Friday, March 8, 2013

ဈေးကွက်ထဲမှာ ကားဝယ်သူတွေ ဆောင်ရန်၊ ရှောင်ရန် ၁ဝ ချက်


 
ဒီနေ့ခေတ် ကား Showroom တွေမှာ ကားဝယ် နေသူတွေအတွက် နိုင်ငံတကာ ကားဈေးကွက် ကျွမ်းကျင်သူ သုတေသီ တွေ က လေ့လာပြုစုတင်ပြထားတဲ့ ကားဝယ်သူများ ဆောင်ရန်၊ ရှောင်ရန် တွေကို တင်ပြပါမယ်။ 

(၁) ကားဝယ်ရာမှာ မလိုအပ်တဲ့ အပိုဆာဒါး Add-ons တွေကို မဝယ်ပါနဲ့တဲ့။ အချို့သော ကားကုမ္ပဏီ အရောင်းပြ ခန်းတွေဟာ သူတို့သဘောနဲ့ သူတို့ ထပ် ထည့်ထားတဲ့ မလိုအပ်တဲ့အရာတွေကို ပေါင်းရောင်းတတ်တယ်။ Rust-Proofing လိုဟာတွေပေါ့။
 (၂) ကားသစ် ဝယ်စီးမယ့် သူတွေဟာ ပေါ်ပြူလာဖြစ်တဲ့ တံဆိပ်၊ မော်ဒယ် အနည်းငယ်ကိုသာ ကြည့်တတ်တယ်။ ကား ၃ စီးလောက်ပဲ လျှောက် ကြည့်တတ် တယ်။ အလယ်အလတ်ဆိုက် အမျိုးအစား ဝယ်မယ်ဆိုရင်တောင် အနည်းဆုံး ၁ဝ စီးလောက် ကြည့်ပါ။
(၃) Invioce ဘောက်ချာ ထဲမှာ ပါတဲ့ ပစ္စည်း စုံ မစုံ ကြည့်ပါ။ 
(၄) စမ်းသပ်မောင်းနှင် မကြည့်ဘဲ မနေပါနဲ့။ 
(၅) ဘဏ်နဲ့ ပေါင်းပြီး တစ်ဝက်တစ်ပျက်ပေး၊ အကြွေးဝယ် Hire Purchase ဆိုရင် အရေးကြီးတာက လစဉ်ပေးရမှာက ဘယ်လောက် ဆိုတာ၊ ဘယ်နှစ်လဆိုတာ ဂရုပြုပါ။
 (၆) ၂ဝဝ၈ နောက်ပိုင်းမှာ ဓာတ်ဆီဈေး မဆိုးလှဘူး။ မတက်ဘူးဆိုပြီး လူတွေက အင်ဂျင်ပါဝါကြီးတဲ့ ဆီစားကြီးတဲ့ ကားတွေ ဝယ်ကြ တယ်။ ကိုယ်လိုအပ်တာထက် ပိုဝယ်ခြင်းကိုရှောင်။ (၇) ငွေလက်ငင်းဝယ်ချင်တာကို နောက်ဆုံးမှ ပြောပါ။ မဟုတ်ရင် ကားဈေးနှုန်း အတွက် သင့်ညှိနှိုင်းမှုကို အနှောင့်အယှက် ဖြစ်မယ်။ 
(၈) ဘဏ်နဲ့ချိတ်ဆက်ပြီး အကြွေးဝယ်တဲ့အခါ ကိုယ့်ရွေးချယ်ပိုင် ခွင့်အတွက် သတိထားပါ။
 (၉) တစ်ခွန်းဈေးလို့ပြောပြီး ကားပေါ်မှာ စတစ်ကာ ကပ်ထားရုံဖြင့် ဈေးဆစ်ဖို့ မမေ့ပါနဲ့။ ကားအကြောင်း ဘာမှ မသိရင်သာ သူတို့ပြောတဲ့ ဈေးနဲ့ ဝယ်ရမှာပါ။ 
(၁ဝ) အခွန်ကိစ္စ၊ ဘာညာ ကိစ္စတွေ၊ ပေါ်လစီကိစ္စတွေကို သင်နားမလည်ရင် Dealer  တွေက ဒါတွေကို သင့်ကားတန်ဖိုးပေါ်မှာ ထပ်ပေါင်းသွားလိမ့်မယ်။
နေသူရိန်(မန်း)
 

No comments: