ဇူလိုင်လ ၁၉ ရက်တွင် ကျရောက်မည့် (၆၆) နှစ်မြောက် အာဇာ နည်နေ့၌ မိနစ် ၂ဝစာ
အစီအစဉ်တစ်ခုကို City FM က ထုတ်လွှင့်သွား မည်ဖြစ်ကြောင်းသိရသည်။
''သီချင်းနဲ့ ဗိုလ်ချုပ်မိန့်ခွန်းကို ထုတ်လွှင့်သွားမှာပါ'' ဟု
အစီအစဉ်နှင့် ပတ်သက်ပြီး တာဝန်ရှိသူတစ်ဦးဖြစ်သူ ဒါရိုက်တာ တုနှိုင်းခက
ပြောသည်။
ထုတ်လွှင့်သွားမည့်
သီချင်းနှင့် မိန့်ခွန်းနှင့်ပတ်သက်ပြီး ဇူလိုင်လ ၉ ရက်ည ၈ နာရီ ၄၅
မိနစ်ခန့်က ဖုန်း ဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာ၌ အ တည်မပြုနိုင်သေးသဖြင့်
ဇူလိုင်လ ၁ဝ ရက် နံနက် ၁၁ နာရီခန့်မှ ပြန်လည် ဆက်သွယ်ရန် ၄င်းက
ပြောကြားခဲ့သည်။
''ကျွန်တော်တို့ကိုလည်း မိနစ် ၂ဝ စာ
ပရိုဂရမ်တစ်ခုပေးမယ် လို့ပြောထားပါတယ်။ ၁၉ ရက်နေ့အထိပေါ့နော်။
ဘယ်နေ့ကနေစမလဲတော့ မသိသေး ဘူး။ အသေးစိတ်ကို မနက်ဖြန် (ဇူလိုင် ၁ဝ) မှ
သိရမှာ'' ဟု အဖြူ ရောင်တွဲလက် များအဖွဲ့မှ ကိုဘိုဘိုက ပြောသည်။
ယင်းအဖွဲ့အပါအဝင် အရပ်ဘက် လူမှုအဖွဲ့အစည်း ၃ဝ က (၆၆) နှစ်
မြောက်အာဇာနည်နေ့တွင် အများပြည် သူအနေဖြင့် ကျဆုံးလေ ပြီးသော ခေါင်း
ဆောင်များကို ဂါရဝပြုနိုင်ရန် ဥသြ ဆွဲခြင်းကို ဆောင် ရွက်ပေးရန် ဇူလိုင်လ ၈
ရက်က စုပေါင်းတောင်းဆိုထားခဲ့ ခြင်းဖြစ်သည်။ အာဇာနည်နေ့တွင် ဥသြ
ဆွဲခြင်းအလေ့အထသည် ၁၉၈၈ ခုနှစ် နောက် ပိုင်း ပျောက်ကွယ်ခဲ့ခြင်းဖြစ်ပြီး
ယင်းအား ပြန်လည်အကောင်အထည် ဖော် မည်လားဆိုသည့်အပေါ် ပြန်ကြား ရေး ဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဦးပိုက်
ထွေးက အကောင်အထည်ဖော်ရန် မရှိ သေးကြောင်း လွှတ်တော် အစည်းအဝေး ၌ ပြောကြားထားခဲ့သည်။
ယခင် စစ်အစိုးရလက်ထက်က တိမ်မြုပ်ပျောက်ကွယ်ခဲ့သော အာဇာ နည်နေ့
အောက်မေ့ဖွယ် အခမ်းအနား အား အရပ်သား အစိုးရလက်ထက် ၂ဝ၁၁ ခုနှစ်မှ စတင်၍
နိုင်ငံအနှံ့ အပြား၌ ပြန်လည်ကျင်းပခွင့် ရရှိခဲ့ ပြီး
နိုင်ငံရေးအင်အားစုများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများ၊ ကျောင်းသား
လူငယ်များ၊ ရဟန်းရှင်လူ ပြည်သူများ ပြန်လည်ပါဝင်ခွင့် ရရှိခဲ့ခြင်း
ဖြစ်သည်။
ဉာဏ်လင်းအောင်
-Popular Myanmar News Journal
ဇူလိုင်လ ၁၉ ရက်တွင် ကျရောက်မည့် (၆၆) နှစ်မြောက် အာဇာ နည်နေ့၌ မိနစ် ၂ဝစာ အစီအစဉ်တစ်ခုကို City FM က ထုတ်လွှင့်သွား မည်ဖြစ်ကြောင်းသိရသည်။
''သီချင်းနဲ့ ဗိုလ်ချုပ်မိန့်ခွန်းကို ထုတ်လွှင့်သွားမှာပါ'' ဟု အစီအစဉ်နှင့် ပတ်သက်ပြီး တာဝန်ရှိသူတစ်ဦးဖြစ်သူ ဒါရိုက်တာ တုနှိုင်းခက ပြောသည်။
ထုတ်လွှင့်သွားမည့် သီချင်းနှင့် မိန့်ခွန်းနှင့်ပတ်သက်ပြီး ဇူလိုင်လ ၉ ရက်ည ၈ နာရီ ၄၅ မိနစ်ခန့်က ဖုန်း ဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာ၌ အ တည်မပြုနိုင်သေးသဖြင့် ဇူလိုင်လ ၁ဝ ရက် နံနက် ၁၁ နာရီခန့်မှ ပြန်လည် ဆက်သွယ်ရန် ၄င်းက ပြောကြားခဲ့သည်။
''ကျွန်တော်တို့ကိုလည်း မိနစ် ၂ဝ စာ ပရိုဂရမ်တစ်ခုပေးမယ် လို့ပြောထားပါတယ်။ ၁၉ ရက်နေ့အထိပေါ့နော်။ ဘယ်နေ့ကနေစမလဲတော့ မသိသေး ဘူး။ အသေးစိတ်ကို မနက်ဖြန် (ဇူလိုင် ၁ဝ) မှ သိရမှာ'' ဟု အဖြူ ရောင်တွဲလက် များအဖွဲ့မှ ကိုဘိုဘိုက ပြောသည်။
ယင်းအဖွဲ့အပါအဝင် အရပ်ဘက် လူမှုအဖွဲ့အစည်း ၃ဝ က (၆၆) နှစ် မြောက်အာဇာနည်နေ့တွင် အများပြည် သူအနေဖြင့် ကျဆုံးလေ ပြီးသော ခေါင်း ဆောင်များကို ဂါရဝပြုနိုင်ရန် ဥသြ ဆွဲခြင်းကို ဆောင် ရွက်ပေးရန် ဇူလိုင်လ ၈ ရက်က စုပေါင်းတောင်းဆိုထားခဲ့ ခြင်းဖြစ်သည်။ အာဇာနည်နေ့တွင် ဥသြ ဆွဲခြင်းအလေ့အထသည် ၁၉၈၈ ခုနှစ် နောက် ပိုင်း ပျောက်ကွယ်ခဲ့ခြင်းဖြစ်ပြီး ယင်းအား ပြန်လည်အကောင်အထည် ဖော် မည်လားဆိုသည့်အပေါ် ပြန်ကြား ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးပိုက်
ထွေးက အကောင်အထည်ဖော်ရန် မရှိ သေးကြောင်း လွှတ်တော် အစည်းအဝေး ၌ ပြောကြားထားခဲ့သည်။
ယခင် စစ်အစိုးရလက်ထက်က တိမ်မြုပ်ပျောက်ကွယ်ခဲ့သော အာဇာ နည်နေ့ အောက်မေ့ဖွယ် အခမ်းအနား အား အရပ်သား အစိုးရလက်ထက် ၂ဝ၁၁ ခုနှစ်မှ စတင်၍ နိုင်ငံအနှံ့ အပြား၌ ပြန်လည်ကျင်းပခွင့် ရရှိခဲ့ ပြီး နိုင်ငံရေးအင်အားစုများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများ၊ ကျောင်းသား လူငယ်များ၊ ရဟန်းရှင်လူ ပြည်သူများ ပြန်လည်ပါဝင်ခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။
ဉာဏ်လင်းအောင်
-Popular Myanmar News Journal
No comments:
Post a Comment