ဒီနေ့နေ့လည်ခင်းက….ကျနော်နေထိုင်ရာ အမေရိကန်ပြည်ထောင်စု ၊ နယူးယောက်ပြည်နယ်၊ ဘတ်ဖဲလိုးမြို့ထဲ
ကို ကိစ္စလေးတခုရှိလို့ ကားမောင်းထွက်လာခဲ့တယ်….မီးပ္ပို င့်တစ်ခုကို အရောက် မီးကနီ လို့ ကားကိုရပ်လိုက်တယ်
ကျနော့်ကားက မီးပ္ပိုင့်ရှေ့ဆုံးမှာ..လမ်းကန့် လန့် ( မီးစိမ်းနေတဲ့ဘက်က ) VIP ဖြစ်ပုံရပါတယ်…ကားတန်းရှည်ကြီး
စ၀င်လာတယ်…ရှေ့ဆုံးမှာ ဆိုင်ကယ်စီးရဲတွေ တဘက်တချက်နဲ..နောက်မှာကားတန်းကြီး ကားတန်းကြီးအလယ်
လောက်မှာ မှန်လုံကားလေးစီးလောက်ရှိမယ်ထင် တယ်…အမေရိကန်အလံတွေ တလွှားလွှားနဲ့ လှမ်းမြင်နေရတယ်
ဘာ VIP မှန်း ကျနော်လဲ မသိပါဘူး..ထူးခြားတာက ကျနော်တို့ မြန်မာနိုင်ငံမှာလို့ ၀စီတွေ တရွှီးရွီး ၊ ဥသြသံတွေဆွဲ
လာတာမျိုး..လက်နှက်ကိုင်တပ်သားေ တွအပြည့်နဲ့ပုံစံမျိုးတော့ မဟုတ်ဘူး ။ ကျနော်လဲ သူတို့ကို ကြည့်နေရင်းက
သူတို့ကားတန်းဆုံးလို့ မီးစိမ်းလာမှာကိုပဲ..စောင့်နေမိ တယ် ( စိတ်ထဲမှာထင်မိတာက ..တဘက်လမ်းက VIP လာနေ
တာမို့..ကျနော်တို့ ဘက်လမ်းကို မီးနီထားတယ်ထင်တာ )………။
ဗြုန်းဆို..မီးက ကောက်အစိမ်း…VIP ကားတန်းက မဆုံးသေးတဲ့အပြင်…အဓိက ကျတဲ့ လူလားဘာ
လား ကျနော်မသိဘူး…မှန်လုံ ကားကြီးက မီးပ္ပိုင့်တစ်ဘက်ထိပ်မှာ တုန့်ကနဲ ရပ်သွားတယ်ဗျာ ( သူတို့ဘက်က မီးနီ
သွားတာကိုး )…ကျနော်ကားက ရှေ့ဆုံးမှာ…ဘာလုပ်ရမှန်းမသိဘူး …ဇော်ကန့်လန့်ဖြစ်နေမိတယ်..ရှေ့ ဆက်ထွက်ရ
မှာလား…ဒီအတိုင်းရပ်ပေးထားရမှာလား…အဲဒီလိုတွေဝေနေချိန်မှာပဲ…နောက်က ကားတန်းက ဟွန်းသံတွေ တပွမ်
ပွမ်ပေး…ဗျင်းပါလေရောလား…ကျနော် လဲ…ဖြစ်ချင်ရာဖြစ်ဆို…၀ူးကနဲမော င်းထွက်သွားလိုက်တယ်..မလုံ့တစ်လုံနဲ့
နောက်ကြည့်မှန်ထဲက လှမ်းကြည့်လိုက်တော့…ကျနော့်နော က်က ပါလာတဲ့ ကားတွေကလဲ…ပုံမပျက်ပါဘူး…ဒီအတို င်း
ပါလာတာပဲ…မီးနီနေတဲ့…အခြမ်းဘက်က VIP ကားကြီးကလဲ…ဒီအတိုင်းရပ်ထားစဲ…… ..။ကျနော် စိတ်ထဲမှာ တမျိုး
တော့ဖြစ်မိတယ်…နောက်ကပါလာတဲ့ကား တန်းကြီးကို နောက်ကြည့်မှန်ထဲက တချက်လှမ်းကြည့်ရင်း…စိတ်ထဲမှာ
တီးတိုးလေးရွတ်…တောင်းပန်မိလိုက်တယ်….( ကျနော့်ကိုခွင့်လွှတ်ပါဗျာ..ကျနော်က မြန်မာပြည်က လာတာမို့ပါ )။

ကို ကိစ္စလေးတခုရှိလို့ ကားမောင်းထွက်လာခဲ့တယ်….မီးပ္ပို
ကျနော့်ကားက မီးပ္ပိုင့်ရှေ့ဆုံးမှာ..လမ်းကန်
စ၀င်လာတယ်…ရှေ့ဆုံးမှာ ဆိုင်ကယ်စီးရဲတွေ တဘက်တချက်နဲ..နောက်မှာကားတန်းကြ
လောက်မှာ မှန်လုံကားလေးစီးလောက်ရှိမယ်ထင်
ဘာ VIP မှန်း ကျနော်လဲ မသိပါဘူး..ထူးခြားတာက ကျနော်တို့ မြန်မာနိုင်ငံမှာလို့ ၀စီတွေ တရွှီးရွီး ၊ ဥသြသံတွေဆွဲ
လာတာမျိုး..လက်နှက်ကိုင်တပ်သားေ
သူတို့ကားတန်းဆုံးလို့ မီးစိမ်းလာမှာကိုပဲ..စောင့်နေမိ
တာမို့..ကျနော်တို့ ဘက်လမ်းကို မီးနီထားတယ်ထင်တာ )………။
ဗြုန်းဆို..မီးက ကောက်အစိမ်း…VIP ကားတန်းက မဆုံးသေးတဲ့အပြင်…အဓိက ကျတဲ့ လူလားဘာ
လား ကျနော်မသိဘူး…မှန်လုံ ကားကြီးက မီးပ္ပိုင့်တစ်ဘက်ထိပ်မှာ တုန့်ကနဲ ရပ်သွားတယ်ဗျာ ( သူတို့ဘက်က မီးနီ
သွားတာကိုး )…ကျနော်ကားက ရှေ့ဆုံးမှာ…ဘာလုပ်ရမှန်းမသိဘူး
မှာလား…ဒီအတိုင်းရပ်ပေးထားရမှာလ
ပွမ်ပေး…ဗျင်းပါလေရောလား…ကျနော်
နောက်ကြည့်မှန်ထဲက လှမ်းကြည့်လိုက်တော့…ကျနော့်နော
ပါလာတာပဲ…မီးနီနေတဲ့…အခြမ်းဘက်က
တော့ဖြစ်မိတယ်…နောက်ကပါလာတဲ့ကား
တီးတိုးလေးရွတ်…တောင်းပန်မိလိုက
No comments:
Post a Comment