မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။
” DVB ကို တူးဆွတော့ အပုတ်နံ့တွေ ထွက်နေတုံး”
(ဒီဗီဘီမှထုတ်ပြန်သောငွေကြေးအလွဲသုံးစားမှုအဖြစ်စွပ်စွဲမူအပေါ် မျိုးမင်းနိုင်၊ ကိုနန္ဒ ခေါ် ကိုနေထွန်းမှတုန့် ပြန်ချက် )
by Aung Gyi (Notes) on Thursday, January 26, 2012 at 10:31pm
ဗမာအစိုးရသတင်းစာက ဖမ်းဆီးခံရသူတွေကို တရားရုံးမတင်ခင်မှာတင် တရားခံ တ ယောက်လို သုံး နှုန်း စွပ်စွဲရေးသလိုမျိုးဒီဗီဘီလိုသတင်းဌာနက အကြိမ်ကြိမ်စွပ်စွဲရေးသားနေတဲ့အပြင်နောက် ဆုံး နာမည်တပ်ပြီး ရေးသားစွပ်စွဲလာတဲ့အတွက်ကြောင့်ကိုယ်တိုင်ဖြေရှင်းသင့်ပြီလို
့ယုံကြည်တဲ့အတွက် ကြောင့်အလေးအနက် စဥ်းစားပြီး အခုစာကိုရေးပါတယ်။
စာကြောင့်ဖြစ်လာမယ့် အကျိုးဆက်အပေါ် အဆိုး အကောင်းကို အလေးအနက်
ချင့်ချိန်ရေးသည့် တိုင်အောင် အခုစာရဲ့ အကျိုးဆက်အနေနဲ့  တကိုယ် ချင်း ကော
အဖွဲ့  အ စည်းအရပါ ထိခိုက်ဖို့ ဖြစ်ကောင်းဖြစ်လာခဲ့ရင် တောင်မှ
ကျွန်တော့်အနေနဲ့ အစွမ်း ကုန် ရှောင်လွဲ ဖို့ ကြိုးစားလျက်နဲ့ 
မလွဲမရှောင် နိုင်တဲ့အခြေအနေကို တွန်းပို့ တဲ့ဒီဗီဘီက တာ ၀န် ရှိ သူ အ ချို
့ကြောင့်  လို့ သက်ဆိုင်တဲ့လူပုဂ္ဂိုလ်အဖွဲ့ အစည်းတွေအနေနဲ့ နားလည်စေချင်ပါတယ်။
အနှစ်သာရအရကော အယူအဆအရပါသိသိသာသာ နက်နက်ရှိုင်းရှိင်း ကွဲလွဲသွား တဲ့အတွက် ကြောင့် လမ်းခွဲလိုက်ကြတဲ့ကိစ္စကိုဒီဗီဘီမှာရာထူးအကြီးဆုံးယူထားတဲ့ ဒါရိုက်တာအေးချမ်းနိုင် နဲ့ ဒုတိယ ဒါရိုက်တာ ခင်မောင်ဝင်းတို့ က ငွေကြေးအလွဲသုံးစားမူအဖြစ် စနစ်တကျငွေပုံသုံးပြီးပုံဖေါ်လာခဲ့ပြီး ဒီဗီဘီ နဲ့ ပြည်တွင်း နက်တ်ဝက်၊ မျိုးမင်းနိုင်အုပ်စု ကွဲလွဲမူအဖြစ်ပုံဖေါ်လာခဲ့ပါတယ်။
ကျွန်တော် အနေနဲ့ ရှင်းရှင်း လင်းလင်း ပြောချင်တာက ဒီဗီဘီနဲ
့ပြသနာဖြစ်နေတာမဟုတ်ပါ။ ဒီဗီဘီက ထိပ်တန်းပုဂိုလ်နှစ်ဦးနဲ့ ပြသနာ ဖြစ်နေတာ
ပါ။ ဒီဗီဘီဟာအေးချမ်းနိုင်၊ခင်မောင်ဝင်းပိုင်စီးပွားရေးလုပ်ငန်းမဟုတ်သလို၊ ဗီဂျေတွေ ရဲ့  နက်တ် ၀က်ဟာ လဲမျိုးမင်းနိုင်နက်တ်ဝက်၊ကိုနန္ဒပိုင်နက်တ်ဝက်မဟုတ်ပါ။အဲသည်တော့အခုပြသနာတွေကိုဒီဗီဘီ ရဲ့ ပြသနာ အဖြစ်ပုံမသွင်းသင့်သလို၊ဗီဂျေနက်တ်ဝက်နဲ့ ဒီဗီဘီရဲ့ ပြသနာအဖြစ်လဲပုံမဖေါ်သင့်ပါ။
မီဒီယာတခု လုံးကိုပိုင် ထားတယ်လို့ သဘောထားပြီး ကိုယ်ပိုင်ဝါဒဖြန်
့ချိရေးယန္တရားတခုအနေနဲ့  အလွဲသုံးစားမလုပ် သင့်ပါ။
ပြသနာတွေကိုတရားမျှတတဲ့တရားရုံးမှာ၊သက်ဆိုင်ရာလူပုဂိုလ်တွေနဲ့တည့်တည့်ရှင်းကြတဲ့ လောက ဓမ္မခုံရုံး မှာဖြစ်ဖြစ်ဖြေရှင်းသင့်တယ်၊ဖြေရှင်းဖို့လဲအသင့်ရှိတယ်လို့ကျွန်တော်ပြောချင်ပါတယ်။ ဒီဗီဘီမှာလဲသတင်းမီဒီယာအလုပ်နဲ့တိုင်းပြည်ကိုကောင်းကျိုးပြုနိုင်တယ်လို့နှစ်နှစ်ကာကာယုံကြည်ပြီး ဘ၀ ပုံလုပ်နေသူတွေရှိနေသလို၊ဗီဂျေတွေရဲ့နက်တ်ဝက်မှာလဲအသက်နဲ့ဘ၀နဲ့ရင်းပြီးပြည်တွင်း မှာလုပ်ကိုင်နေသူ တွေဖြစ်လို့ဒီဗီဘီနဲ့ဗီဂျေနက်တ်ဝက်ရဲ့ပြသနာအဖြစ်ပုံမဖေါ်ပါနဲံတိုက်ရိုက်သက်ဆိုင် ကြသူတွေ အနေနဲ့  ဘယ်တရားမျုတတဲ့နည်းလမ်းနဲ့မဆိုရင်ဆိုင်ဖြေရှင်းဖို့အသင့်ရှီပါတယ်။ လိပ်ပြာသန့် သန့် နဲ့ သတ္တိရှိရှီရင်ဆိုင်ကြယုံပါ။
မီဒီယာကိုသုံးပြီးအကြိမ်ကြိမ်ကြေညာချက်တွေထုတ်၊ ငွေပုံသုံး နော်ဝေရဲဌာနကအမူ လက်မခံ လို့  စုံထောက်အဖွဲ့ တွေငှားပြီးဒေါ်လာနှစ်သိန်းကျော်အကုန်ကျခံ အမူဖြစ်အောင် မျိုးစုံအကွက်ဆင် ခဲ့ပေ မယ့် အဓိက ထောက်ထားရမယ့်ကိစ္စ နှစ်ခုကြောင့် လူသိထင်ရှားထုတ်မပြောခဲ့ပါ။ အခုအချိန်မှာ တော့ လက် တွဲလုပ်ကိုင်ခဲ့သူတွေ၊ အဆင့်ဆင့်တာဝန်ခံခဲ့သူတွေရဲ့ ဂုဏ်သိက္ခာတွေကိုပါ ကာကွယ်ဖို့ လိုအပ် လာပြီ လို့ ယူဆလို့ အခုစာကိုအလေးနက်စဉ်းစားပြီးရေးပါတယ်။ ပထမထောက်ထားရမယ့်ကိစ္စကဒီဗီဘီ အတွက် ပါ။ ပြည်တွင်းလုပ်ငန်းလုပ်ကိုင်တဲ့ဘယ်အဖွဲ့ စည်းမဆို ဒိုနာလိုအပ်ချက်နဲ့ ပြည်တွင်းသုံးငွေစာရင်း ဟာစံချိန် စံညွန်းမကိုက်နိုင်တာ အဖွဲ့ အစည်းဦးဆောင်မူမှာရှိတဲ့လူတိုင်း ပါဝင်ပက်သက်သူတိုင်း သိတဲ့ကိစ္စ ပါ။ ဒါ့ အ ပြင် မီဒီယာကျင့်ဝတ်စံချိန်စံညွန်းတွေနဲ့ မကိုက်ညီမသင့် တော်တဲ့ကိစ္စတွေကို သဘောတူလုပ်ခဲ့ တဲ့ ကိစ္စ တွေကိုပါ နှစ်ဖက်အပြန်လှန်အပြစ်ပုံချရင်းနဲ့  ထုတ်ပြောလို့  ညောင်မြစ်တူးရင်းပေါ်လာမယ့် ပုတ်သင် ဥ တွေ ကြောင့် ဒီဗီဘီပထမဆုံးနစ်နာပါလိမ့်မယ်။ တီဗီဒီအခြေအနေ ထိရောက်အောင်လုပ်လာခဲ့တဲ့ ဗီဂျေ တွေရဲ့ နက်တ်ဝက်ကို ထူထောင်ခဲ့သူ တဦးအနေနဲ့  ကိုယ်တိုင်ကြိုးစားလာခဲ့တဲ့အောင်မြင်မူကိုကိုယ်တိုင် မထိခိုက်စေလိုပါ။
ဒုတိယအချက်ဆိုပေမယ့် ပိုအရေးကြီးတဲ့အချက် ကပြည်တွင်းကလူပုဂ္ဂိုလ်အဖွဲ့ စည်းတွေအတွက် ဖြစ်ပါတယ်။ ဗိဂျေနက်တ်ဝက်ဟာ သတင်းမီဒီယာသက်သက်ကိစ္စသာလုပ်ခဲ့တာမဟုတ်ပါ။ ထောင်ထွတ် ဟောင်းတွေနဲ့ စတင်ဖွဲ့ စည်းခဲ့တဲ့ နက်တ်ဝက်ဟာ အခြားထောင်ထွတ် နိုင်ငံရေးလုပ်ကိုင်နေသူတွေ၊ နိုင်ငံရေးကိစ္စတွေနဲ့ ခွဲခြားလို့ မရနိုင် တဲ့ကိစ္စများစွာရှိခဲ့ပါတယ်။
ဒီဗီဘီ ထိပ်ပိုင်းပုဂိုလ်တွေ ကိုယ်တိုင် နိုင်ငံရေးအုပ်စုတွေ နဲ
့ပူးပေါင်းဆောင်ရွက်ဖို့ ၊ ကူညီထောက်ပံ့ကြဖို့ အားပေးခဲ့၊ သူတို
့ကိုယ်တိုင်ပါဝင်ပြီး တက်တက်ကြွကြွလုပ်ခဲ့ ကြ တာပါ။
ပြည်တွင်းမှာနိုင်ငံရေးလုပ်နေတဲ့ရဲဘော်ရဲဘက်ဟောင်းတွေ၊ အင် အား စု တွေကို မီဒီယာနဲ့ မသက်ဆိုင်ဖူးလို့ ပြောလို့ ရတဲ့နိုင်ငံရေးအပြောင်းလဲတွေဖြစ်ဖို့ အတွက် ထောက်ပံ့ခဲ့တဲ့ ကိစ္စတွေ ကကျွန်တော့်ဆုံးဖြတ်ချက် သက်သက် မဟုတ်ပါ။ ဒီဗီဘီဒါရိုက်တာတွေမပါရင်ဒါတွေမလုပ်နိုင်ပါ။ အခုအချိန်မျိုးရောက်မှအပြန်လှန်ဒီလိုအထိခိုက်မခံတဲ့ကိစ္စတွေကိုထုတ်ပြောဖို့ရာမှာအရေးတော်ပုံကိုယ်ကျင့် တရားအရမဖြစ်နိုင်ပါ၊မဖြစ်သင့်ပါ။ထုတ်ပြောဖို့ လွယ်သလောက်ထိခိုက်သူတွေအနေ နဲ့ ထောင်တန်တဲ့၊ အခန့် မသင့်ရင် တသက်တာပေးဆပ်ရနိုင်တဲ့ ဂုဏ်သိက္ခာကိုထိခိုက်နိုင်တဲ့ကိစ္စတွေဖြစ်ပါ
လိမ့်မယ်။ အခုမလွဲမသွေ အချိန်ကိုရောက်လို့ ဒီစာကိုရေးရသည့်တိုင်
အဖြစ်နိုင်ဆုံးလူပုဂိုလ်၊ အ ဖွဲ့ စည်းတွေ ရဲ့ အမည် နဲ့  အကြောင်းအရာအချို
့ကိုအဖြစ်နိုင်ဆုံးချန်လှပ်သွားရပါလိမ့်မယ်။ ပါဝင် ပက် သက်ခဲ့၊ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ပြည်တွင်းပြည်ပကလူတွေတဦးမှမသေသေးပါ။အရာအားလုံးဟာသက်သေမဲ့မ
ဟုတ်ပါဖူး။ ဒါကြောင့် ဒီစာမှာအသေးစိတ်ပြော ဆိုငြင်းခုန် ဖို့ မရည်ရွယ်ပါ။
ပြောဖို့ လိုအပ်တဲ့ ကျန်ကိစ္စ အ သေး စိတ်ကို တရား ရုံးမှာဆက်ပြောကြပါမယ်။
၁။ ဒီဗီဘီနဲ့ ပူးပေါင်းလုပ်ဖို့  ၂၀၀၅ ဧပရယ်မှာနော်ဝေကိုရောက်လာပြီး
သြဂုတ်လမှာ လက်ထောက်ဒါရိုက် တာကိုခင်မောင်ဝင်းနဲ့ အဆက်သွယ်ရပြီး
ကင်မရာသုံးလုံး၊ ဒေါ်လာသုံးထောင်နဲ့ နက်တ်ဝက်ကိုစထူထောင် ခဲ့တယ်။
သဘောတူချက်က တလကိုဒေါ်လာသုံးထောင်. နဲ့ အသေးစိတ်ဘတ်ဂျက်တင်စရာမလို.လက် တွေ လိုအပ်သလိုစီမံ ဆိုတဲ့ပုတ်ဖြတ်သဘော၊ သဘောတူချက်နဲ့ စခဲ့တယ်။အဲသည်အချက်ကိုလဲနောက်ဆုံး လမ်းခွဲကြဖို့ ဆုံးဖြတ်တဲ့အချိန်ထိအပြောင်းလဲဘာမှလုပ်ခဲ့ကြတာမဟုတ်ပါ။
ဆိုလိုတာက ပြည်တွင်းနက်တ် ၀က်ရဲ့ စီမံ အုပ်ချုပ်မူဟာ ဒီဗီဘီရဲ
့ပုံမှန်လည်ပတ်မူနဲ့ သီးခြားဖြစ်ပြီးအဖွဲ့ စည်းတခု ရဲ
့သီးခြားစီမံအုပ်ချုပ်မူ အဖြစ်တလျှောက်လုံးကျင့်သုံးလာခဲ့ပါတယ်။အဲသည်အချက်ကိုလဲ
ဒါရိုက်တာနှစ်ဦးက အကြိမ်ကြိမ် အတည် ပြုခဲ့ပါတယ်။ ပုံမှန်ပြင်ပက ဒီဗီဘီ
သတင်းထောက်တွေကစလို့ တာဝန်ကြီးကြီးယူထား သူတွေ အဆုံး ပြည်တွင်းနက်တ်ဝက်နဲ
့ဆက်ဆံဆွေးနွေးဖို့ ထားလို့ ရုံးဘယ်မှာရှိမှန်းကိုတောင်သိခွင့်မပေး ခဲ့၊ တ ရားဝင် လည်ပတ်ခွင့်မပေးခဲ့ပါ။ အဲဒါဟာ အကြိမ်ကြိမ်နိုင်ငံတကာမီဒီယာကိုကော ဒိုနာအသီးသီးကို ပါဒီဗီ ဘီ က ပြောခဲ့ပြီးသားပါ။ စတင်လုပ်ကိုင်ဖို့ ပါဝင်ဆွေးနွေးခဲ့တဲ့လူဟောင်းတွေမသေသေးပါ။ အချိန်မရွေး လူသိ ထင် ရှား ထုတ်ပြောဖို့ ကော တရားရုံးမှာပြောဆို ဖို့ ကိုပါ အဆင်သင့်ရှိကြပါတယ်။
၂။ စလုပ်စဉ်မှာထဲက ဗီဂျေနက်တ်ဝက် ဖြစ်လာမယ့် ကျွန်တော်အပါအ၀င်
ကျွန်တော့်ရဲ့ ရဲဘော်ရဲဘက်တွေ စခဲ့တဲ့ ရည်ရွယ်ချက်က
ရှင်းရှင်းပြောရရင်ပြည်တွင်း
ကို တခုခုလုပ်ပေးနိုင်တဲ့ နိုင်ငံရေးလုပ်နေ တဲ့ရဲ ဘော် ရဲ
ဘက်တွေကိုတခုခုလုပ်ပေးဖို့  (ပြည်တွင်းကအခြေအနေကို အချက်လက်တွေအရသိအောင်
လုပ်ပေး နိုင် တဲ့ မီဒီယာလုပ်ငန်း အပါဝင် ) ပြည်တွင်းကိုထောက်ပံ့နိုင်ဖို
့ပါ။ ဗီဂျေတွေဟာ ယုံကြည်ချက် ကြောင့် လုပ်ခဲ့သူတွေ ဖြစ်ပြီး လခစား သတင်း
ထောက်ဖြစ်ဖို့  ၀န်ထမ်းဖြစ်ဖို့ ငွေကြေးရဖို့  လုပ်ခဲ့သူတွေမဟုတ်ပါ။ ပထမ
ဆုံး ရခဲ့တဲ့ တလစာ ဘတ်ဂျက် ဒေါ် လာသုံးထောင်နဲ့ ပဲ အားလုံးကလစာမရှီ ကုန်ကျ
စားရိတ် ကိုသာသုံးပြီး ကိုယ့် ထမင်းကိုယ်ရှာ စားပြီး လုပ်ခဲ့ သူတွေပါ။
ဗီဂျေနက်တ်ဝက်ဟာ မီဒီယာလုပ်ငန်းလုပ်ပြီး ရတဲ့ငွေ ကြေး နဲ
့.လုပ်ဖေါ်ကိုင်ဖက်နိုင်ငံရေး
လုပ်ကိုင်သူတွေကို ထောက် ပံ့ခဲ့တာပါ။ အ တိုဆုံးပြောရရင် နိုင်ငံရေး အတွက်
မီဒီယာကို အလွဲ သုံးစားလုပ်တယ်လို့  မီဒီယာ သက်သက် ကိုယုံကြည်သူ တချို
့ကစွပ်စွဲ ခဲ့ကြတာမှန်ရင်လဲ ဒါရိုက်တာနှစ် ယောက် ဟာ နိုင်ငံရေး ကိုမှီပြီး
ဒီဗီဘီ အောင်မြင်ဖို့ မီဒီယာ နည်း လမ်း နဲ့ မဟုတ်ပဲ၊ နိုင်ငံရေး လောက ရဲ
့အားကိုယူတက် ဖို ကြိုးစားခဲ့ ကြတယ် လို့ ပြောရပါမယ်။ ကျွန်တော် က
ကြံရာပါသာဖြစ်ပါလိမ့်မယ်။ အခုပြောနေတာတွေဟာအထောက်ထားမဲ့ သက်သေမဲ့မဟုတ်ဖူး ဆိုတာတော့ သက်ဆိုင်သူတွေ သတိချပ်စေချင်ပါတယ်။ ထဲထဲဝင်ဝင်ပါဝင်ပတ်သတ်ခဲ့သူတွေမနဲသလို
ပြည်တွင်း ပြည်ပ မှာဒီနေ့ ထိရှီနေပြီး ထုတ်ပြောဖို့ သင့်တော်တဲ့တချိန်မှာ
သိက္ခာရှိရှီ ထုတ်ပြောဖြစ် ကြမှာပါ။ ကျွန်တော် ပြောနေတာ မှန်သလားမှားသလား
သိသူအရေတွက်က မနဲလှပါဖူး။ နိုင်ငံရေး လောက ကို ထောက် ပံ့မူ ဟာ တာ
ဝန်အကြီးဆုံးသူတွေ မသိ ပဲသဘောမတူပဲ ကျွန်တော် တဦးထဲ လုပ် လို့ ရ တဲ့ ကိစ္စ
မဟုတ် ပါ။ တကယ် အဲသည်လိုမီဒီယာအဖွဲ့ စည်းတခုရဲ့ ဘတ်ဂျက်မှာ ဘယ်နည်းနဲ
့မှအကျုံးမ၀င်နိုင်တဲ့ ငွေစာရင်းတွေ ရှိခဲ့သက်ဆိုင်သူတာဝန်ခံတွေသဘောတူလို
့လုပ်ကိုင်ခဲ့တာတွေဟာ လက်လွတ်စပါယ်မဟုတ်ပါ။ တဖက်ကကြည့်ရင်လဲ
နိုင်ငံရေးအင်အားစုတွေရဲ့  ပူးပေါင်းပါဝင်မူက ဒီဗီဘီဒီ အခြေအနေ ရောက်လာဖို့ 
အများကြီးအရေးပါတဲ့နေရာကပါခဲ့ပါတယ်။
နိုင်ငံရေး ရဲဘော်ရဲဘက်ဟောင်းတွေရဲ့  ထောက် ခံပူးပေါင်းပါ ၀င်မှူမရှိပဲ
ဗီဂျေတွေရဲ့ နက်တ်ဝက်ဟာ ဒီ အောင် မြင် မူတွေရလာမှာမဟုတ်ခဲ့သလို ဗီဂျေ
နက်တ်ဝက်က ဒီအောင်မြင်မူုတွေရအောင် ဒီနည်းလမ်း တွေနဲ့ မ လုပ်ဆောင်ခဲ့ရင်
ဒီဗီဘီ တီဗီတခု ဖြစ်လာမှာမဟုတ်တာ မြေကြီးလက်ခတ်မလွဲပါ။ အခုမှ
အောင်မြင်ပြီဆိုပြီး နိုင်ငံရေးနဲ့ ခပ်ဝေးဝေးနေချင်ဖို့  ဒီဇာတ် ကို ဆင်
တယ်ဆိုရင် ကံကြီးထိုက်ပါ လိမ့်မယ်။ နိုင်ငံရေး အရိပ်ယောင်တွေကင်းလွတ်တဲ့
မီဒီယာ တရာ ရာခိုင် နုန်း ဖြစ်တယ်လို့ အသံကောင်းဟစ် ချင်ရင် နိုင်ငံရေး နဲ
့စထဲကမပတ်သတ်ပါနဲ့ လို့  မှောက်ချီ လှန် ချီ လုပ်တဲ့
ဒီဗီဘီခေါင်းဆောင်ကြီးများကိုပြောချင် တယ်။
၃။ ရွေဝါရောင်မတိုင်ခင်ထဲက ဗီဂျေနက်တ်ဝက်ဟာ အရှိန်ရနေပါပြီ။
အပြင်းထန်အလုပ်လုပ်ခဲ့တယ်။ လိုအပ် တဲ့နက်တ်ဝက်တည်ဆောက်ရေးကို
အငတ်ခံပြီးရတဲ့အလွန်နဲပါးတဲ့ငွေကြေးနဲ့ ယုံကြည်ချက်ကိုအရင်းပြုပြီး တည်ဆောက်ခဲ့ကြတယ်။ နှစ်ပေါင်းများစွာလက်တွဲခဲ့တဲ့ နိုင်ငံရေးရဲဘော်ရဲဘက်တွေနဲ့  လေးနက်တဲ့ဆွေး နွေးမူတွေကိုလုပ်ခဲ့ပြီး ရှိသမျှငွေကြေးနဲ့ အပြန်လှန်ထောက်ပံ့ပြီး အင်အားစုအားလုံးကိုတည်ဆောက်ရေး လုပ်ခဲ့တယ်။ နိုင်ငံရေးမှာအကျဥ်းထောင်မှာအတူနေခဲ့တဲ့ ရဟန်းတွေမကျန်တိုင်ပင်ကိုက်အောင်အတူလက် တွဲလုပ်ခဲ့ကြ လိုအပ်သလိုထောက်ပံ့ကူညီမူကိုလုပ်ခဲ့ကြတာပါ။ အကျိုးဆက်က ရွေဝါရောင်တော်လှန်ရေးမှာ အဆင်သင့်ဖြစ်နေခဲ့ပြီး တိုက်ပွဲရလဒ်ယေဘူယျအားဖြင့် အနိုင်မရသည့်တိုင်အောင် ကမ္ဘာသိအောင်တော့ လုပ်နိုင်ခဲ့တာပါ။ ဒါကြောင့်လဲဒီဗီဘီအနေနဲ့ နာမည်ကောင်းရပြီးနိုင်ငံတကာဆုပေါင်းများစွာရခဲ့
(ငါးဆယ် ကျော် ဖြစ်ပါမယ်) ဂုဏ်တက်ခဲ့၊ နောက်ဆုံးဘားမားဗီဂျေ ရုပ်ရှင်ဟာ
အော်စကာ ဖိုင်နယ်အထိပါခဲ့၊ ဒီဗီဘီကို နိုဘယ်ဆုပေးဖို
့ရာထားတဲ့အဆင့်ထိရောက်ခဲ့တာပါ။ အဲသည်လိုကာလမှာရွေဝါရောင်အပြီး ကိုနန္ဒဆိုတဲ့ သူက ပြည်တွင်းနိုင်ငံရေးအင်အားစုတွေကို
ဘယ်လိုငွေကြေးပေးပြီး နိုင်ငံရေးအင်အားစုတွေ လှုပ်ရှားနိုင်
အောင်ထောက်ပံ့ခဲ့၊ ပြသနာတွေဖန်တီးခဲ့တယ်လို့ ဒီဗီဘီဟာမီဒီယာတွေမှာအဆိုးဆုံးဖြစ်ပါတယ်လို့  ရဲချုပ် ခင်ရီ ရဲ့ သတင်းစာရှင်းလင်းပွဲနာမည်ထုတ်ပြော၊ မြတ်ခိုင်ကဂျာနယ်တွေမှာ ထောက်လှမ်းရေးက ဖမ်းခံရသူ တွေဆီကစာကိုငွေစာရင်းနဲ့ တကွနိုင်ငံသိထုတ်ပြောတာတွေလုပ်ခဲ့စဉ်မှာ မီဒီယာကိစ္စအတွက်ငွေကြေးသုံး တာမဟုတ်ပဲ၊ တခြားနိုင်ငံရေးကိစ္စတွေအတွက် ငွေကြေးသုံးနေတာတွေအလွဲသုံးစားမူတွေလို့  ဒီဗီဘီက ခေါင်းဆောင်များက စွပ်စွဲအရေးယူဖို့ နေနေသာ.အလွန်ကို သူရဲကောင်းသဖွယ်ချီးကျူးဂုဏ်ပြုမြှောက်စား ခဲ့ ယုံတင်မက ဒိုနာများကိုပါလူလုံးထွတ်ပြ၊ အကြိမ်ကြိမ် ပါဝါပွိုင့် တွေလုပ်ပြီး ငွေပိုရဖို့ ကြွားလုံးတွေထုတ် ခဲ့ကြတာပါ။
၎။ပြည်တွင်းမှာစီးပွားရေး လုပ်ငန်းတွေ ထူထောင်ထား၊ ကားတွေဝယ်ထားပါတယ်ဒါဟာအလွဲသုံးစား လို့  ပြောရအောင်ရွေဝါရောင်အပြီးမှာထောက်လှမ်းရေးက၀င်စီးသွားတဲ့ရေကျော်ကကိုအောင်ကြီး
(အခုအင်္ဂလန် ) ဦးဆောင်တဲ့လျှို့ ဝှက်ရုံးဟာ (ကာဗာစတိုရီ )
ဟန်ပြလုပ်ငန်းအဖြစ် ဗီဒီယို နဲ့  ကြော် ညာ လုပ်ငန်း ထူ
ထောင်ထားတာပါ။ဒါဘယ်သူ့ စီးပွားရေးလုပ်ငန်းမှမဟုတ်ပါ။ငွေကြေးအကျိုးမြတ် ကိုလဲ ရည်ရွယ်ခဲ့တာ မဟုတ်ပါ။ ငွေကြေးသိန်းနှစ်ရာနီးပါးလောက်ဆုံးရှုံးသွားရတဲ့အဲသည်လုပ်ငန်း ထူ ထောင်ခဲ့စဉ်က လူဟောင်း တွေအားလုံးလစာမယူပဲ ရတဲ့နည်းပါးတဲ့ဘတ်ဂျက်ထဲကအင်တာနက်အပါအ၀င်အားလုံးကိုတစစ
နဲ့ ရင်း နှီး စိုက်ထည့်ပြီး ထူထောင်ထားခဲ့တာပါ။ အဲသည်တုံး ကလစာ တွေ
လျော့ယူကြပြီး အားလုံးငွေနဲ့ ထူထောင် ထားခဲ့စဉ်က
လူသိထင်ရှားဖြစ်ပါလျှက်လစာအလွဲသုံးစား၊ ငွေကြေး အလွဲသုံးစားလို့ ခေါင်းစဉ်မတပ်ခဲ့တဲ့ ပြင် ဒီဗီဘီခေါင်းဆောင်ကြီးများက
ဂုဏ်ယူချီးကျူးခဲ့၊ ဂုဏ်ပြုမူ တွေ လုပ်ခဲ့ကြပြီး သည်လုပ်နည်း လုပ်ဟန်
အတိုင်း ပြည်တွင်းရုံးတွေ ဖွင့်ဖို့  ဟန်ပြ လုပ် ငန်း တွေလုပ်ခဲ့ ကြ
တာကိုအခုမှ ရုံးစား ရိတ်တွေပိုပြတယ်၊ လစာတွေအပြည့်မပေးအလွဲသုံး စားလုပ်တယ်၊
ဟန်ပြ လုပ်ငန်း လို့ မသုံးနုန်းတော့ပဲ စီးပွားရေး လုပ်ငန်း
တွေထူထောင်ထားရတယ်လို့ ဘာလို့  စွပ်စွဲလာပါသလဲ၊ နဲနဲမှ ရိုး
သားမူမရှိတော့တာပါ။ လျို့ ဝှက်လုပ်ငန်းဆိုတာ သစ္စာမဲ့ကြပြီဆိုရင်အလွန်အန္တရယ်ကြီးတယ်ဆိုတဲ့သင်ခန်း
စာပါ။ သုံးဦးတိုင်ပင်သဘောတူ လုပ်တဲ့ကိစ္စတွေကိုတောင် ကျန်နှစ်ဦးက သူတို
့မသိပါဖူး၊ ရီပိုဒ့်မတင် မသိ ရှိပါလို့ ငြင်းလာရင် ယူဂျီလုပ်ငန်းသဘောသဘာဝအရ
ပြသနာအလွန်ကြီးပါတယ်။ ဒါပေမယ့် ကာယကံရှင် တွေက ပြည်တွင်းလုပ်ငန်းမှန်သမျှဟာလူတယောက်အတွက်ဟုတ်မဟုတ်ကို သက်သေခံကြမှာပါ။
၅။ ဗီဂျေတွေရဲ့ နက်တ်ဝက်ဟာ မီဒီယာနက်တ်ဝက်သက်သက် မဟုတ်ယုံ၊ နိုင်ငံရေးအင်အားစုတွေနဲ့  အပြန်လှန်ယုံကြည်တဲ့လုပ်ငန်းစဉ်တွေရှိယုံမကပဲ
လျှို့ ဝှက်နက်နဲ တဲ့တည်ဆောက်မူတွေရှိတဲ့ နက်တ်ဝက် တခုဖြစ်ပါတယ်။
သေချာတဲ့ဥပမာကိုပြရရင် ဘယ်တုန်းကမှ စစ်အစိုးရရဲ့ နက်နဲ လျှို့ ဝှက်တဲ့
စီမံကိန်းတွေကို အထောက်ထားနဲ့ မဖေါ်ပြနိုင်ခဲ့တဲ့ ကိစ္စတွေကို
ထဲထဲဝင်ဝင်ဖေါ်ထုတ်နိုင် အထောက်ထားရအောင်စွမ်း ဆောင်နိုင်တဲ့စနစ်ကျ
တဲ့နက်တ်ဝက်ပါ။ အတွင်းကျနက်နဲတဲ့ လျို့ ဝှက်တဲ့ကိစ္စတွေမှာပါဝင်နေတဲ့ အစိုးရ၀န် ထမ်းတွေ၊ လုံခြုံရေးတပ်ဖွဲ့ ဝင်တွေပါ ထဲထဲဝင်ဝင်ပါဝင်ယုံကြည်နေအောင်တည်ဆောက်နိုင်တဲ့ နက်တ်ဝက် ပါ။ အဲသည်ကိစ္စတွေအတွက်သုံးရတဲ့ဘတ်ဂျက်ငွေကြေးတွေဟာ စပိုင်တွေအတွက်သုံးရတဲ့ငွေကြေးတွေ
လိုဘာအထောက်ထားမှ ရယူနိုင်တာမဟုတ်ပါ။ အစိုးရရဲ့ နယူကလိယားနဲ့ မြေအောက်
ဥမှင်လှိုဏ်ခေါင်း စီမံကိန်းတွေကို သတင်းရုပ် ရှင်အဖြစ်နဲ့ ဖန်တီးနိုင်
ပြီး အယ်လ်ဂျာဇီးယားက လွင့်လို့ ကမ္ဘာသိဖြစ်အောင် ဒီဗီဘီနာမည်ကြော်ကြားမူတွေ
ဗီဂျေနက်တ်ဝက်နဲ့ ဗိုလ်မူးစိုင်းသိန်းဝင်းကြောင့်ရလာတာတွေကြောင့် ဒီလို ကိစ္စတွေ တည်ဆောက်ဖို့ ကို ဒီဗီဘီခေါင်းဆောင်ကြီးများကအလွန်ကို အားပေးခဲ့ ငွေပုံသုံးစေခဲ့ပေမယ့် အခုလို သူတို့ နဲ့ သဘောမတိုက် ဆိုင်တဲ့အချိန်မှာ အဲသည်လိုကိစ္စတွေအတွက်သုံးစွဲတဲ့ငွေကြေးရဲ
့ အ ထောက်ထားကင်းမဲ့မူကိုပဲ အားနည်း ချက်တခုအဖြစ် အသုံးချဖို့ ကြံလာတာဟာ၊
သစ္စာမဲ့လွန်းတဲ့လုပ်ရပ်ပါ။ အကျိုးလိုလို့ ညောင်ရေလောင်းပြီး အဲသည်ညောင်ရေနဲ
့အရိပ်ခိုအသီးစားခဲ့တဲ့ ညောင်ပင်ကို အဆိပ် ခတ်သတ်ဖို့ ကျိုးစားတာပါ။
အဲသည်ကံကအကျိုးပေးမှာပါ၊
၆။ ကျွန်တော့်အနေနဲ့ က ဒီဗီဘီမှာပြည်တွင်းနက်တ်ဝက်ရဲ့ ဘက်ဂျက်ကိုသက်မှက်အတည်ပြုသူ ( Budget allocation)လုပ်သူမဟုတ်ပါ။ ငွေကြေးကိုလက်ခံရရှိပြီးကိုင်တွယ်အသုံးပြုသူမဟုတ်ပါ။ အဲသည် လိုပဲ ငွေ ကြေးစာရင်းလုပ်တဲ့ ဘောက်ချာတွေအပါအ၀င်တင်ပြတဲ့ ငွေစာရင်းကိုင် (accountant ) မဟုတ်ပါ။ လုပ်ငန်းသဘောအရ ပြည်တွင်းနက်တ်ဝက်ကိုလွဲသမျငွေလွဲမူအကုန်လုံးကို ဒီဗီဘီတခုလုံးငွေကြေးကိစ္စတာ ၀န်ခံတဲ့ ဒီဗီဘီလက်ထောက်ဒါရိုက်တာကိုခင်မောင်ဝင်းကဒါရိုက်တာကိုအေးချမ်းနိုင်ရဲ
့သဘောတူ ညီချက် နဲ့ ဆုံးဖြတ်ချက်ပေးပြီး အော်စလိုက ငွေစာရင်းကိုင်
ကထိုင်းမှာရှီတဲ့ ဒီဗီဘီရဲ့ ငွေကိုင်..(ထားထား ) ကိုလွဲ ပါတယ်။ အဲသည်ကမှ
ပြည်တွင်းဗီဂျေနက်တ်ဝက်ရဲ့  မန်နေဂျာကိုငွေလွဲပြီးမန်နေဂျာက
ငွေလက်ကိုင် သုံးစွဲပါတယ်။ မန်နေဂျာလက်ထဲကမှ အဆင့်ဆင့်ပြည်တွင်း
ကမန်နေဂျာတွေကို လွဲပြီးငွေကြေး သုံး စွဲပါတယ်။ ဗီဂျေနက်တ်ဝက်ဟာ
စည်းစနစ်မဲ့ငွေကြေးသုံးစွဲလို့ မရပါ ဖူး။ အဲသည်လိုသုံးစွဲတဲ့ ငွေကြေး သုံး စွဲ မူကို ပြည်တွင်းငွေစာရင်းကိုင်နဲ့ မန်နေဂျာကပြန်ပြုစုပြီးအော်စလို
စာရင်း ကိုင်ဆီကို လစဉ်တိုက် ရိုက် စာ ရင်းတင် နေရတာပါ။
ကျွန်တော့်ဆီကိုမဟုတ်ပါ။ ကျွန်တော်က ဒီဗီဘီဒုတိယဒါရိုက်တာ ခင်မောင်ဝင်း အ
ပါအ၀င် သုံးစွဲ ထားတဲ့ငွေစာရင်းတွေကို မှန်ကန်ကြောင်းအတည်ပြုလက်မှတ်ရေးထိုးရသူသုံးဦး
အနက် က တဦးသာဖြစ်ပါတယ်။ ငွေကြေးကိုလက်နဲ့  ကိုင် တွယ် ခွင့်တောင် ရသူမ
ဟုတ်ပါ။ ငွေကြေး ဘောက်ချာ တခုကိုလူသုံးယောက်လက်မှက်ထိုးအတည်ပြုရတဲ့ လူ သုံးယောက်ထဲက တဦးသာဖြစ်ပြီး ဘာကြောင့် တာ ၀န်ယူလက်မှတ်ထိုးရတဲ့သူတွေသုံးဦးထဲမှာ
အကြီး ဆုံး တာဝန်ယူထားလဲဖြစ်၊ လစဉ်ဘတ်ဂျက်ကို သတ် မှတ်ပေးသူလဲဖြစ်တဲ့ သူ
ဒုတိယ ဒါရိုက်တာခင်မောင်ဝင်းက တာဝန်မရှိပဲ ကျွန်တော့်ကသာတာဝန်ရှီသူ လို
့စွပ်စွဲ နေတာအဓိတ်ပါယ်မဲ့ပါတယ်။
၇။ ပြသနာအစပြုတာက ရွေးကောက်ပွဲကာလပါ။သတိထားသူတွေသိနိုင်တာက ရွေးကောက်ပွဲကာလမှာ ဒီဗီဘီအနေနဲ့ ရုပ်သံထုတ်လွင့်မူအစီစဉ်မှာအမှားယွင်းတွေကြီးကြီးမားမားဖြစ်နေတယ်ဆိုတာပါ။ အဓိကက အော်စလိုမှာစက်ပိုင်းကောလူပိုင်းကောပြသနာတက်နေပြီးအတွင်းနက်တ်ဝက်ကလုပ်နိုင်တဲံအရုပ်တွေ သတင်းတွေတခုမှ မလွင့်နိုင်အောင်ပြသနာတက်နေတာပါ။ အဲသည်ညမှာကြီးကြီးမားမားကိုအေးချမ်းနိုင်နဲ့  ကျွန်တော်နဲ့ စကားများမိုးလင်းပေါက်လောက်ထိစကားများကြပါတယ်။
ဒါလဲအကြောင်း တချက်ဖြစ်နိုင်ပါ တယ်။ အဲသည်ကာလ၀န်းကျင်မှာပဲ ကျွန်တော်တို့ 
ပြည်တွင်းနက်တ်ဝက်မှာ လူမူရေးကိုအခြေခံတဲ့ ပြသနာ တချို့ တက်ပါ တယ်။
အဲသည်တော့ မလွဲရှောင်သာ ကာယကံရှင်ကိုယ်တိုင်သဘောတူတဲ့ အရေးယူမူကို ပြည်တွင်းနက်တ် ၀က်တွင်းလုပ်ရပါတယ်။ အဲသည်အခြေအနေကိုအကောင်းဆုံးအသုံးချပြီး ပြည်တွင်း နက်တ်ဝက်ကို ခွဲထုတ် ဖို့ စကြိုးစားသူက ဒါရိုက်တာကိုအေးချမ်းနိုင်ဖြစ်ပါတယ်။ အောင်မြင် တယ် ပြောရပါမယ်။ ပြည်တွင်းနက်တ် ၀က်ကယုံကြည်အားထားတဲ့သူတချို့ ကိုသူကတိုက်ရိုက်စကွပ်ကဲပါတယ်။ ကျွန်တော်အကြိမ်ကြိမ်သတိပေးခဲ့ပါတယ်။ လုပ်ထုံးလုပ်နည်းမှားတယ်။ ဒါရိုက်တာတယောက်လုံးက အုပ်ချုပ်ရေးလမ်းကြောင်းကိုဖေါက်ပြီးတိုက် ရိုက်မလုပ်သင့်ဖူးဆိုတာကို။ ဒါပေမယ့် ထိပ်ဆုံးရာထူး ယူ ထား ပြီး ရည်ရွယ်ချက် ရှိသူပီပီ နားမထောင်ပဲ ပြည်တွင်းနက်တ်ဝက်မှာပဲလူတွေကိုတစစခွဲထုတ်၊ဖဲ့ထုတ် သူ့  သြ ဇာခံ တလက်ကိုင်လူတွေနဲ့  သဲလွန်စတွေတဖက်သတ်တိတ်တစိတ်စုယူတာတွေနဲ့ ပြည် တွင်း နက်တ်ဝက် ခေါင်းဆောင်သူတွေကို အရေးယူဖို့ ဇာတ်လမ်းတွေဆင်လာ ပါတယ်။
၈။ ပြီးခဲ့တဲ့ရွေးကောက်ပွဲကို နိုင်ငံရေးအရမယုံကြည်ပေမယ့်
မီဒီယာလုပ်ငန်းအရ တရားမမျုတတာကိုလဲ သက်သေနဲ့ တကွဖေါ်ပြပေးဖို့ လိုတယ်လို
့ယုံကြည်လို့  ပြည်တွင်းသတင်းနက်တ်ဝက်က အထူးအစီစဉ်တွေ ဆွဲခဲ့ပါတယ်။
ဒါရိုက်တာအေးချမ်းနိုင်ကလဲ. Live TV လွင့်ဖို့ ရူးသွပ်နေပြီးပြည်တွင်းနက်တ်ဝက်ကိုဖိအား
ပေးနေတဲ့ကာလဖြစ်လို့ အနီးကပ်အဲဒါကို စီမံဖို့  (တကယ်တော့ပြည်တွင်းကလူတွေ
တီဗီကိုလိုက်ဗ်လွင့်ဖို့  ဆိုတာ စွန့် စားမူကြီးလွန်းလို
့သဘောမတူဖူးပြောခဲ့ပြီးသားပါ ) ထိုင်းကိုခြောက်လလောက်သွားလုပ်ခဲ့ပါ တယ်။ ရွေးကောက်ပွဲပြီးလို့ မပြန်ခင်မှာတင် အော်စလိုဖက်ကဖြုတ်ထုတ်သတ်သတင်းတွေကြားပါတယ်။ ကိုထက်အောင်ကျော်တို့ သုံးဦးကိုအလုပ်ကထုတ်ပြီးရွေးကောက်ပွဲကာလမှာ ပူးပေါင်းဆောင်ရွက်မူမရှိ၊ ၊ဒေါ် အောင်ဆန်းစုကြည်လွတ်မြောက်မူသတင်းတွေမှာ လုပ်ပိုင်ခွင့်ကိုသုံးပြီးအလုပ်မဖြစ်အောင်လုပ်ခဲ့ဆိုတဲ့စွပ် စွဲ ချက်တွေနဲ့ ကိုမိုးအေးကိုအယ်ဒီတာအဖြစ်ကဖြုတ်ထုတ်လိုက်ပါတယ်။ တကယ်တော့ဒါတွေက အနှေး နဲ့ အမြန် အကောင်ထည်ဖေါ်မယ့်စီမံချက်တွေဆိုတာ ဘက်တခုထဲမှာရှိနေစဉ် (တည့်နေစဉ်က ) ဒါရိုက်တာ နဲ့ ဒုတိယ ဒါရိုက်တာတို့ တိုင်ပင်နေကြတာတွေကိုသိနေတဲ့အတွက်ကြောင့်
သူတို့ သဘောမကျသူတွေ ကိုဖြုတ် ထုတ် သတ် ဖို့ စီမံကိန်း ကိုသိနေပြီးဖြစ်လို
့မအံသြပါဖူး။ ဒါပေမယ့်အံ့သြစရာ က.ထိုင်း က ပြန် ခါနီးမှာ (နိုင်ငံရေး အ
ဖွဲ့ စည်းတွေမှာ ထဲ ထဲဝင်ဝင်အရေးပါတဲ့သူငယ်ချင်းတချို
့က.ဒီတခါမင်းတို့ အလှည့်၊ မင်းပြန်ရင် ရုံးတင် စစ်ဆေး ခံရမယ် )ဆိုတဲ့သတင်း
စကားပါ။ နဲနဲမှမယုံခဲ့လို့ ရီမော နောက် ပြောင် ခဲ့မိပါတယ်။ အော်စလို
ပြန်ရောက်ချင်း ဒီကိစ္စကို ဒါရိုက်တာနှစ်ဦးကို စကားစပ်လို
့အဲသည်လိုကြားတယ်လို့  ပြန်ပြောတဲ့အခါမှာ သူတို့ မျက်နှာပျက်ကြပြီး (
မဟုတ်ပါဖူး၊ ဒါကိုထက်အောင်ကျော်တို့ ဖက်က သတင်း လွင့်တာဖြစ်ပါ လိမ့်မယ်)လို
့ကိုခင်မောင်ဝင်းကပြန်ပြောပါတယ်။ ဒါပေမယ့် တကယ် တန်း ကျတော့ အဲ သည်ကိစ္စကသွေးထွတ်အောင်မှန်ခဲ့ပါတယ်။ထောင်ထွတ်မို့လို
့ထောင်စကားပြောရရင် သတ် ခံ ရမယ့် သူကလွဲလို့ သူအသတ်ခံရတော့မယ်ဆိုတာ
တထောင်လုံး သိပြီးသားဖြစ်နေပါတယ်။ နောက်တော့ ပိုတောင်ခိုင်မာလာပါ တယ်။
၉။ အတွင်းပြသနာကို အစပြုတာက နက်တ်ဝက်အတွင်းက လူတယောက်က
သူရသင့်ရတိုက်တဲ့ငွေကြေး မရဖူး ဆိုတဲ့အီးမေးလ်တခုကစတာပါ။
အဲသည်ကိစ္စကိုသိသိချင်း ငွေပေးသူကိုကော လက်ခံသူနှစ်ဥိးလုံးကို ပါ
မေးမြန်းခဲ့သလို ဒါရိုက်တာနှစ်ဦးလုံးကိုလဲ ငွေထုတ်ပေးသူပြည်တွင်းမန်နေဂျာနဲ့ လက်ခံမရဖူးလို့ ဆိုသူ သတင်းထောက်ကို နှစ်ဦးလုံးထိပ်တိုက်မေးဖြေရှင်းခိုင်းဖို့ ပြောခဲ့ပါတယ်။ ဒါပေမယ့်စထူးဆန်း လာတာက အဲသည်ကိစ္စကို အထောက်ထား တခုအဖြစ် သာသုံးလာပြီးကာယကံရှင်နှစ်ဦးကိုတိုက်ရိုက် မေးမြန်း ဖို့ ၊ တေ့တေ့ဆိုင်ဆိုင်ရှင်း ခွင့်ပေးဖို့ ကိုလက်မခံတာပဲ။ ဘယ်ကိစ္စမှာမဆိုနှစ်ဖက်စကားကိုနားထောင်ဖို့ လို တယ်ဆိုတာရှင်းပါတယ်။ ပြည်တွင်းကိုငွေပို့ ပြီးမရောက်ဖူးဆိုတာပြည်ပအခြေစိုက်အဖွဲ့ စည်းတွေကြုံနေ ကြ ပြသနာပါ။ဒါပေမယ့် နည်းပညာနဲ့ ဆက်သွယ်ရေးဒီလောက်ကောင်းတဲ့ဗီဂျေနက်တ်ဝက်တွင်းမှာ ဒါက လက်ခံနိုင်ဖို့ ကောင်းတဲ့ကိစ္စမဟုတ်လို့ ကျွန်တော်ကခေါင်းမာမာယုံကြည်တဲ့သူပါ။ ရှင်းလို့ ရကိုရရ ပါလိမ့် မယ်။ ဒါပေမယ့် ဒီဗီဘီထိပ်ပိုင်းခေါင်းဆောင်
တွေက ပြသနာကိုဖြေရှင်းဖို့ ငွေပေး သူ ပြည်တွင်းမှာရှိတဲ့ မန်နေဂျာနဲ
့ယူသူကိုဖြစ်စေ၊ သူတို့ အထက်ကတာဝန်ခံတဲ့ ကိုပွကြီး၊ ကျွန်တော် တို့ နဲ
့ဖြစ် စေ မရဖူး ဆိုတဲ့သူကိုတိုက်ရိုက်ပြောဖို
့၊ ဖြေရှင်းဖို့ ကို လက်မခံပဲ ပြည်တွင်းကလူတွေကို တိတ်တဆိတ် ခိုး ဆက်
သွယ်၊ အထောက်ထားလိုက်စု၊ တဖက်လှည့်စကားတွေနဲ့ လျောက်မေးလာတာပါ၊ အဲဒါကို လဲ
ပြည် တွင်းမန်နေဂျာတွေအပါအ၀င်၊ နတ်တ်ဝက်ကပြန်သိလာတော့ ပြသနာကပိုကြီးကျယ်
လာပါ တယ်။ ရိုး သားမူမရှိတော့ဖူး တခုခုကိုအန္တရယ်ပေးဖို
့ကြိတ်ကြံစည်နေပြီလို့ ပြည်တွင်းနက်တ်ဝက်က တစစယုံကြည် လာပါတော့တယ်။
မျှမျှတတငွေမရဖူးပြောသူနဲ့ ငွေပေးသူကို ထိပ် တိုက်ရှင်းခွင့်မပေးပဲ မရဖူး
ဆိုသူ ရဲ့ စွပ်စွဲချက်ကို ပဲအတည်ယူပြီး စွဲချက်အထပ်ထပ်တက်လာတာက ကျွန်တော်
အပါအ၀င် အဆင့် ဆင့် တာဝန်ခံရသူတွေက ဒီဗီဘီထိပ်ပိုင်းးကိုသံသယဖြစ်စရာအတိဖြစ်လာခဲ့ ပါတယ်။ ဒါကြောင့်လဲခင်ဗျားတို့ မှာ (hidden agenda ) ဘာရှိနေလဲလို့ ကျွန်တော့်ကိုဖယ်ပစ်ချင်သလား၊ နက်တ်ဝက် အုပ်ချုပ်ရေး ကလူတွေ ကိုဖယ်ပြီးခင်ဗျားတို့ နက်တ်ဝက်ကိုအပိုင်လိုချင်သလား၊ အကြိမ်ကြိမ် မေးခဲ့ပေမယ့် မရှိဖူး လို့ အကြိမ်ကြိမ် ဗျောင် ငြင်းခဲ့ပေမယ့်နဲနဲမှယုံကြည်ဖို့ မကောင်းတဲ့ အခြေအနေ ကို ရောက်လာခဲ့ပါတယ်။
၁၀။ ပြည်တွင်းကလူက ငွေကြေးကိုမရဖူးဆိုတဲ့ကိစ္စကိုအကြောင်းပြုပြီး ဒီဗီဘီအုပ်ချုပ်ရေးပိုင်း၊ စာရင်းအင်း ပိုင်းကတောင်းဆိုလာတဲ့အချက်တွေက အခြေအနေကိုပိုဆိုးဝါးလာစေပါတယ်။
ပြည်တွင်းက လျို့ ဝှက်ရုံး တွေအားလုံးရဲ့ စာချုပ်တွေပေးရမယ်၊
(စာချုပ်ဆိုတာအဲသည်လျို့ ဝှက်တဲ့ရုံးတွေရဲ့ အိမ်လိပ်စာ၊ ငှားသူမှတ်ပုံ တင်၊
အမည်ရင်းအားလုံးပါတာပါ ) ဖုန်းတွေအားလုံးရဲ့ စာရွက်စာတမ်းစသည်ဖြင့် အ ချက်
လက်အသေး စိတ်ကို ပေးဖို့ တောင်းဆိုလာပါတယ်။ ယုံကြည်စိတ်ချရတဲ့ အခြေအနေမှာ
ယူဂျီဖြစ်သည့် တိုင် အောင် မပေးနိုင်စရာ မရှိပါ။ ဒါပေမယ့်ယုံကြည်စိတ်ချဖို
့ခက်ခဲလာတာကဒါရိုက်တာနှစ်ဦး
လိုအပ်ချက် အရ ဆို ပြီးအော်စလိုကိုခေါ်ခန့် လိုက်တဲ့ အုပ်ချုပ်
ရေးအရာရှိချုပ်လို့  (Admind chief ) ရာထူးပေးလိုက်တဲ့ အရင် ချင်းမိုင်က
စာရင်းကိုင်လာပိုးဟာ ဗိုလ်ထိန် မောင် နဲ့ အဖွဲ့ နေပြည်တော်မှာငြိမ်းချမ်း
ရေးဆွေး နွေးပွဲ လုပ်စဉ်မှာ အဖွဲ့ ဝင်အဖြစ်ပါတဲ့သူနဲ့ မောင်နှမတော် နေပြီး
အဲသည်ဆွေးနွေးပွဲမှာတောင်. နော်ဝေမှာရှီတဲ့ သူတွေကပြန်လာချင်တယ်လို့ သူတို
့ရဲ့ ကရင်မိသားစု တွေကိုရည်ညွန်းပြီး အလေးနက်ထား ဆွေးနွေး တဲ့ဗီဒီယိုကို
ပြည်တွင်းနက်တ်ဝက်ကသိနေတာပါပဲ။
သည်လို အခြေအနေမှာ ရှိသမျှပြည်တွင်းနက်တ် ၀က်ယူဂျှီလုပ်နေရသူတွေကော ၊
သည့်ထက်ပိုအရေးကြီးတဲ့ လျို့  ၀ှက် နေရာ၊လူပုဂိုလ် တွေရဲ့ အချက်
လက်တွေကိုကော အဲသည်လူလက်ကို ယုံကြည်စွာပေးအပ်ဖို့  ပြည်
တွင်းဗီဂျေနက်တ်ဝက်ကဘယ်လိုမှ
သဘော မတူနိုင်တာပါ။ ဘယ်လိုမှငွေစာရင်း လို့ အကြောင်းပြတောင်း
သည့်တိုင်အောင်. အဲသည်လို မိသားစုနောက်ခံ ရှိတဲ့ယုံကြည်ဖို
့ခက်ခဲတဲ့သူလက်ထဲကိုပြည်တွင်း ယူဂျီ စာ ရင်းကိုမအပ်နိုင်ပါ။ ဒီအပေါ်မှာ ဒီဗီဘီရဲ့ ငွေစာရင်းဌာနလူအား လုံးနဲ့ ပြည်တွင်းနက်တ်ဝက်စာရင်းကိုင်၊ မန် နေဂျာ တွေ အကြီးကျယ် ပြသနာပေါ်ခဲ့ပါတယ်။ အဲသည်ပြသနာပေါ်မှာလူချင်းယုံကြည်ချက်ချင်း လဲထိပ် တိုက်တိုးပြီးမုန်းတီး မူတွေ စ ပါတယ်။ အဲသည်မုန်းတီးမူတွေကနောက်ထပ်ပြသနာတွေကို ပေါ်ဖို့ အခြေအနေ ကိုလဲ ဒါရိုက်တာ နှစ်ဦး ကဖန်တီးပေးခဲ့ပါတယ်။ တခြားဆက်စပ်တဲ့အကြောင်းရာတွေက ရွေးကောက်ပွဲမတိုင်ခင်မှာတင် ဦးဟန်က ခေါ်တွေ့ ပေးလို့ ဆိုပြီး ဘန်ကောက်မှာ အခုကွယ်လွန်သွားပြီဖြစ်တဲ့ဒေါက်တာနေ၀င်းမောင်၊ ဦးလှမောင်ရွေ တို့ နဲ့ သွားတွေ့ ရတာပါဆိုပြီး ကိုအေးချမ်းနိုင်ကပြောခဲ့တာ။ နောက်ကွယ်ဇာတ်လမ်းတွေကယုံဖို့ ခက်ခဲ လာပါတယ်။ ဒီကိစ္စတွေကနောက်ဆုံး ပြည်တွင်းမန်နေဂျာတွေနဲ့ စက်တင်ဘာလတွင်းကိုအေးချမ်းနိုင် ကျွန်တော့်ကိုဖယ်ထားပြီးတိုက်ရိုက်သွားဆွေးနွေးတဲ့ ဆွေးနွေးပွဲမှာ နှစ်ဖွဲ့ ကွဲကြတော့မယ်လို့ ဆုံးဖြတ်ချက် တရားဝင်ချအပြီးမှာ ပိုပြီးရှင်းလင်းသေချာလာပါတယ်။ မြတ်ခိုင်နဲ့ ရင်းနှီးတဲ့အော်စလိုကို ခေါ်ယူထားတဲ့ သတင်းထောက် ……နဲ့ အင်တာဗျူးမှာ အားလုံးကိုမကွယ်မ၀ှက်မြတ်ခိုင်က ဂျာနယ်မှာရေးချလိုက်တဲ့အခါ ကျွန်တော်တို့ ထဲကဖမ်းခံရတဲ့လူစာရင်းတွေကို မြတ်ခိုင်လိုလူလက်ထဲကိုထည့်မယ်ဆိုတာ ငြင်းမရအောင် ပေါ်လာပါတယ်။ ပြည်တွင်းကလူစာရင်းကိုသတင်းပေးလုပ်တဲ့လုပ်ရပ်ပါ။ တကယ်တော့အကြိမ်ကြိမ်ပြည် တွင်းနက်တ်ဝက်နဲ့ သဘောတူခဲ့တဲ့လုံခြုံရေးစည်းကိုအကြီးကျယ်ချိုးဖေါက်ခဲ့တာပါ။ စာချုပ်စာတမ်းမရှိတဲ့ အတွက်ကြောင့်တရားရုံးမတင်နိုင်ပေမယ့် ယုံကြည်ချက်တရားရုံးကတော့သမိုင်းမှာရှောင်လွဲရနိုင်မယ့် ကိစ္စ မဟုတ်ပါ။
၁၁။ဒိုနာတွေရဲ့ လိုအပ်ချက်အခြေအနေအရ ငွေစာရင်းသက်သေပြမူကိုတောင်းဆိုလာရတာပါ ဆိုပေမယ့် ပြည်တွင်းနက်တ်ဝက်အနေနဲ့  အခြေအနေကိုသုံးသပ်ရင်ယုံကြည်ဖို့ မကောင်းတဲ့အခြေအနေဖြစ်လာတာက ဒီဗီဘီတွင်းဖြုတ်ထုတ်သတ်အခြေအနေပါ။
အားနည်းချက်တွေကိုသိနေတဲ့ လူဟောင်းတွေဖြစ်တဲ့ ကိုမိုးအေး
ကိုအယ်ဒီတာအဖြစ်ကဖြုတ် ဘေးချိတ်ပြီး အခြားလူဟောင်း တွေဖြစ်တဲ့ အတွေ
့ကြုံရှိ လူဟောင်းသတင်း ထောက်တွေဖြစ်တဲ့ ကိုထက်အောင်ကျော်၊ မခင်နှင်းထက်
၊နန်းခန်းကဲရော့တို့ ကို ပြည် တွင်းနက်တ် ၀က် နဲ
့အဆင်မပြေဖူးဆိုတဲ့ခေါင်းစဉ်နဲ့ ရှင်းလင်းခဲ့ပါတယ်။ ရှင်းလင်းခဲ့တဲ့နေရာမှာလဲ သိတဲ့အတိုင်းပြောရရင်သူ တို့ ဟာ ဒီဗီဘီအတွက်အရေးပါတဲ့ပြည်တွင်းနက်တ်ဝက်နဲ့  ပူးပေါင်းဆောင်ရွက်မူမရှိပဲ ဆန့် ကျင်နေလို့ ဆို တဲ့ အကြောင်းပြချက် ကိုကျွန်တော်နဲ့ ပြည်တွင်းနက်တ်ဝက်ကိုပေးသိခဲ့ပြီးသူတို
့ကိုဖြုတ်ထုတ် သတ် လုပ် ခဲ့တာပါ။ ဒါရိုက်တာအေးချမ်းနိုင်က အဖွဲ
့စည်းပုံဖေါ်ရေး (institutionalize ) လုပ်တယ်လို့ ကျွန် တော့် ကို
ဆွေးနွေးခဲ့ပေမယ့် နောက်ဆုံးပစ်မှတ်ဟာ ဒါရိုက်တာတွေသြဇာကိုဆန်
့ကျင်နိုင်တဲ့ပြည်တွင်းနက် တ်ဝက် ကိုဥိးတည်လာပြီလို့ သိရတဲ့အခါဒါဟာ အဖွဲ
့စည်းကို (personalize ) လုပ်လာတဲ့ ပုဂိုလ်ရေး သြဇာအာဏာ
တည်ဆောက်တဲ့လုပ်ရပ်လို့ ပဲထင်းထင်းပေါ်လာပါတယ်။ တကယ်တော့ သီးခြားအဖွဲ့ သ
ဖွယ်ဖြစ်နေတဲ့ သူ တို့ တိုက်ရိုက်ကိုင်တွယ်ခွင့်မရတဲ့ ဗီဂျေနက်တ်ဝက်တခုလုံးကို အပြီးပိုင်သိမ်းဖို့ စီမံချက် ဖြစ်သလို ဒီဗီဘီ တွင်းအာဏာတည်ဆောက်ရေးကို အခြေအနေကိုအသေးစိတ်မသိနိုင်တဲ့ နိုင်ငံခြားသား တွေများတဲ့ ဘုတ် အဖွဲ့ ကိုပါ အယုံသွင်းပြီးပုံဖေါ်လာခဲ့တာပါ။
၁၂။အရေးကြီးတဲ့အချက်က ပြည်တွင်းဗီဂျေနက်တ်ဝက်ကို စထူထောင်စဉ်ကစလို
့ဒါရိုက်တာနှစ်ဦးဟာ သူတို့ လက်ကိုင်လျှို့ ဝှက်အင်အားစုအဖြစ်ဖန်တီးခဲ့တာပါ။ ကျွန်တော်အပါအ၀င်ပြည်တွင်းနက်တ်ဝက်အဖွဲ့  ၀င်အားလုံးကဒီဗီဘီနဲ့ ပက်သက်လို့ အစိမ်းပါ။ ဘာမှအတွင်းရေးသိသူတွေမဟုတ်ပါ။
ယုံကြည်ချက်ကြောင့် သာလုပ်သင့်တယ်လို့ ယုံတာကို ထောက်ခံတဲ့အဖွဲ
့စည်းရှိလာလို့ လုပ်ခဲ့ကြတာဖြစ်ပါတယ်။ ဘေးဘီ ရှေ
့နောက်လှည့်ကြည့်ခဲ့သူတွေမဟုတ်ပါ။ နောင်တချိန်အခုလိုတေ့ဖြုတ်တဲ့ လုပ်ကြံမယ့်ပြသနာမျိုးကိုလဲ ကြိုသတိနဲ့ တွေးထားခဲ့သူတွေမဟုတ်ပါ။ ပြည်တွင်းနက်တ်ဝက်တဖြည်းဖြည်းအောင်မြင်လာချိန်မှာ
ဒီဗီဘီလူ ဟောင်းတွေနဲ့ လုပ်ငန်းသဘောအရ လက်တွဲမလုပ်ကိုင်လို
့မဖြစ်တဲ့အခြေအနေကြောင့် ဆွေးနွေးဖို့  တောင်းဆိုရင်တောင်မှ
ဒါရိုက်တာနှစ်ဦးက သူတို့ နှစ်ဦးနဲ့ သာအလုပ်သဘောပြောဆိုဖို့ ပြောပြီး
ကျန်ဒီဗီဘီ လူဟောင်းများနဲ့ ပြည်တွင်းနက်တ်ဝက်ကြားဆက်ဆံရေးကိုဖြတ်တောက်ထားခဲ့ပါတယ်။
ဆိုလိုတာက အဖွဲ့  စည်းတခုထဲမှာစည်းခြား ထားပြီး နှစ်ဖက်အားနဲ့ အပြန်လှန်
ရန်တိုက်ပေးပြီး ၊လက်ကိုင်ကစားခဲ့ကြတာပါ။ ဆိုး ကြိုးကိုလက်တွေ့ ခံစားရတာက
အခုလို အခြေအနေမှာ ဒီဗီဘီအဖွဲ့ စည်းတွင်းမှာ ပြည်တွင်း နက်တ်
ဝက်ကိုလဲလူဟောင်းတွေအနေနဲ့ မုန်းတီးသူများပြီး အခုလိုအခြေအနေမှာ
ယုံကြည်လောက်တဲ့ သက် သေမရှိ တော့တာပါ။ သူတို့ ရည်ရွယ်ချက်အတိုင်းတာတခုထိအောင်မြင်တယ်ဆိုရပါမယ်။ တဖက်မှာလဲ ပြည်တွုင်းနက်တ်ဝက်အင်အားကိုသုံးပြီး သြဇာမညောင်းနိုင်တော့မယ့် လူဟောင်းတွေကိုဖြုတ်ထုတ်သတ်၊ လူဟောင်းတွေမလှန်နိုင်တော့မှ
အားရှိ နေသေးမယ့် ပြည်တွင်းနက်တ် ၀က်ကိုဖြိုဖို့ ကြိုးစားခဲ့တာပါ။
ပြသနာမဖြစ်ခင်အထိ ကျွန်တော့ ရှေ့ တင် ယုံ ကြည်စွာဒါရိုက်တာနှစ်ဦးဆွေး
နွေး ခဲ့တဲ့ ဖြုတ် ထုတ် သတ်စီမံချက်ထဲမှာ အခုထိမ ပါသေးပဲ စာရင်း ထဲ ရှိသူ
တချို့ လဲကျန်သေးပေမယ့် မသင့်တော်၊ သက် သေမရှိလို့  ထုတ်မပြော တော့ပါ။
သေချာတာက ကျန် ရှိသူ တွေထဲ မှာလဲသူတို့ သဘောနဲ့ မကိုက် အာခံနိုင် သူလို
့ယူဆသူတချို့ ကိုလဲ ဆက်လက် ရှင်း လင်း သွားဦးမှာပါ။ အထူးသဖြင့်လူတော်တွေ
သတိထားရပါလိမ့်မယ်။အဓိကကအဖွဲ့စည်းပြုပြင်ပြောင်းလဲရေးထက်အဖွဲ့စည်းတွင်းအာခံသူ မရှီ အောင် ပုဂ္ဂ လိကပိုင်ပြု၊အာဏာတည်ဆောက်ရေးလုပ်တာပါ။အောင် မြင် သင့်သလောက်လဲ အောင်မြင် တယ်ပြောရပါ မယ်။
၁၃။ မီဒီယာကနေပြီး အခုဖြစ်တဲ့ပြသနာဟာ နိုင်ငံရေးပြသနာမဟုတ်၊
သဘောထားကွဲလွဲမူပြသနာမဟုတ် လို့ ပါလို့ အကြိမ်ကြိမ်ဝါဒဖြန်
့ရုပ်သံတောင်လွင့်နေတာကို ပြောဖို့ လိုလာပါတယ်။ ငွေကြေးအလွဲသုံးစားမူ
တကယ်စစ်မှန်ခဲ့တယ်လို့ ယုံကြည်တယ်၊ အထောက်ထားခိုင်ခိုင်မာမာရှိခဲ့တယ်လို
့ဆိုရင်တကယ်တော့ ဒီကိစ္စကို အကြိမ်ကြိမ် ကြေညာချက်ထုတ်ယုံတင် မလုံလောက်ပဲ
ဘာကြောင့် တီဗီကနေ ကိုယ့်လူနဲ့ ကိုယ် စည်းဝါးရိုက်ထားတဲ့
အင်တာဗျူးတွေအကြိမ်ကြိမ်လွင့်လာပါသလဲ။ သေချာတာက ဒီကိစ္စဟာ ဒီဗီဘီအနေ နဲ့ အဖွဲ့ စည်းရဲ့ ဂုဏ်ယူလောက်တဲ့ အောင်မြင်မူကြီးမဟုတ်သလို.ပရိတ်သတ်အတွက်လဲ ဘာမျှ အကျိုးဖြစ် စေတဲ့သတင်းမဟုတ်တာ လူတိုင်းသိနိုင်တဲ့ကိစ္စပါ။ တကယ် ငွေကြေးအလွဲသုံးစားမူစစ်မှန်ခဲ့ရင် အဖွဲ့ စည်း အနေနဲ့ အရှက်ရဖို့ တောင်ကောင်းတဲ့ကိစ္စပါ။ ဒီကိစ္စကိုဘာကြောင့်အကြိမ်ကြိမ်အထပ်ထပ်
ထုတ်လွင့်နေ ရပါသလဲ။ ရည်ရွယ်ချက်ကဘာပါလဲ။ ရှင်းပါတယ်။
ပုဂိုလ်ရေးအမုန်းတရားနဲ့ .မီဒီယာကိုအသုံးချပြီး သိက္ခာ ချချင်တာ၊
မကြာခင်ကမှပြည်တွင်းမှာထောင်ကလွတ်လာကြတဲ့ရဲဘော်ရဲဘက်ဟောင်းတွေနဲ့  ကြားမှာ ယုံ ကြည်မူပျက်သွားစေဖို့ နဲ့ ၊ ရှင်းရှင်းပြောရရင်နိုင်ငံရေးအရဂုဏ်သိက္ခာချဖို့ ၊နဲ့ ဒီဗီဘက်ကိုဆွဲဆောင်စည်းရုံး ဖို့ ပါ။ တကယ်တော့အထောက်ထားခိုင်လုံတယ်၊ ငွေကြေးအလွဲသုံးစားလုပ်တာမှန်တယ်လို့ ယုံကြည်ရင် အကြိမ်ကြိမ် မီဒီယာကနေကြော်ညာထိုးနေစရာမလိုပါ။ အမူဖွင့်ဖို့ နဲ့ တရားရုံးမှာကိုတင်ဖို့ သာရှိပါတယ်။ သတ္တိရှိရှိရိုးရိုးသားသားနဲ့ တရားရုံးမှာရှင်းကြဖို့ သာရှိပါတယ်။
၁၄။ နောက်ဆုံးအနေနဲ့ ပြောရရင် တရားရုံးတခုရဲ့ ဆုံးဖြတ်ချက်မတိုင်ခင် လူနာမည်အသေးစိတ်ကိုဖေါ်ပြပြီး
ရာဇ၀တ်မူနဲ့  အပြစ်ရှိ ပါတယ်လို့ တဖက်သတ်စွတ်စွဲယုံတင်မက၊
မီဒီယာကိုသုံးပြီးပါ မီဒီယာတခု ရဲ့  ကျင့် ၀တ် နဲ့ မညီတာ
ဂျာနယ်လစ်အားလုံး အခြေခံအားဖြင့်နားလည်ရတဲ့ကိစ္စပါ။
မီဒီယာ ရဲ့ ကိုယ်ကျင့် တရား နဲ့ တင်မက တရားဥ ပဒေအရလဲမကိုက်ညီပါ။
မလျော်ကန်ပါ။ အဲသည်လိုကိစ္စကို လူပုဂိုလ် အမုန်း တရား၊ အယူအဆမတူကွဲပြား တာနဲ
့အဖွဲ့ စည်းကိုအသုံးချထုတ်လွင့်တာဟာ လုပ်ပိုင်ခွင့်အလွဲသုံးစားမူနဲ့ ၊ လူ ပုဂိုလ်ဂုဏ်သိက္ခာကို အကြီး ကျယ်ထိခိုက်စော်ကားမူတရပ်ပါ။
ဒီအတွက်မဖြစ်မနေ ကျွန်တော့်အနေ နဲ့ တရားစွဲရပါမယ်။ ဦးဆာင်သူတွေ အဖွဲ
့စည်းကို အလွဲသုံးစားလုပ်မူအတွက် အဖွဲ့ စည်း ကပြန်လည် ပေးဆပ်ရပြီဆိုရင်
ပေးဆပ်မူက ကြီး မား ပါလိမ့်မယ်။ ကျွန်တော်တို့  တရားပြိုင်တွေအနေနဲ
့တရားမျှတတဲ့ တရားရုံးတခုမှာမျက်နှာချင်းဆိုင်ရင်ဆိုင်တွေ့ကြပါမယ်။အဲသည်လိုပဲမီဒီယာကိုဆက်အသုံးချ ပြီးဝါဒဖြန့် ချိ နေဦးမယ်ဆိုရင်တခြားသောတရားမျှတမူရှိမယ့်နည်းလမ်းများနဲလဲရင်ဆိုင်တွေ့ကြပါမယ်။ ကျွန်တော်အပါဝင်အဖွဲ့ စည်းတွင်းထဲထဲဝင်ဝင်ရှိခဲ့သူတွေအနေနဲ့ ဒီဖက်မှာလဲပြောစရာအချက်လက်
များစွာရှီနေဥိးမယ်ဆိုတာလဲ သတိပြုဖို့ လိုပါတယ်။ ခြိမ်းခြောက်တာမဟုတ်ပါ။
တရားရုံးမှာလဲ ပြောစရာ များ စွာရှိနေဦးမှာမို့ ဒီမှာအသေးစိတ်တော့ပြောမှာမဟုတ်ပါ။ အစိုးရတခုလုံးကို နှစ်နှစ်ဆယ်ကျော် တော် လှန် ခဲ့တဲ့ သမိုင်းရှိခဲ့သူတယောက်အနေနဲ့ မက ကိုယ့်လိပ်ပြာကိုယ်လုံသူတယောက် အနေ နဲ့ နဲ နဲ မှ မ ကြောက်ပါ။ တရားရုံး မှာအဖြေပေးမှာဖြစ်တဲ့အပြင် အချိန်နဲ့ ရပ်တည်ချက်ကလဲ အဆုံးသတ်အဖြေ ကို ပေးလာပါလိမ့်မယ်။
သစ္စာရှိစွာဖြင့်
မျိုးမင်းနိုင်၊ ခေါ်ကိုနန္ဒ
ဆက်သွယ်ရန် ၄၇ ၉၂၈၈၈၃၂၄
No comments:
Post a Comment