Wednesday, July 17, 2013

ပလတ်စတစ်ပြဿနာအတွက် ဖြေရှင်းဖို့နည်းလမ်းအသစ်

ပလတ်စတစ်ကို ငှက်ပျောသီးမှ ထုတ်ယူပြသခဲ့သူ
ပလတ်စတစ်ပြဿနာအတွက် ဖြေရှင်းဖို့နည်းလမ်းအသစ်

Elif Bilgin လို့ခေါ်တဲ့ အသက် ၁၆နှစ်သာရှိသေးတဲ့ တူရကီနိုင်ငံသူကျောင်း သူမလေးဟာ ရေနံကနေထုတ်လုပ်တဲ့ ပလတ်စတစ်တွေ ကို ရပ်တန့်ပြီး ငှက်ပျောသီးအခွံကနေ ပလတ်စတစ်ထုတ်ဖို့နည်းလမ်း ကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ပါတယ်။

သူဟာ အဲဒီလို သဘာဝပလတ်စတစ်ကို တီထွင်ဖို့ ၂နှစ်ကျော် ဓါတ်ခွဲခန်းထဲမှာ အချိန်ကုန်ခဲ့ရပါတယ်။

အဲဒီ ပလတ်စတစ်ဟာ ရေနံကထုတ်တဲ့ ပလတ်စတစ်တွေလို ဖျက်ဆီးရမ ခက်ပါဘူး။ ဒါ့အပြင် ရေနံပလတ်စတစ်တွေလို ပတ်ဝန်းကျင်၊ရော၈ါအန္တရာယ် စတဲ့ ထိခိုက်မှုတွေကို မဖြစ်စေပါဘူးတဲ့။အနာဂါတ်မှာ အဲဒီပလတ်စတစ်ကို ထုတ်လုပ်တော့မည်ဖြစ်ပြီး Google ရဲ့ 2013 အကောင်းဆုံးသိပ္ပံပညာရှင် ဆုကိုရရှိခဲ့ပါတယ်တဲ့။

Credit to: မောင်စိုင်း(ကနောင်)

No comments: