်သွားတဲ့စိတ်တွေက ၀မ်းနည်းခြင်း၊နာကျင်ခြင်း၊
တွေကိုချန်ထားခဲ့ပါတယ်၊ကိုယ့်လိ ပ်ပြာကိုယ်မလုံသလိုလို၊ရှက်သလို လိုလည်းဖြစ်မိပါရဲ့၊
တဆက်တည်းမှာပဲလွှတ်တော်ထဲမှာပါးစ ပ်တွေပိတ်ပြီးအိပ်ငိုက်နေသူတွေကိုလည်း စိတ်ထဲက ထပ်ကာတလဲလဲ ကြိမ်ဆဲနေမိပါတော့၏…………….။
ပြည်သူလူထုကအာဇာနည်နေ့မှာဥသြဆွဲ
“ ၈၈” အရေးအခင်းရဲ့ အကြိုကာလတွေကိုစတင်မွေးဖွားပေးခ
သူတို့လေးတွေပါ၊( ၉ တန်း၊ ၁၀တန်း ခလေးတွေ ) လွယ်အိတ်ထဲမှာ အလံကို လူမသိအောင်
ထည့်ပြီးလူစည်ကားတဲ့ နေရာတွေကိုရောက်မှအိတ်ထဲကအလံကို
အတိတ်ကိုရောက်သွားတဲ့စိတ်တွေက ၀မ်းနည်းခြင်း၊နာကျင်ခြင်း၊
တွေကိုချန်ထားခဲ့ပါတယ်၊ကိုယ့်လိ
တဆက်တည်းမှာပဲလွှတ်တော်ထဲမှာပါးစ






၄၁လမ်း ကျောက်ဝိုင်း မှာလည်း ဒီလို အလေးပြုကြပါတယ်

ဦးအုန်းမောင်၏ ဇနီး ကန်တော့ပြီး ခြေလှမ်း ဆယ်လှမ်းလောက် လှည့်ထွက်ပြီးမှ သမင်လည်ပြန်လေးတချက်ပြန်ကြည့်နေပုံ

၆၆နှစ်မြောက်အာဇာနည်နေ့
အခမ်းအနားအား နှစ်၂၀ ကျော်အတွင်း ပထမဆုံးအကြိမ် အဖြစ် မြန်မာ့တပ်မတော်မှ အဆင့်မြင့်အရာရှိကြီးများတက်ရောက်ခဲ့
အခမ်းအနားအား နှစ်၂၀ ကျော်အတွင်း ပထမဆုံးအကြိမ် အဖြစ် မြန်မာ့တပ်မတော်မှ အဆင့်မြင့်အရာရှိကြီးများတက်ရောက်ခဲ့

၆၆ နှစ်မြောက် အာဇာနည်နေ့ကို မြောင်းမြအနှေးယာဉ်အဖွဲ့  မိသား စုမှ လာရောက်အလေးပြုနေစဉ်။

၆၆နှစ်မြောက် အာဇာနည်နေ့အခမ်းအနား အာဇာနည်ဗိမာန်မှာအမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် လွမ်းသူပန်းခွေချ ဂုဏ်ပြုစဉ်။

အပစ်ပါယ်ခံရွာသားများက အာဇာနည်ခေါင်းဆောင်များ အလေးပြုဖို့ ပန်းကုံး ကိုယ်စီဖြင့် ယူဆောင်လာပြီး ချီတက်လာကြပါတယ်
ttps://www.facebook.com/kyaw.s.myint.9/media_set?set=a.4642986292810.1073742024.1837705431&type=1

၆၆ နှစ်မြောက်အာဇာနည်နေ့ (မုံရွာ)

(ဓာတ်ပုံ - အောင်နေမျိုး)
Popular Myanmar News Journal
၆၆ နှစ်မြောက် အာဇာနည်နေ့ (မြိတ်)
အာဇာနည်နေ့ အခမ်းအနားချီတက်အလေးပြုမည့် အလံကိုင်အဖွဲ့ အတွင်းသို့ လူတစ်ဦး အတင်းပြေးဝင်လာပြီး နိင်ငံတော်အလံအား ဆုတ်ဖြဲရန် ကြိုးစားခဲ့ရာ အနည်းအကျဉ်း ရုတ်ရုတ်သဲသဲဖြစ်သွားခဲ့ရပါသည်။ထိုသူအား ဘေးပါတ်ဝန်းကျင်ရှိ လုံခြုံရေးအဖွဲ့မှ အနီးရှိ တာဝန်ကျ ရဲများထံ အပ်နှံခဲ့ပါသည်။
အာဇာနည်နေ့အခမ်းအနားအား ဌာနဆိုင်ရာများ လုံးဝ တက်ရောက်ခြင်း မရှိပဲ ၊ မြိတ်မြို့နယ် NLD၊ မြိတ်ခရိုင် ၈၈ မျိုးဆက် (ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)၊ မြိတ်တက္ကသိုလ်များ ကျောင်းသားသမဂ္ဂ နှင့် အောင်မင်္ဂလာရပ်ကွက် ပြည်သူကိုယ်စားပြု လွမ်းသူပန်းခွေချ ချီတက်အလေးပြုခဲ့ရာတွင် ပြည်သူများအပါအဝင် စုစုပေါင်း လူထုအင်အား ၆၀၀ ကျော်ခန့် တပ်ဆင်ကြလျက် တက်ရောက် အလေးပြုခဲ့ပါသည်။
ကိုတုတ်
by Myanmar News Now
၆၆ နှစ်မြောက် အာဇာနည်နေ့ (ထားဝယ်)
ထားဝယ် အာဇာနည်နေ့ အခမ်းအနား
ဒီကနေ့ ကျရောက်သော အာဇာနည်နေ့၌ ထားဝယ်မြို့ အာဇာနည် လမ်းပေါ်ရှိ
ဗိုလ်ချုပ်ကြေးရုပ် အရှေ့၌ ၁၀း၃၀ နာရီခန့်တွင် NLD အဖွဲ့ဝင်များ၊
၈၈မျိုး ဆက် ကျောင်းသားများ။ ကျောင်းသား သမဂ္ဂ အဖွဲ့ဝင်များ၊ ထားလယ်သမားများ
ကွန်ရက် အဖွဲ့ဝင်များ၊ ထားဝယ်လူ့အခွင့်အရေး စောင့်ကြည့်မှု
ကွန်ရက်အဖွဲ့ဝင်များ။ CSOအဖွဲ့ဝင် များနှင့် ပြည်သူလူထု(၁၀၀) ခန့် တက်ရောက်
အလေးပြုကြပြီး (၁၀း၃၇)နာရီခန့်တွင် တစ်မီနှစ်ခန့် ငြိမ်သက်စွာ ရပ်ကာ
ဂါရ၀ပြုကြသည်။
သည့်နောက်ထားဝယ်ဆေးရုံကြီး အောက်စီဂျင်စက် ဖြစ်မြောက်ရေး အတွက် ထားဝယ်လူ့အခွင့် အရေးစောင့်ကြည့် မှု ကွန်ရက်နှင့် လယ်သမားများ ကွန်ရက်တို့က အာဇာနည်ကြီးများအား ရည်စူး ကာ အလှူငွေ(၉၀၀၀၀၀)ကျပ် ကိုသွားရောက် လှူဒါန်းခဲ့ကြသည်။
ထားဝယ်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂနှင့် ၈၈မျိုးဆက် ကျောင်းသားများသည် ပခုက္ကူကျောင်းရှိ သံဃာတော်များအား ဆွမ်းကပ်ခြင်း၊ ဘကကျောင်းသားများအတွက် ထောက်ပံ့လှူဒါန်ခြင်း
ထားဝယ်ကြယ်စင်လင်း လူငယ်တစ်စုမှလည်း ရွှေဂူကျောင်းဆရာတော်အား ၀ါဆိုသင်္ကန်း ကပ်လှူခြင်းနှင့် ဆွမ်းကြွေးခြင်း များကို ကျင်းပကြသည်။(၁၀း၃၇)နာရီတွင် phone ringtone ဖြင့် ဥသြဆွဲခြင်း ကိုလည်းပြုလုပ်ခဲ့ကြသည်။
by Myanmar News Now
သည့်နောက်ထားဝယ်ဆေးရုံကြီး အောက်စီဂျင်စက် ဖြစ်မြောက်ရေး အတွက် ထားဝယ်လူ့အခွင့် အရေးစောင့်ကြည့် မှု ကွန်ရက်နှင့် လယ်သမားများ ကွန်ရက်တို့က အာဇာနည်ကြီးများအား ရည်စူး ကာ အလှူငွေ(၉၀၀၀၀၀)ကျပ် ကိုသွားရောက် လှူဒါန်းခဲ့ကြသည်။
ထားဝယ်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂနှင့် ၈၈မျိုးဆက် ကျောင်းသားများသည် ပခုက္ကူကျောင်းရှိ သံဃာတော်များအား ဆွမ်းကပ်ခြင်း၊ ဘကကျောင်းသားများအတွက် ထောက်ပံ့လှူဒါန်ခြင်း
ထားဝယ်ကြယ်စင်လင်း လူငယ်တစ်စုမှလည်း ရွှေဂူကျောင်းဆရာတော်အား ၀ါဆိုသင်္ကန်း ကပ်လှူခြင်းနှင့် ဆွမ်းကြွေးခြင်း များကို ကျင်းပကြသည်။(၁၀း၃၇)နာရီတွင် phone ringtone ဖြင့် ဥသြဆွဲခြင်း ကိုလည်းပြုလုပ်ခဲ့ကြသည်။
by Myanmar News Now
၆၆ နှစ်မြောက် အာဇာနည်နေ့ (ကော့သောင်း)
ကော့သောင်းမြို့ အာဇာနည်နေ့အခမ်းအနား ကော့သောင်း ၊ဇူလိုင် ၁၉ ရက် ၊၂၀၁၃ ခုနှစ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှ (၆၆)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် လွမ်းသူပန်းခွေချ အလေးပြု အခမ်းအနား ကို ဇူလိုင် (၁၉) ရက် နေ့ နံနက် (၉) နာရီက ကော့သောင်းမြို့၊ဗိုလ်ချုပ် မြင်းစီးရုပ်တု ရှေ့တွင် ပြုလုပ်ကျင်းပသည်။
အခမ်းအနားတွင် ကော့သောင်းမြို့ အမျိုးသားဒီမိုကရေစီချုပ် မှ အဖွဲ့အင်အား (၂၀၀) ဦးခန့်သည် ကော့သောင်းမြို့ ၊ပုလဲလမ်း အမျိုးသားဒီမိုကရေစီချုပ်ရုံးရှေ့ စုရပ် မှ ဗိုလ်ချုပ်လမ်း ဆုံ ရှိ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးရုပ်တု ရှိရာသို့ စီတန်း လမ်းရှောက် လာကြပြီး နံနက် (၉) နာရီအချိန်တွင် ၊(၆၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အဖြစ် လွမ်းသူပန်းခွေချ အလေးပြုခြင်း အစီအစဉ်ကိုပြုလုပ်သည်။
အဆိုပါ အခမ်းအနား အစီအစဉ်တွင် ရှေးဦးစွာ ကော့သောင်းမြို့ ၊အမျိုးသားဒီမိုကရေစီအဖွဲချုပ်မှ အဖွဲ့ဝင်များ သည် နိုင်ငံတော်အလံ အား အလေးပြုကြသည်။ ဆက်လက်၍ ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုကြပြီး ၀မ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် (၁)မီနစ် ငြိမ်သက်စွာ ဂါရ၀ပြုကြ ပြီး လွမ်းသူပန်းခွေချ ကာ အစီအစဉ်ကိုနံနက် (၉း၂၀ )နာရီတွင်ရုပ်သိမ်းလိုက်ကြောင်းသတင်းရရှိသည်။
ကျော်စိုး
by Myanmar News Now
၆၆ နှစ်မြောက်အာဇာနည်နေ့ (ပြည်) - ပန်းခွေချခွင့်မရတဲ့ပြည်
ပြည်မြို့ မြင်းစီးရုပ်တုမှာ ပန်းခွေချခွင့်မရလို့ ပန်းခြင်းချ
မြန်မာပြည်မှာ စည်းကမ်းရှိတဲ့ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နေတာ ၂ နှစ် ရှိပါပြီ။
ဒီစနစ်က ပြည်မြို့ မှာ အတော်လေး အလုပ်ဖြစ်နေဟန် ရှိပါတယ်။
ဒီအကြောင်း ပြည်မြို့က သတင်းထောက် ကိုဘရှီး ပေးပို့ထားတဲ့ သတင်းကို တင်ဆက်လိုက်ပါတယ်။
(၆၆)နှစ်မြောက်အာဇာနည်နေ့ကို ပြည်မြို့တွင် သိုက်သိုက်ဝန်းဝန်း ကျင်းပပြုလုပ်ခဲ့ကြပါတယ်။
အာဇာနည်နေ့မတိုင်မီ ည(၁၀း၃၀)ခန့်လောက်က ဟန်းစပီကာတလုံးနှင့် လူနှစ်ယောက်က- ဇူလိုင် ၁၉ တွင် မြို့လယ် ဗိုလ်ချုပ်မြင်းစီးကျောက်ရုပ်သို့ သွားရောက်ပြီး လွမ်းသူ့ပန်းခွေမချရ၊ ချလျှင်ပုဒ်မ (၁၈၈)ဖြင့် အရေး ယူခြင်းခံရမည်ဟု -နေရာတချို့တွင် လိုက်လံအော်ဟစ် ကြေညာခဲ့ကြသဖြင့် အာဇာ နည်နေ့ ရောက်သည့်အခါ မြင်းစီးကျောက်ရုပ် တွင် မည်သူမှပန်းခွေမချခဲ့ကြသည်ကို တွေ့ရှိရပါသည်။ ယမန်နှစ်ကပန်းခွေချအလေးပြုခဲ့ကြသော အဖွဲ့အစည်းလူပုဂ္ဂိုလ်များကိုလဲ မြို့နယ်ရဲတပ်ဖွဲ့မှုး၊ စခန်းမှုးများ က ယခုနှစ်မှာ ပန်းခွေမချဖို့ရန် ခေါ်ယူ သတိပေးခဲ့ကြောင်း NLD ပါတီမှ ကိုကျော်ဆန်း က ပြောပြပါသည်။
တရားလွှတ်တော်ရှေ့နေ၀တ်ရုံကြီးကိုဝတ်ဆင်ထားသော- တရားလွှတ်တော်ရှေ့နေ ဦးမြင့်အေး၊ သူ့ တပည့်မ ရှေနေတို့နှစ်ဦးတည်း တက်ရောက် ပန်းစည်းချအလေးပြုခဲ့ပါသေးသည်-
သူ့အနေနှင့် အစဉ်အလာကို ဆက်လက်ထိမ်းသိမ်းစောင့်ရှောက်ဖို့က မိမိတို့ တာဝန်ဖြစ်ကြောင်း၊ အခုလဲ ပန်းခွေချလျှင်အရေးယူမည်ဟု ဆိုသဖြင့် ပန်းစည်းချရခြင်းဖြစ်ကြောင်း ပြောပြပါသည်။
ပြည်မြို့ NLD ပါတီ ရွာဘဲရုံးဉ်နံနက်(၆)နာရီတွင်ဘုန်းကြီးဆွမ်းကပ်ပြီး၊ အာဇာ နည်ခေါင်းဆောင်ကြီး (၉)ယောက် ၏ ထေရုပတ္တိ ဖတ်ကြားခြင်း၊ အောက်မေ့ ဖွယ်ရှေး ဟောင်းနှောင်းဖြစ် များပြောဆိုခြင်း များပြုလုပ်ခဲ့ကြသည်။
ထို့နောက် မြို့ထဲသို့
- ဗိုလ်အောင်ဆန်းစစ်ကြောင်း၊
- သခင်မြစစ်ကြောင်း၊
- ဦးရာဇတ်စစ်ကြောင်း၊
- မန်းဘခိုင်စစ်ကြောင်း၊
- ဒီးဒုတ်ဦးဘချိုစစ်ကြောင်း၊
- ဦးဘ၀င်းစစ်ကြောင်း၊
- မိုင်းပွန်စော်ဘွားစဝ်စံထွန်းစစ်ကြောင်း၊
- ဦးအုန်းမောင်စစ်ကြောင်း၊
- ရဲဘော်ကိုထွေးစစ်ကြောင်း-
မြို့လည်မြင်းစီးကျောက်ရုပ်တွင် ခေတ္တခဏ အလေးပြုပြီးနောက် အာဏာပိုင်အဖွဲ့အစည်းတို့ သတ်မှတ် ထားသော- မြို့ပြင်ဘော်လုံးကွင်းတွင် သွားရောက်ပန်းခွေချခဲ့ပြီး မနက်(၁၁)နာရီ တွင် အခမ်း အနားပြီး ဆုံးခဲ့ကြပါသည်။
ချီတက်အလေးပြုသူအင်အား တထောင်ခန့်ရှိပြီး-မြို့ပြင်ဘော်လုံးကွင်းတွင်- ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဋ္ဌာနဆိုင်ရာများပါတက်ရောက် အလေးပြုခဲ့ကြပါသည်။
ရပ်ကွက် မီးသတ်တပ်ဖွဲ့တခုမှ ကိုအောင်သိန်းက- သူတို့ကတော့(၁၀း၃၇)မှာ ဥသြဆွဲချင်တယ်-ဒါပေမဲ့ တပ်စုမှုးဆီက လုံးဝ ခွင့်ပြုမိန့်မရဘူး ဟုပြောပြပါသည်။
ဒီမိုကရေစီခေတ်ရောက်နေပြီဆိုပြီး မြို့လယ် မြင်းစီးကျောက်ရုပ်မှာ အခုလိုပိတ်ပင်တားဆီးတာက အရမ်းကို ရုပ်ဆိုးလွန်းပါတယ်-
ဒါကပြည်မြို့သူ/သားတွေရဲ့ငွေကြေး နဲ့တည်ဆောက်ထားတဲ့ အောက်မေ့ဘွယ်ရုပ်ထုဖြစ်တယ်-
တတိုင်းပြည်လုံးရဲ့ ခေါင်းဆောင် ကျေးဇူးရှင်လဲဖြစ်တယ်-
ဒါကို တားဆီး ပိတ်ပင်တာကတော့ သူတို့ကိုဘယ်လိုကင်ပွန်းတပ်ရမလဲဆိုတာ သာ တွေးကြည့် ပါတော့လို့ အောင်မင်္ဂလာဈေးမှဈေးသည်- ကိုစိုးနိုင်က ပြောပြပါတယ်။
၆၆ နှစ်မြောက်အာဇာနည်နေ့ (မြ၀တီ) - ဂုဏ်ပြုထိုက်သူကို ဂုဏ်မပြုချင်တဲ့ မြ၀တီကအာဏာပိုင်
အာဏာပိုင်တွေ မတက်ကြတဲ့ မြဝတီမြို့အာဇာနည်နေ့အစီအစဉ်
ခရိုင်မြို့တခုဖြစ်တဲ့ မြဝတီမှာလည်း အာဇာနည်နေ့အခမ်းအနား ကျင်းပပါတယ်။
သို့သော်လည်း ခရိုင်အဆင့်၊ မြို့နယ်အဆင့် အာဏာပိုင်တွေကတော့ တက်ရောက်ခြင်း မရှိပါဘူး။ ဒီအကြောင်း ဧရာဝတီသတင်းထောက် ပြည်တော်မြင့်က သတင်းပို့ထားပါတယ်။ သူပို့ထားတဲ့ ပုံများစွာထဲက တချို့ကိုလည်း ဖော်ပြလိုက်ပါတယ်။
မြ၀တီမြို့တွင် ၂၅ နှစ်ကြာကျင်းပခွင့်မရရှိခဲ့သည့် အာဇာနည်နေ့အခမ်းအနားကို ယနေ့တွင်မြို့မိမြို့ဖ များက အောင်မြင်စွာကျင်းပခဲ့ကြသည်။
မြ၀တီတွင်ယနေ့ကျင်းပသည့် ၆၆ နှစ်မြောက်အာဇာနည်နေ့အခမ်းအနားသို့ နိုင်ငံရေးပါတီများနှင့် လူမှုရေးအ သင်းအဖွဲ့များမှ လူဦးရေ ၆၀၀ ကျော်တက်ရောက် အလေးပြုခဲ့ကြသည်။ အခမ်းအနားတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်အာဇာနည်ခေါင်းဆောင်ကြီးများကျဆုံးခဲ့သည့် ၁၀ နာရီ ၃၇ မိနစ်တွင် ဥသြဆွဲ အလေးပြုခဲ့ကြပြီး အဖွဲ့အစည်းများအလိုက် လွမ်းသူ့ပန်းခွေချကာဂုဏ်ပြုခဲ့ကြသည်။
အခမ်းအနားသို့တက်ရောက်လာသည့် အာဇာနည်မန်းဘခိုင်၏မြေးဖြစ်သူ ဒေါ်သန်းသန်းခိုင်က “မြန်မာသာမက ကမ္ဘာကပါ ဂုဏ်ယူလေးစားကြတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့အာဇာနည်ခေါင်းဆောင်ကြီးတွေ ကို ဂါရ၀ပြုခွင့်ရတဲ့အ တွက် ရင်ထဲမှာအတိုင်းမသိဝမ်းသာပါတယ် အဘိုးဟာကရင်မြန်မာချစ်ကြည်ရေးကို အဓိကဖေါ်ဆောင်ခဲ့ပါ တယ်” ဟု ဧရာဝတီသတင်းဌာနကိုပြောသည်။
နိုင်ငံရေးပါတီများနှင့်လူမှုရေးအသင်းအဖွဲ့ (၃၀)ကျော်တက်ရောက်ခဲ့သော်လည်း ကျောင်းသား လူငယ်များ ပါဝင် ခြင်း မရှိသည့်အတွက် လာမည့်နှစ်တွင် ကျောင်းသားလူငယ်များ ပါဝင်နိုင်ရေးအတွက် လုပ်ဆောင်သွားမည်ဟု မြ၀တီခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဦးစိန်ဗိုလ်ကပြောသည်။
၎င်းက “ဒီကနေ့ကျင်းပတာ ကျောင်းသားကျောင်းသူတွေ မပါသေးဘူး။ သူတို့လည်းတက်ရောက် ဘို့လိုတယ်။ ဒါမှသာလျှင် အာဇာနေ့ဆိုရင် ဘာလဲ ဆိုတာ ကလေးတွေသိကြမယ်”ဟုပြောသည်။
မြ၀တီတွင် ၂၅ နှစ်နီးပါးကြာမှ ပြန်လည်ကျင်းပသည့်ကိစ္စနှင့်ပတ်သက်၍ “ဒါကဖြစ်သင့်ဖြစ်ထိုက် တဲ့ဟာ ဘဲ ပြည် သူလူထုအနေနဲ့ကတော့ အာဇာနည်ကြီးတွေရဲ့မိန့်ဆိုချက်တွေကို အမှတ်တရလေးစားလိုက်နာဘို့ အကောင် အထည်ဖေါ်ဘို့ အာဇာနည်နေ့ကို မဖြစ်မနေ ကျင်းပသင့်တယ်” ဟုလည်း ဦးစိန်ဗိုလ်ကဖြည့် စွက်ပြောကြားသည်။
ယနေ့အခမ်းအနားသို့ ကရင်ပြည်နယ်အစိုးရတာဝန်ရှိသူများ၊ မြ၀တီခရိုင်နှင့်မြို့နယ် အာဏာပိုင်အဖွဲ့ အစည်း များမှ တာဝန်ရှိသူများတက်ရောက်ခြင်း မရှိသည့်အတွက် နားမလည်နိုင်အောင်ဖြစ်ရ သည်ဟု သုံးသပ်ပြောဆိုကြသူများလည်း ရှိသည်။
မြ၀တီမြို့တွင် ၆၆ ကြိမ်မြောက်အာဇာနည်နေ့ဖြစ်မြောက်ရေးကို မြို့မိမြို့ဖများနှင့်ဖွဲ့စည်းထား သည့် မြ၀တီမြို့ နယ် စည်ပင်သာယာရေးကော်မတီအဖွဲ့က ဦးဆောင် ကျင်းပခဲ့ခြင်းဖြစ်သည်။
၂၅ နှစ်အကြာတွင်ပြန်လည်ကျင်းပသည့် မြ၀တီမြို့အာဇာနည်နေ့တွင် ဂုဏ်ပြုဥသြဆွဲသံပြန်ကြားရသဖြင့် မျက်ရည်ကျသည်အထိ ၀မ်းသာပီတိဖြစ်ရသည်ဟု မြို့ခံစစ်မှုထမ်းဟောင်းတဦးကဆိုသည်။
ဗိုလ်ချုပ်ကျောက်တိုင်တည်ရှိရာ မြ၀တီမင်းကြီးဦးစပန်းခြံကို ယခင်စစ်အစိုးရတာဝန်ရှိသူတဦးက စီးပွားရေး သ မားတဦးကိုရောင်းချခဲ့သဖြင့် အာဇာနည်နေ့ကျင်းပခွင့်မရခဲ့သည်မှာ နှစ်ပေါင်း ၂၀ ကျော်ရှိပြီးဖြစ်သည်။
ပန်းခြံနှင့်ဗိုလ်ချုပ်ကျောက်တိုင် ပြန်လည်ရရှိရေးအတွက် မြို့မိမြို့ဖများဦးဆောင်၍ လွှတ်တော်မှတဆင့် အရေးဆိုရာမှ ပြန်လည်ရရှိခြင်းဖြစ်သည်ဟုမြို့ခံများကပြောသည်။
၆၆ နှစ်မြောက် အာဇာနည်နေ့ (မြောင်းမြ)
၆၆ နှစ်မြောက် အာဇာနည်နေ့ (ကျောင်းကုန်း)
ကျောင်းကုန်းမြို့ အာဇာနည်နေ့ အခမ်းအနား |
အခမ်းအနားသို့ လူဦးရေ (၂၀၀)ခန့်တက်ရောက်ခဲ့ပြီး ဒေါက်တာသောင်းထွန်းမှ အမှာစကားပြောကြား ခဲ့ပါသည်။
အခမ်းအနားကို နံနက်(၈း၀၀) အချိန်စတင်ခဲ့ပြီး နံနက်(၁၀း၃၀)ထိ ကျင်းပ ပြုလုပ်သွားမည် ဖြစ်ပါသည်။
by Myanmar News Now
၆၆ နှစ်မြောက်အာဇာနည်နေ့ (ဗညားဒလလမ်း အရှေ့ ရွှေဂုံတိုင်ရပ်ကွက် မိုဟာမက်ဂျာန်ဗလီ)
ရန်ကုန်မြို့ ဗဟန်းမြို့ နယ် ဗညားဒလလမ်း အရှေ့ ရွှေဂုံတိုင်ရပ်ကွက် မိုဟာမက်ဂျာန်ဗလီ တွင် မြုပ်နှံ ထားသည့် အာဇာနည်ကိုးဦးတွင် အပါအ၀င်ဖြစ်သော ဦးရာဇတ်နှင့် ရဲဘော်ကိုထွေးတို့ ၏ ဂူကိုလာရောက် ဂါရ ၀ပြုဆုတောင်
No comments:
Post a Comment