Friday, July 19, 2013

ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့နှင့် မွေးမြူရေး ဦးစီးဌာနတို့ ပူးပေါင်း၍ တိရစ္ဆာန်ကျန်းမာရေး ကဏ္ဍရှိ လုပ်ငန်းများ ယခုနှစ်အတွင်း တိုးချဲ့လုပ်ဆောင်မည်


Saturday, July 20, 2013

မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့တို့ ပူးပေါင်း၍ တိရစ္ဆာန် ကျန်းမာရေးကဏ္ဍရှိ လုပ်ငန်းများကို ယခုနှစ်အတွင်း တိုးချဲ့လုပ်ဆောင်မည် ဖြစ်ကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (မြန်မာ)မှ အဖွဲ့ခေါင်းဆောင် Dr.Tony Williams ၏ ပြောကြားချက်အရ သိရသည်။

တိရစ္ဆာန် ကျန်းမာရေးကဏ္ဍရှိ လုပ်ငန်းများ အနက်မှ ခွာနာလျှာနာရောဂါ၊ ၀က်နားရွက်ပြာရောဂါ၊ ကြက်ငှက်တုပ်ကွေး ရောဂါများနှင့် ဆက်စပ်သည့် လုပ်ငန်းများကို တိုးချဲ့လုပ်ဆောင်မည် ဖြစ်သည်။
''အဖွဲ့အနေနဲ့ တိရစ္ဆာန်ကတစ်ဆင့် လူကိုကူးစက်တဲ့ ရောဂါတွေကို ဦးစားပေး လုပ်နေတယ်။ ဥပမာ- ကြက်ငှက်တုပ်ကွေး ရောဂါလိုမျိုး လူကိုကူးစက်တဲ့ ရောဂါလိုဆိုရင် စဖြစ်တယ်လို့ သံသယရှိတဲ့ နေရာတွေကို စစ်ဆေးမှုတွေ ပြုလုပ်ပြီး တခြားဒေသတွေကို ပျံ့နှံ့မှု မရှိအောင် ထိန်းချုပ်ရေး လုပ်ငန်းတွေ လုပ်တယ်။ နောက်နယ်စပ် ဒေသတွေကတစ်ဆင့် ပြည်တွင်းကို ကူးစက်မှု မရှိအောင်လည်း ရောဂါရှိမရှိ စစ်ဆေးမှုတွေလုပ်ပြီး ကြိုတင်ကာကွယ်ရေး လုပ်ငန်းတွေကိုလည်း သက်ဆိုင်ရာဌာနတွေနဲ့ ပူးပေါင်းလုပ်ဆောင် ပေးနေပါတယ်'' ဟု Dr.Tony Williams က ပြောကြားခဲ့သည်။

ယခုနှစ်အတွင်း တိုးချဲ့လုပ်ဆောင်မည့် လုပ်ငန်းများကို EU၊ LIFT၊ OIE စသည့် ပြည်ပ အဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ဆောင် သွားမည်ဖြစ်ရာ ယခုနှစ်အတွင်း ယင်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရန် စီစဉ်ထားကြောင်း သိရသည်။

Eleven Media Group

မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ၌ မွေးမြူရေးခြံ လုပ်သားတစ်ဦးက နွားများအား စားကျက်လွှတ်လာစဉ်

No comments: