Friday, July 19, 2013

* ပန်းပျောက်တဲ့နေ့ *


============

@ ကြမ်းချင်သလိုသာကြမ်း
ရမ်းစမ်းကွဲ့ လောကဓံ ။

@ လှိုင်းကြီးလို့ လေကထန်
ဗေဒါပျံ ဟန်မပျက်
ပန်းပန်လျက်ဟေ့ ။

@ သည်ယနေ့မှာတော့
မကြည်မွေ့ စိတ်ဘဝင်
ဖခင်ကို ပိုသတိရ
ကျခဲ့ပေါ့ မျက်ရည်ဖြိုင်
လဇူလိုင် မိုးအလား
ပြည်သူများ ဗဟိုပြု
ကောင်းမှုဝေ အလွမ်းဖောက်
ပန်းပျောက်တဲ့နေ့ ။

No comments: