Tuesday, December 17, 2013

နိုင်ငံပိုင် သတင်းစာတစ်ခုမှ စာရေးသူတဦးက ပုလောမြို.အကြောင်းရောသမမွှေလိုက်ပုံက

နိုင်ငံပိုင် သတင်းစာတစ်ခုမှ စာရေးသူတဦးက ပုလောမြို.အကြောင်းရောသမမွှေလိုက်ပုံက ဒီလိုတဲ့ဗျာ...
အပေါ်က ဆောင်းပါး ဖတ်လိုက်ကြရသေးလားမိတ်ဆွေတို့။ နိုင်ငံပိုင်သတင်းစာတစ်ခုက အခုလို တလွဲတွေ ရေးထားတာကို တွေ့လိုက်ရလို့ပါ။ စာရေးသူကို အကဲခတ်ရသလောက် ပုလောကို မရောက်ဖူးပုံမရပါ။ ပုလောသမိုင်း ကို စက်တော်ရာသမိုင်းဖတ်ပြီး ရေးထားပုံရပါတယ်။ (စာရေးသူကို ကျွန်တော်အခုစာရေးချိန်အထိ လုံးဝမသိသေးပါ။) ပထမဆုံး ပုလောမြို့ဆိုတာ မြန်မာစကားလို့လည်းပြောတယ် အနက်လည်းပြန်ထားလိုက်သေးတယ်။ ဘာကို ကိုးကားပြီး ပြန်လိုက်လဲဆိုတာကိုတော့ စာရေးသူပဲ သိပါလိမ့်မယ်။ ပြီးတော့ စာရေးသူက ပုလောမြို့ဆိုတာ အရင်တုန်းက ပလ၊ အဲဒီပုလောတောင်ကုန်းပေါ်မှာ စက်တော်ရာရှိတယ်၊ ပြီးတော့ ပုလောဆိုတာ ပင်လယ်ထဲက လှိုင်းလေခိုအောင်းရာ ကျွန်းလို့ ထင်နေပုံရတယ်။ ပုလော၊ ပလ၊ စက်တော်ရာကို တနေရာတည်းမှာလို့ ထင်နေပုံရတယ်။ ပလမှ ပုလောဟုခေါ်ဆိုခြင်းသည်............ပုလောတောင်ကုန်းဟုခေါ်ဆိုကြခြင်းဖြစ်သည် ရေးထားပုံကို ကြည့်ရင် ပလ ကနေ ပုလောလို့ ပြောင်းလာတာလို့ ထင်နေပုံရတယ်။ ပြီးတော့ ပုလောတောင်ကုန်းဆိုတာလည်း ပုလောမြို့မှာမရှိပါ။ ပုလောမြို့မှာ ရှိတဲ့ တောင်ကုန်းတွေကလည်း ကိုယ်ပိုင်နာမည်တွေရှိကြပါတယ်။ စက်တော်ရာတောင်ကလည်း ကမ္ဘာလှတောင်ဆိုပြီး နာမည်ရှိပါတယ်။ နောက်တပုဒ် တနင်္သာရီကမ်းရိုးတန်းပင်လယ်ပြင်အတွင်း .....စက်တော်ရာမြို့ဟုလည်း နှုတ်ခွန်းခေါ်ဆို နှုတ်ကျိုးပြောဆိုနေကြသည်မှာ ယနေ့တိုင်ဖြစ်ပါသည်။ အဲဒီမှာတော့ စက်တော်ရာတောင်ကို ပင်လယ်တွင်းက လှိုင်းလေခိုအောင်းရာ တောင်စွယ်လို့ ဆိုထားပါတယ်။ ဒါကလည်း စက်တော်ရာသမိုင်းကို မှီငြမ်းထားပုံရတယ်။ အဲဒီခေတ်က ပထ၀ီဝင်အနေအထားရ စက်တော်ရာတောင်ဟာ ကျွန်းတစ်ခုလည်း ဖြစ်ချင်ဖြစ်နေနိုင်ပါတယ်။ ပြီးတော့ ....ဗုဒဘာသာသမိုင်းတစ်လျှောက်တွင် တိကျသော အထောက်အထားများကို အကြောင်းပြုပြီး စက်တော်ရာတောင်ကုန်းဟု.....အဲသလိုရေးထားပါတယ်။ တကယ်တမ်းတော့ ပုလောစက်တော်ရာက မြန်မာတွေ ပြုစုထားတဲ့ ခြေတော်ရာသမိုင်းထဲမှာ မပါပါဘူး။ ဖတ်ဖူးသူတွေ သိပါလိမ့်မယ်။ ပုလောမြို့ကို စက်တော်ရာမြို့လို့ ခေါ်တာလည်း ကျွန်တော်ပုလောမှာ နေတဲ့ တလျှောက်တခါမှ ခေါ်တာ မကြားမိပါလားဗျာ။ ခန့်တည်တည်နဲ့ ခေါ်ဆို နှုတ်ကျိုးနေပြီတောင်လုပ်လိုက်သေးတယ်။ နောက်တပုဒ် ပူရိယက္ခ ဆိုတာ ထိုင်းဘာသာစကားလို့ ဆိုထားပါသေးတယ်။ အဲဒါ ပါဠိစကားဆိုတာ စာတတ်သူတိုင်းမယ်ထင်ပါတယ်။ သမိုင်းကြောင်းအရ ဖြစ်နိုင်၊မနိုင် ထပ်မံဆွေးနွေးပါ့မယ်။ နောက်တပုဒ်မှာ .....ပလစက်တော်ရာကို အကြောင်းပြု၍ထင်ပေါ်ကျော်ကြားလာသော စက်တော်ရာမြို့(သို့)ပုလောမြို့ .....အဲဒီစက်တော်ရာမြို့ဆိုတဲ့ အသုံးအနှုံးကို မြန်မာနိုင်ငံမှာ မဆိုထားနဲ့၊ တနင်္သာရီတိုင်းမှာ ပြောရင်တောင်မှ မျက်စိလည်ကုန်လိမ့်မယ်။ နောက်တပုဒ်မှ ...ပုလောမြို့သည် တနင်္သာရီကမ်းရိုးတန်းပင်လယ်ပြင် လှိုင်းလေကြီး လျှင် မိုးသက်မုန်တိုင်းကင်းစင်အောင် ၀င်ရောက်ခိုလှုံရာ နေရာတစ်ခုသာဖြစ်သည်....အဲဒီဟာ ဟုတ်မဟုတ် ပုလောရောက်ဖူးသူတိုင်းသိမယ်ထင်ပါတယ်။ နောက်တပုဒ်က ပိုဆိုးသေးတယ်။ ....တနင်္သာရီကမ်းရိုးတန်းပင်လယ်ပြင်တစ်လျောက် မြိတ်ကျွန်းစုများပေါ်တွင် တည်ရှိသော ပုလောကျွန်းစုကြီးသည်လည်း ကျွန်းပေါင်း ၈၀၀ ကျော်တို့ နှင့်အတူ....အပေါ်မှာ ပြောခဲ့သလိုပဲ သူက ပုလောကို မလိလို ကျွန်းစုကြီး တစ်ခု ထင်နေပုံရပါတယ်။ စာရေးသူရဲ့ ပုလောမြို့ ကို လူသိပါစေတော့ဆိုပြီး ရေးတဲ့ စာရေးသူရဲ့ စေတနာကို အသိအမှတ်ပြုပါတယ်။။ ဒါပေမဲ့ ရေးမယ်ဆိုရင်လည်း သေချာလေ့လာပြီးမှ ရေးစေချင်ပါတယ်။ စာအုပ်တစ်အုပ်လောက်နဲ့ ထင်ရာမြင်ရာပေါင်းရေးလို့ အဆင်ပြေနိုင်မယ်မထင်ပါ။ အပေါ်က ကျွန်တော်သုံးသပ်ချက်တွေက ပထ၀ီဝင်ကို ဦးစားပေးပြီး သုံးသပ်ထားတာဖြစ်ပါတယ်။ သမိုင်းမပါသေးပါ။ ဒါတောင်ကျွန်တော်မသိလို့ ဖြီးထားတာတွေ ပါဦးမယ်ထင်ပါတယ်။ တွင်းထွက်တွေကလည်း သူပြောသလောက်အကုန်ထွက်မည်မထင်ပါ။ ပုလောသားတစ်ယောက်အနေနဲ့ ယခုလို ပုလောအကြောင်းတလွဲရေးခြင်းမျိုးကို လက်မခံနိုင်၍ ပြန်လည်ချေပရေးသားရခြင်းဖြစ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။ ပုလောဘိုးဘိုးကြီး photo credit ;

No comments: