![]()
ဒေါက်တာဘမော်ဆိုတာတော့
စာဖတ်သူများအား အထူးမိတ်ဆက်ပေးဖို့ လိုမည်မဟုတ်သည့် အလွန်ထင်ရှားခဲ့သော
မြန်မာနိုင်ငံရေး သမားကြီး တစ်ဦးဖြစ်ပါ၏။သူသည် ၁၉၃၀ တစ်ဝိုက်တွင်
ပေါ်ပေါက်ခဲ့သောတောင်သူ လယ်သမားအရေးတော်ပုံကြီး၏ ခေါင်းဆောင်
ဆရာစံကိုအင်္ဂလိပ်အစိုးရက နိုင်ငံတော်ပုန်ကန်မှုဖြင့်
ဖမ်းဆီး၍ရုံးတင်စစ်ဆေးနိုင်ရန် တရားခံဆရာစံဘက်မှရှေ့နေလိုက်ရင်း ထင်ရှား
လာသည်။ ၁၉၃၂ ခုနှစ် ဒိုင်အာခီရွေးကောက်ပွဲတွင်မြန်မာနိုင်ငံအားအိန္ဒိယမှ
ခွဲထုတ်သင့်သည်၊ သို့မဟုတ် အိန္ဒိယနှင့် တွဲထားသင့် သည်ဟူသော
ခွဲရေးတွဲရေးပြဿနာသည် မဲဆွယ်စည်းရုံးရာ၌အဓိကပြဿနာဖြစ်လာခဲ့ပြီး
ခွဲရေးဘက်မှရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ရင်း နိုင်ငံရေးထဲ ၀င်လာသူ
ဖြစ်ပါသည်။
ထိုရွေးကောက်ပွဲတွင်ရမည်းသင်းတောင်ပိုင်း ဥပဒေပြုလွှတ်တော်အမတ်အဖြစ် အရွေးခံရကာ ၁၉၃၄ တွင် ပညာရေးဝန်ကြီးဖြစ်။ ၁၉၃၆ရွေးကောက်ပွဲတွင် သူ၏ဆင်းရဲသားဝံသာနုပါတီက အမတ် ၁၆ နေရာသာရ၍အောင်မြင်တဲ့နိုင်ငံရေးသမားဖြစ်ချင်ရင် ကိုယ့်ကိုယ် ကိုနှိမ့်ချနိုင်တဲ့စိတ်မျိုးမွေးရမယ်။မြင်မြင်ရာကိုအာဏာပြချင်လို့ မဖြစ်ဘူး။ စကားပြောတာရည်မွန်ရမယ်။ အနှစ်ပါတဲ့စကား မျိုးပြောရ မယ်။အောက်ခြေလူထုနဲ့ ကိုယ်ဟာတစ်သားတည်းပါလို့လူထုက ယုံကြည်လာစေမယ့် ကိုယ်အမူအရာနှုတ်အမူ အရာမျိုးပြနိုင်ရ မယ်။ရွေးကောက်ပွဲရှူံးကာ ပညာရေးဝန်ကြီးရာထူးမှ ထွက်ရ။ သို့ရာတွင်အမတ်နေရာ ၄၅ နေရာရသည့်ဘကြီးဘဖေတို့၏ ငါးပွင့်ဆိုင်ပါတီက အစိုးရမဖွဲ့နိုင်သဖြင့် ဒေါက်တာဘမော်ကို အစိုးရဖွဲ့ခိုင်းသည့်အခါ ၁၉၃၇ ခုနှစ် ဧပြီလတွင်ညွန့်ပေါင်းအစိုးရ ဖွဲ့လိုက်နိုင်၍နန်းရင်းဝန်ဖြစ်ခဲ့။ သို့ရာတွင်၁၃၀၀ ပြည့် အရေးတော်ပုံကြီး၏နောက်ဆက်တွဲအဖြစ် မန္တလေးအာဇာနည် ၁၇ ဦး ကျဆုံးသည့်အရေးအခင်းအပြီး ၁၉၃၉ဖေဖော်ဝါရီတွင် ဂဠုန်ဦးစော၏ အယုံအကြည်မရှိအဆိုဖြင့်သူ၏ အစိုးရ အဖွဲ့ပြုတ် ကျခဲ့ပြီးနောက် သခင်များနှင့်ပေါင်း၍မြန်မာ့ထွက်ရပ်ဂိုဏ်းဖွဲ့။ ဂျပန်ခေတ်တွင် အဓိပတိကြီး လုပ်နေစဉ် ဂျပန်ကိုတော်လှန်ရန် သူ့အစိုးရအဖွဲ့ထဲမှ ၀န်ကြီး အချို့လ၏လျှို့ဝှက်ကြံစည်နေကြသည်ကိုတောင် မသိကျိုးကျွံပြု၍ ဂျပန်များမသိအောင် အကာအကွယ်ပေးသွားခဲ့သူအဖြစ် အများသိ ကြပြီး ဖြစ်ပါသည်။ ဒေါက်တာဘမော်သည်အောင်ဆန်းအက်တလီစာချုပ်ကိုလက်မှတ်မထိုးခြင်း၊ ၁၉၄၇ ခုနှစ်ဧပြီလ ရွေးကောက်ပွဲကိုဂဠုန်ဦးစော၊ သခင် ဗစိန်တို့နှင့်အတူသပိတ်မှောက်ခြင်း စသော ပြည်သူလူထု၏ လွတ်လပ်ရေးတပ်ဦးဖဆပလအဖွဲ့ကြီးနှင့် ဆန့်ကျင်ခဲ့သော မကောင်းသည့် သမိုင်းကလေးများရေးထိုးသွားသူဖြစ်သော်လည်း နိုင်ငံရေးသမားတစ်ဦးအနေဖြင့်အလွန်ပါးနပ်လိမ္မာလှသူဟုပြောနိုင်ပါသည်။သူ၏ အပြုအမူများမှာအတုယူဖွယ်ကောင်းသော အပြုအမူများဖြစ်သည်ဟုလည်း ဆိုနိုင်ပါသည်။ကျွန်တော့်ဖခင်က သူ့ထံသို့ရောက်လာ သည့် ကျွန်တော့်သူငယ်ချင်းအားဒေါက်တာဘမော်၏ နမူနာကိုပြ၍ ဆုံးမဖူးပါသည်။ကျွန်တော့်သူငယ်ချင်းသည် ထိုစဉ်အခါ မဆ လခေတ်ထဲ၌မြို့နယ်ကောင်စီ အလုပ်အမှုဆောင်အဖွဲ့ဝင်အဖြစ် တာဝန်ယူ၍မြို့နယ်အဆင့် လူကြီးဖြစ်နေ သူ ဖြစ်ပါ၏။ ကျွန်တော့် ဖခင်က သူငယ်ချင်းဖြစ်သူအား ပြောပြချက် အရ ဒေါက်တာဘမော်သည် ကျွန်တော်၏ မွေးရပ်ဇာတိ သာဝတ္ထိဒေသသို့ ရောက်ဖူးသည်။ သာဝတ္ထိမြို့အနောက်မြောက်ဘက် သုံးမိုင်လောက်အကွာတွင်ရှိသည့် မြောင်ခေါင်းကြီးရွာသို့ ရောက်လာခဲ့ခြင်းဖြစ်သည်။ သူသည် ရမည်းသင်းတောင်ပိုင်း မဲဆန္ဒနယ်ကတက်သည့် ဥပဒေပြုလွှတ်တော်အမတ်ဖြစ်ရာ သူ့မဲန္ဒနယ်ထဲ၌ပါသောမြောင်ခေါင်း ကြီးရွာ သို့ရောက်လာခြင်းမှာ သဘာဝ ကျပါသည်။ဒေါက်တာဘမော်သည်မြောင်ခေါင်းကြီးသို့ ကြောင်ရေရွာမှ ကူးလာခြင်းဖြစ်။
ကြောင်ရေရွာမှာ
ယခင်မဆလခေတ်ထဲ၌ဆောက်လုပ်ရေးဝန်ကြီးတာဝန်ယူသွားသူ ဗိုလ်ချုပ်လှထွန်း
ပါတီဌာနချုပ်၌ သမ၀ါယမ၊ လယ်ယာ၊ သစ်တောရေးရာ ကော်မတီကိုကိုင်သွားသူ
ဗိုလ်မှူးကြီးမင်းညီနှင့် စာတိုက်ကြေးနန်းနှင့် ဆက်သွယ်ရေးဦးစီးဌာနတွင်
ညွှန်ကြားရေးမှူးချုပ်လုပ်သွားသူ ဗိုလ်မှူးကြီးခင်မောင်ထွန်းတို့၏
ဇာတိရွာဖြစ်ပါသည်။သာဝတ္ထိမှ လယ်ဝေးသို့သွားသည့်ရန်ကုန်-မန္တလေးကားလမ်းဘေးတွင်
တည်ရှိပါသည်။ကြောင်ရေရွာမှ လယ်ကွင်းများကိုဖြတ်၍
ကြို့ဇလုတ်နှင့်ကဇွန်းခင်း ရွာများ ကိုဖြတ်ပြီးမြောင်ခေါင်းကြီးသို့
ဆက်လာရမည်ဖြစ်ရာ ကြို့ဇလုတ်ရွာဘက်သို့မကူးမီ
ရိုးကလေးတစ်ခုကိုဖြတ်ကျော်ရမည်ဖြစ်၏။ ရိုးထဲ၌ရေစပ်စပ်နှင့်
ရွှံ့နှစ်များလည်း အနည်းငယ်ရှိနေရာ ဒေါက်တာဘမော်ကို ကြိုဆိုကြမည့်
မြောင်ခေါင်းကြီးရွာမှ ထောက်ခံသူများ ကထိုရိုးတစ်ဖက်ကမ်းသို့တိုင်
သွား၍ဝေါကဲ့သို့သော ထမ်းစင်ဖြင့်စောင့်ကြိုနေကြသည်။ဒေါက်တာဘမော်ရောက်လာသော
အခါထမ်း စင်(၀ါ)ဝေါပေါ်သို့ မချီတင်ရန်စီစဉ်ကြ၏။ သို့ရာတွင် ဒေါက်တာဘမော်သည်
သူ့ကို ထောက်ခံသူများ၏ အစီအစဉ်ကို လက်မခံပေ။ ကျွန်တော့်ဖခင်က
ကျွန်တော့်သူငယ်ချင်းအား နာမည်တပ်၍ ခေါ်ကာ ဤသို့ပြောပါသည်။မောင်ဘထွန်း။
မင်းရဲ့မြို့နယ်ကောင်စီရာထူးဟာဘာမှမဟုတ်ဘူးနော်။ဒေါက်တာဘမော်ဆိုတာသူ့ခေတ်မှာ
အမြင့်ဆုံးပညာရေးဘွဲ့ဖြစ်တဲ့ ဒေါက်တာ ဘွဲ့ကို အစောဆုံးရထားတဲ့
ပုဂ္ဂိုလ်ကြီး။နောင်အခါမှာ နန်းရင်းဝန်ကြီးဖြစ်၊
အဓိပတိကြီးဖြစ်သွားတဲ့လျှမ်းလျှမ်းတောက် နိုင်ငံရေး
သမားကြီးနော်။ဝေါပေါ်တင်မယ့်လူတွေကို ဘာပြောလဲ သိလား။ ''အို၊
အို၊ကျွန်တော့်ကို အဲဒီလို မလုပ်ပါနဲ့''တဲ့။ မင့်နှယ်
သူ့ဖိနပ်ကိုချွတ်၊လက်တစ်ဖက်နဲ့ကိုင်၊ တောင်ရှည်ပုဆိုးကြီးကို လက်တစ်ဖက်နဲ့
မပြီးခြေသလုံးတစ်ပတ်ရစ်လောက် ရေထဲကနေပြီး ရိုးကိုဖြတ်ကူးတယ်ဗျာ။''ဒါကြောင့်
ငါ့တူအောင်မြင်တဲ့ နိုင်ငံရေးသမားဖြစ်ချင်ရင်ကိုယ့်ကိုယ်ကို
နှိမ့်ချနိုင်တဲ့စိတ်မျိုးမွေး ရမယ်။မြင်မြင် ရာကို
အာဏာပြချင်လို့မဖြစ်ဘူး။ စကားပြောတာရည်မွန်ရမယ်။
အနှစ်ပါတဲ့စကားမျိုးပြောတတ်ရမယ် ။အောက်ခြေလူထုနဲ့ ကိုယ်ဟာ
တစ်သားတည်းပါလို့လူထုကယုံကြည်လာစေမယ့် ကိုယ်အမူအရာနှုတ်အမူ
အရာမျိုးပြနိုင်ရမယ်။ဒေါက်တာဘမော်က လူထုနဲ့ အတူ
တူရေထဲ၊ရွှံ့ထဲဖြတ်ပြီးရိုးကို ကူးတယ်ကွ''ဟု ကျွန်တော့်ဖခင်က
သူငယ်ရွယ်စဉ်ကတွေ့ခဲ့ဖူးသော ဒေါက်တာဘမော်အကြောင်းကို
သာဓကပြ၍ကျွန်တော့်သူငယ်ချင်းအား ဆုံးမဖူးပါသည်။
ကျွန်တော်သည်ဒေါက်တာဘမော်
ကျွန်တော်တို့ဒေသသို့ရောက်ခဲ့သည်မှာ ၁၉၃၂ရွေးကောက်ပွဲ အကြိုကာလတွင်လား၊
၁၉၃၆ရွေးကောက်ပွဲ အကြိုကာလတွင်လား သို့မဟုတ် ၁၉၄၀ပြည့်နှစ်တွင်လည်း
ကြားဖြတ်ရွေးကောက်ပွဲ လုပ်ခဲ့ဖူးသေး၍ ထိုနောက်
ဆုံးရွေးကောက်ပွဲအကြိုတွင်လားဆိုသည်ကိုမေးမထားမိ၍ ခုနှစ်အတိအကျတော့
မဖော်ပြနိုင်တော့ပါ။ ၁၉၃၅ လောက်တွင်ဒေါက်တာ ဘမော်၏ ဆင်းရဲသားပါတီနှင့်
ဂဠုန်ဦးစော၏မျိုးချစ်ပါတီတို့သည်ပြိုင်ဆိုင်မှုပြင်းထန်နေခဲ့ပြီးဖြစ်ရာ ၁၉၃၆
ရွေးကောက်ပွဲ အကြိုတွင်
ဖြစ်ဖို့များပါသည်။ကျွန်တော့်ဖခင်သည်ကျွန်တော့်သူငယ်ချင်းအား တူလိုသားလို
မေတ္တာ စေတနာဖြင့် သူ့အတွေ့အကြုံမှ ထုတ်နုတ်၍ ဆုံးမသည့်သဘော
ဖြစ်ပါသည်။မှန်ပါသည်။
နိုင်ငံရေးသမားများသည် လူထုနှင့်
တိုက်ရိုက်ထိတွေ့ ဆက်ဆံနေရသူများဖြစ်ရာ
လူထုကိုကိုယ်နှုတ်အမူအရာကောင်းများဖြင့် နမူနာကောင်းများ ပြနိုင်အောင်
ကြိုးစားကြရပါ၏။ လူထုကြားတွင် နိုင်ငံရေးသမားတစ်ဦးထံမှ
အမြင်မတော်သောအမူအရာမျိုး အကြားမလျော်သော စကားမျိုး
မြင်ကြားလိုက်ရပါသော်လူထုသည်
ထိုနိုင်ငံရေးသမားကိုအထင်သေးသွားတတ်ပါသည်။ယခုအခါ
စစ်ဗိုလ်ချုပ်ကြီးများအဖြစ်မှ နိုင်ငံရေးသမားများအဖြစ်သို့ ပြောင်း၍
လုပ်နေကြရသူများအတွက် နည်းယူဆင်ခြင်ဖွယ်များဖြစ်ပါသည်။ စစ်တပ်ထဲတွင်
'ရှေ့ဖင်နောက်၊ တစ်ဖြောင့်တည်း' ဟုပြောသော်လည်း ရိုင်းပျသည်ဟူမဆိုနိုင်။
မည်သို့တန်းစီရမည် ကိုအထင် ရှားဆုံး ဖော်ပြနိုင်သောစကားဟုသာ ယူဆကြရန်
ရှိသည်။ အရပ်ဘက်တွင် အထူးသဖြင့် နိုင်ငံရေးသမား တစ်ဦးအဖြစ်နှင့်ထိတွေ့
ဆက်ဆံနေရသောနယ်ပယ်တွင် ယဉ်ကျေးရည်မွန်မှုသည် အထူးလိုအပ်ပေသည်။
ပါးနပ်လိမ္မာမှုဟု
ဆိုလျှင်လည်းရပါ၏။ဒေါက်တာဘမော် ကွယ်လွန်ပြီးနောက်
အိုးဝေဦးညိုမြက'တိဟိတ်ကလေးမှ တိဟိတ်ကြီးသို့ ပျံသန်းသူ' ဟူသော
ဆောင်းပါးကိုရေးပါသည်။ ထိုဆောင်းပါး၌ဒေါက်တာဘမော်၏
စိတ်ဓာတ်နှင့်သဘာဝများကို ဖော်ပြထားပါသည်။ တစ်နေရာ၌ဒေါက်တာဘမော်သည် အာဏာကို
သုံးခွင့်ရှိသော်လည်းမသုံးဘဲ မည်သူ့ကိုမျှသိက္ခာမပျက်စေသော အနုနည်းဖြင့်
လိုရာရောက်အောင်ပြုခဲ့ပုံကိုယ်တွေ့ကို ဤသို့ဖော်ပြထားသည်။တစ်ခါတွင်
နိုင်ငံခြားသို့ပညာသင်သွားကြမည့် ပညာသင်များ ဘိလပ်သို့ ထွက်ခွာချိန်၌
ပန်းဆိုးတန်းဆိပ်ကမ်းသို့
နန်းရင်းဝန်ဒေါက်တာဘမော်ရောက်လာသည်။ဂေါ်ရာတံခါးမှူးက သူ့ကိုနန်းရင်းဝန်
မှန်းလည်းမသိ။ ၀င်ခွင့်မပေးချေ။ဒေါက်တာဘမော်သည် အပြုံးမပျက်၊ ဘာမျှမပြောဘဲ
တံခါးပေါက်သို့ဝင်လိုသူတွေ ပိုများ လာ၍ဂေါ်ရာကြီးကောင်းကောင်း
မစစ်ဆေးနိုင်ဖြစ်လာချိန်တွင်မှ လူအုပ်ထဲ၌ အခြားသူများနှင့်ရောနှောပါသွားကာ
သင်္ဘောပေါ်ရောက် သွားပါသတဲ့။ဦးညိုမြက ဤသို့ရေးပါသည်။''သူသည်
အာဏာကိုသုံးနိုင်ပါလျက်မသုံး။ မည်သူ့မျှ သိက္ခာမပျက်စေဘဲ အနုနည်းနှင့်
လိုရာရောက်စေ၏''ဟူပါ၏။
ကျွန်တော်သည်မိတ်ဆွေတစ်ဦးပေးလိုက်သော စာအုပ်ကိုဖတ်နေရင်းကျွန်တော့်ဖခင် ကျွန်တော့်သူငယ်ချင်း တစ်ဦးအားပြောပြဖူး သည်များကိုပြန်လည်သတိရမိသဖြင့် ဤဆောင်းပါးကိုရေးလိုက်ရပါသည်။ နိုင်ငံရေးတွင် အဓိက လိုအပ်ချက်ဖြစ်သော ရိုးသားမှုအပြင် ပါးနပ်လိမ္မာမှု ယဉ်ကျေးရည်မွန်မှုများ လိုအပ်သေးသည်ဟု ဆိုလိုက်ချင်ပါသေးသည်။ |
Friday, March 8, 2013
ဒေါက်တာဘမော်ထံမှ အတုယူစရာ
Labels:အတိတ်က မြိတ်သမိုင်း
သူ့အတွေး သူ့အမြင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment