Thursday, March 6, 2014

ဖွဟဲ့ လွဲပါစေ ဖယ်ပါစေ

အဲဒီအချိန်က အာဇာနည်နေ့ ချီတက်မဲ့ အစီအစဉ်ကို ဒေါ်အောင်ဆန်စုကြည် ဖျက်သိမ်းလိုက်တာ အရမ်းကိုမှန်ပါတယ် ။
တစ်ကယ်ကို နိုဗယ်ဆု ရထိုက်ပါတယ် ။ပြည်သူ သိန်းနဲ့ချီပြီး သွေးချောင်းစီးမယ့် အရေးကို ရှောင်လွှဲနိုင်ခဲ့တာပါ။ နို့မို့ဆိုရင် စစ်တပ်က ပစ်လို့ ပြည်သူသိန်းပေါင်းများစွာ သွေးချောင်းစီးခဲ့ရတဲ့ နေ့ဆိုပြီး သမိုင်းဝင်သွားမှာပါ။ ဒီတစ်ခုနဲ့တင် မြန်မာပြည်သူတွေ သူ့ကိုကျေးဇူးတင်ထိုက်နေပါပြီ။


ဖွဟဲ့ လွဲပါစေ ဖယ်ပါစေ
By ကောင်းဆက်နိုင်

ဆောင်းရာသီရဲ့ အေးစက်စက် မနက်ခင်း။ ဇနီးဖြစ်သူကို ကျုပ်မက်ခဲ့တဲ့ ညကအိပ်မက် အကြောင်း ပြောပြတော့ ဇနီးက ‘ဖွဟဲ့ လွဲပါစေ’တဲ့။ တော်တော်ကြောက်ရွံ့ သွားရှာ တယ်။ ဘုရားစင် ရှေ့ပြေးပြီး အားကိုးတကြီး နဲ့ လှိုက်လှိုက်လှဲလှဲ ရှိခိုးနေတာ တွေ့ရပါတယ်။

ဟုတ်တယ်လေ။ ကျုပ်ကလည်း အိပ်မက် မက်စရာ ရှားလွန်းလို့ စစ်တပ်က ကောက်ကာငင် ကာနဲ့ အာဏာသိမ်း လိုက်တယ်လို့ အိပ်မက် မက် တာကိုး။

ကျုပ်ဇနီးက အစ ပြည်သူတွေဟာ စစ်တပ်က အာဏာ သိမ်းမှာကို ဘာဖြစ်လို့ ဒီလောက်တောင် ကြောက်လန့် သွားရတာလဲ ထိုင်တွေးမိပါတယ်။ စစ်တပ်ကို မချစ်ကြလို့ များလား။ အင်းလေ တစ်ဦး မေတ္တာတစ်ဦး မှာဆိုသလိုပေါ့။ စစ်တပ်ကလည်း တော်တော့်ကို လွန်ခဲ့တာကိုး။

တစ်ဦးတည်းသော အာဏာရှင်ရဲ့ မျက်နှာနဲ့ ပြည်သူသန်း ၆ဝ ရဲ့မျက်မှာ ဘယ်ဘက်လိုက်ပြီး ပြည်သူတွေကို ထောင်ချီ သတ်ဖြတ်ခဲ့သလဲ ဆိုတာ ပြည်သူတွေရဲ့ မျက် စိအောက်မှာတင် တွေ့မြင်ခဲ့ရ တဲ့ သမိုင်း ဖြစ်ရပ်ပါ။ နိုင်ငံခြား သတင်းထောက် တွေတောင် အံ့သြခဲ့ကြ ရပါတယ်။ ရှစ်လေးလုံး အရေးတော်ပုံ မှာ စစ်တပ်က ဝင်ရောက်ချေ မှုန်းခဲ့ ပုံဟာ မြန်မာအချင်းချင်း နဲ့မတူဘဲ တိုင်းတစ်ပါး သားတွေကနေ အငြိုးတကြီး လက်စားချေပြီး သုတ် သင်ခဲ့တယ် လို့တောင် ထင်မှတ်ရပါတယ် တဲ့။ ပြည်သူက စစ်တပ်ကို ချစ်ခင်လေးစား ခဲ့ပေမယ့် စစ်တပ် ဟာ ပြည်သူကို ဘယ်အချက်ကြောင့် ဒီလောက်မုန်းတီး စိတ်နဲ့ သတ်ဖြတ်ခဲ့တာပါ လဲ။ ဗြဟ္မစိုရ် တရား လေးပါး မရှိလို့ပါပဲ။

မေတ္တာ၊ ကရုဏာ၊ မုဒိတာနဲ့ ဥပေက္ခာ ရှိရာမှာ ပြည်သူ အပေါ် မေတ္တာ၊ ကရုဏာ ခေါင်းပါး ရတဲ့ အကြောင်း ကလောဘဒေါသ နဲ့ မောဟ အမှောင် တွေ ဖုံးလွှမ်း သွားခဲ့ လို့ပါပဲ။ လုပ်ပိုင်ခွင့်နဲ့ လက်နက် ရှိသူများဟာ ဥာဏ်အမြော်အမြင် မရှိဘူးဆိုရင် ပြည်သူတွေ အတွက် မစဉ်းစားနိုင်တော့ဘဲ ကိုယ့် တက်လမ်းကိုယ် အာသာ ငမ်းငမ်း ရှာတတ် ကြပါတယ်။ အာဏာ ရှိပြီးသားကလည်း ဒီလောက် ပြည်သူတွေ တောင်းဆိုနေတာတောင် ဆင်းမပေး ချင်ဘူး။ အာဏာနဲ့ လက်တစ် ကမ်းလောက် မှာ ရောက်နေ ပြီးသား လူတွေကလည်း အခွင့်အရေး ကြီးကို လက်လွတ် မခံချင်ကြပါဘူး။ အဲဒီအချိန် ရှစ်လေးလုံး အရေးတော်ပုံ ကာလက စစ်ခေါင်း ဆောင်တွေရဲ့ စိတ်ထဲ ဝင်ကြည့်လို့ရရင် ဒီလို အ ဖြေပဲ ထွက်လာမှာပါ။ ပါးစပ် ထဲရောက်ခါနီးအခါ အလွတ်မခံ သလို ရတောင့်ရခဲ ရူးလောက်အောင် မက်စရာကောင်းတဲ့ အာဏာကို တစ်ယောက်မှ လက်လွတ် ခံချင်မယ် မဟုတ်ပါဘူး။ ဗိုလ်ချုပ် အောင်ဆန်းလို တိုင်းပြည်ချစ်တဲ့သူ မပြောနဲ့ ဗိုလ် ချုပ်ရဲ့ခြေဖျားကိုမီ သူတောင် တစ်ယောက်မှ မပါပါ ဘူး။ သူတို့ စိတ်ထဲမှာ ငါးမျှား ချိတ်မှာမိနေတဲ့ ငါး ကြီးကို အလွတ် မခံချင်ပါဘူး။ အဲဒီအတွက် ပြည် သူကို သန်းချီပြီး သတ်ရမယ်ဆိုလည်း နောက်ဆုတ် မှာ မဟုတ်တော့ပါ ဘူး။ အာဏာကြောင့်ဘီလူးစိတ် ဝင်သလို ဖြစ်နေခဲ့ကြတာပါ။

အဲဒီအချိန်က အာဇာနည်နေ့ ချီတက်မယ့် အစီအစဉ်ကို ဒေါ်အောင်ဆန်းစုကြည် ဖျက်လိုက် တာလည်း မှန်ကန်ပါတယ်။ နိုဗယ်ဆုရ ထိုက်အောင် ကိုမှန်ကန်ပါတယ်။ လူပေါင်း သိန်းသန်းရဲ့အသက် ကို ကယ်တင် လိုက်တာပါ။ ပြည်သူတွေ သွေး ချောင်းစီးအောင် အသတ်ခံ ရမယ့်အရေးကနေ ဒေါ်အောင်ဆန်းစုကြည်က ကယ်တင်ခဲ့ တာပါ။

တကယ်တော့ ဗိုလ်မှူးကြီး အဆင့်လောက် ကနေ ရဲဘော်အဆင့် အထိ စစ်သားတွေ မှာတော့ အပြစ် မရှိပါဘူး။ ထိပ်တန်း စစ်ခေါင်းဆောင်တွေ အမိန့်ပေးတဲ့ အတိုင်း သူတို့ လုပ်ရတာ သက်သက် ပါပဲ။ သူတို့ အထဲမှာတောင် ပြည်သူ အချင်းချင်းကို ပစ်သတ်ရလို့ စိတ်မကောင်းဖြစ်တဲ့ သူတွေ အမြောက် အမြား ရှိမှာသေချာပါတယ်။ အာဏာ ရရင်လည်း ကောင်းစားမှာက သူတို့ မဟုတ်ပါဘူး။ ထိပ်တန်း စစ်ခေါင်းဆောင်တွေပါပဲ။

ထင်တဲ့အတိုင်းပါပဲ။ လက်ထဲ အာဏာရောက် သွားတာနဲ့ စီးပွားရေး ဘက်လှည့်တော့တာပါပဲ။ မဆလ လက်ထက်က အမေရိကန်နိုင်ငံ ကို မြန်မာ့ ဘိန်းဖြူ ၁၄ ရာခိုင်နှုန်းရောက် ခဲ့ပေမယ့် နဝတ၊ နအဖ စစ်အစိုးရ လက်ထက်မှာတော့ မြန်မာ့ဘိန်း ဖြူ ၅၆ ရာခိုင်နှုန်းရောက် သွားပါတယ်။ တည် ဆောက်ပြုပြင် မြန်ပြည် တစ်ခွင် ကစလို့ အာဏာနဲ့ ရှာဖွေခဲ့တဲ့ ကိုယ်ပိုင် စီးပွားရေးဟာ ကမ္ဘာ့အချမ်း သာဆုံး စာရင်းဝင်တဲ့အထိ ချက်ချင်း ကြီးပွားကုန် ပါတယ်။ ပြည်သူတွေ ကတော့ စားရမဲ့ သောက်ရ မဲ့ ဘဝတွေမှာ အချင်းချင်း ကိုက်ဖဲ့ စားကြရတော့ မလိုအထိ ဘဝတွေပျက်ခဲ့ပါတယ်။

ပြည်သူ ကံဆိုးချင်တော့ မြန်မာစစ်ခေါင်း ဆောင်တွေဟာ ရက်စက် ကြမ်းကြုတ်မှု ကလွဲရင် ဘာ အရည်အချင်းမှ မရှိပါဘူး။ အတွေးအခေါ် ခေတ်နောက် ကျတယ်။ အဆင့် နိမ့်တယ်။ ဥပမာ ပြည်သူတွေ မွဲနေတာဟာ ကောင်းတယ် နိုင်ငံရေး အကြောင်း မစဉ်းစားနိုင်တော့ဘူး။ သူတောင်းစား ထမင်းဝရင် ဘာဖြစ်သလဲ။ ဒီလိုပဲ ပြည် သူတွေ ချောင်လည်လာရင် ဒီမိုကရေစီ တောင်းမယ် စသဖြင့် တွေးကြပုံ ရပါတယ်။ ဗေဒင်တွေ ဘိုးတော်တွေ ကလည်း ယုံလိုက်သေးတယ်။ ဘယ်လောက် ခေတ် နောက်ပြန် ဆွဲပြီး ရှင်ဘုရင် စိတ်တွေဝင်ခဲ့သလဲဆို ရင် လက်ရှိ မြို့တော်အသစ် ကိုတောင် ‘နေပြည် တော်’ ဆိုတဲ့ ပဒေသရာဇ် ဆန်တဲ့ နာ မည်ပေးထား တာကြည့် ရင် သိနိုင်ပါတယ်။ လမ်းနာမည်တွေ ကလည်း ရာဇဝင်ထဲက နာမည်တွေပါပဲ။

တစ်ခုတော့ ကောင်းတယ်။ သူတို့သာ ခေတ်မီပြီး အရည်အချင်း ရှိမယ်ဆိုရင် စင်ကာပူလို တိုးတက်သွားရင် ခုချိန်ထိ စစ်ခေါင်းဆောင်တွေ ဆက်ပြီး မင်းမူနေဦး မှာသေချာတယ်။ နိုင်ငံဒီ လောက် စုတ်ပြတ် နိမ့်ကျ သွားလို့သာ လက်လျှော့ သွားတာ။ ဒါတောင် နိုင်ငံတကာ ဖိအားကြောင့် မဆင်းချင် ဆင်းချင်နဲ့ စိတ်ချရတဲ့ တပည့် တ ပန်းတွေ လက်ထဲ အာဏာလွှဲပေးပြီး ဆင်းသွားတာပါ။ ဘာနဲ့ တူသလဲဆိုတော့ လူတစ်ယောက်က နားမ လည် မတတ်ကျွမ်းဘဲ အီလက်ထရွန်းနစ် ပစ္စည်း တစ်ခု ဥပမာ ကွန်ပျူတာ ကို တစ်စစီဖြုတ်ချပြီး ပြန်မတပ်တတ်တော့လို့ လက်လျှော့ပြီး ဆိုင်ကို သွားပို့ ရသလိုပါ။

ဒီနေ့ ထိုင်းနိုင်ငံရဲ့ နိုင်ငံရေး အခြေအနေ ကိုကြည့်ပါ။ ဒီလောက် ပြည်သူတွေ လမ်းတွေ၊ ရုံး တွေကို ပိတ်ဆို့ပြီး အုံနဲ့ကျင်း နဲ့ အစိုးရ ယန္တရား တွေ ရပ်ဆိုင်းရ လုနီးပါး ဆန္ဒပြနေကြတာတောင် ထိုင်းစစ်တပ်က ဝင်ပြီး မစွက်ဖက်ဘူး။ ထိုင်းစစ် တပ်ခေါင်းဆောင်တွေဟာ မြန်မာ စစ်ခေါင်းဆောင် တွေထက် အမြော်အမြင် ရှိတယ်။ အရည် အချင်း ရှိတယ်။ သူတို့သာ ကိုယ်ကျိုး ရှာချင်ရင် အတိုက်အခံ ဘက်က ပြည်သူတွေက စစ်တပ်ကို အာဏာသိမ်းဖို့ တောင်းဆိုနေတာပဲ။ အာဏာ ရယူပြီး ဘီလျံ နာဖြစ် အောင် လုပ်မှာပေါ့။ ဒါပေမဲ့ ဒီလိုလုပ်ရင် မြန်မာ နိုင်ငံရဲ့သင်ခန်းစာ ရှိတယ်။ စစ်ခေါင်းဆောင်တွေ သာ ချမ်းသာပြီး တိုင်းပြည် စုတ်ပြတ် သွားမှာမို့ ခုထိ စောင့် ကြည့်နေတုန်းပါပဲ။ ထိုင်းစစ်တပ်က အာဏာ သိမ်းရင်လည်း ကြာရှည် ကိုင်ထားခြင်း၊ အချိန်ဆွဲခြင်း မပြုဘဲ ရွေးကောက်ပွဲ လုပ်ပြီး ပြည် သူကို ပြန် လွှဲပေး တယ်။ ရွေးကောက်ပွဲနိုင်သူတွေ ကိုလည်း ကတိအတိုင်းပဲ လွှဲပေးပါတယ်။ မြန်မာ စစ်ခေါင်းဆောင်တွေ ဒီလို ရှိပါ့မလား။ နိုင်ငံအ တွက် စဉ်းစားပါ့မလား။ မဆိုင်းမတွ အာဏာ သိမ်းပြီး ရသလောက် ကိုင်ထားမှာပဲ မဟုတ်ပါ လား။

စစ်ခေါင်းဆောင်တွေ အကြောက်ဆုံး က စစ် တပ်နဲ့ပြည်သူနဲ့ တစ်သား တည်းဖြစ်သွားမှာကို ကြောက်တာပဲ။ ဒါကြောင့် ”တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖ” တို့ ”ဘယ်သူခွဲခွဲ တို့မကွဲ အမြဲ စည်းလုံးမည်”တို့ စသဖြင့် ပြည်သူ နဲ့ စိတ်ဝမ်း ကွဲစေမယ့် ဆောင်ပုဒ်တွေ အထောင်ခိုင်းထားပါ တယ်။ စစ်ခေါင်းဆောင်တွေ ညွှန်ကြားလို့ပါ။ ရိုးရိုး ရဲဘော်တွေ အလယ်အလတ် အဆင့်တွေက ဒီလို စိတ်မျိုး မရှိပါဘူး။

၂ဝဝ၈ ဖွဲ့စည်းပုံ ရေးဆွဲ ရာမှာလည်း ဒီရည် ရွယ်ချက်ကို ထည့်သွင်း ရေးဆွဲသွားခဲ့ကြတယ်။ အရပ်သားတွေ လက်ထဲ အာဏာ မရောက်အောင် အရပ်သားတွေရဲ့ သြဇာမှေးမှိန်နေအောင်။ ဒီအခြေခံ ဥပဒေကြောင့် စစ်တပ်နဲ့ပြည်သူ စိတ်ဝမ်းကွဲပြီး ဘယ်လိုမှ ညှိမရဘဲ နောက်ဆုံး စစ်တပ်က အာ ဏာသိမ်းပြီး နောက်ပြန် သွားအောင် ရည်ရွယ်ချက် တွေနဲ့ အလွန်စိတ်ထား ယုတ်ညံ့စွာနဲ့ လုပ်ဆောင် သွားတာပါ။ တိုင်းပြည်ရှေ့ ဆက် မသွားနိုင်အောင် ပြဿနာတွေ လုံးချာ လိုက်နေအောင် မီးမွှေးသွား တာသာ ဖြစ်ပါတယ်။

စစ်တပ်က ဗိုလ်ကျ စိုးမိုးပြီးရင်း စိုးမိုးအုပ် ချုပ်လာလိုက်တာ ၁၉၆၂ ခုနှစ် ကတည်းကပါပဲ။ တိုင်းပြည်က မတိုးတက်တဲ့ အပြင် ရှိရင်းအဆင့် ထက်တောင် နိမ့်ဆင်း သွားတယ်။ အခုလည်း ဗိုလ်ချုပ်ဟောင်းတွေ ဆက်ပြီး လုပ်နေကြတုန်းပါပဲ။ အရပ်သား နည်းနည်း ထည့်ကြည့်ရင် အောင်မြင် လိုအောင်မြင်ငြား အောက်ဆီဂျင် ပိုက် အကူအညီ ယူသလို နောက်ဆုံး အသက် ဆက်ကြည့်နေတာ ပါ။ အချည်းနှီးပါပဲ။

အကောင်းဆုံးက စစ်တပ်ဟာ ကိုယ်မအောင် မြင်တာကို ဝန်ခံသင့်တယ်။ စိတ်ကြီးဝင်တဲ့ စိတ် တွေလျှော့ပြီး အရပ်သားတွေကို တစ်လှည့် ကြိုးစား ကြည့်ပါစေ။ မုဒိတာ ပွားကြပါ။

နောက်ဆုံး ဥပေက္ခာ ဆိုတာက ဂရုမစိုက်ဘူး ဆိုတဲ့ အဓိပ္ပာယ် မဟုတ်ပါဘူး။ တရား အဓိပ္ပာယ်မှာ မေတ္တာထား လို့ရတယ်။ ဒါပေမဲ့ ခံစားမှု မရှိဘူးလို့ ယူတယ်။ ဒါကြောင့် ငြိမ်းအေးတယ်။

စစ်တပ်ဟာ ကိုယ့် တာဝန်ဖြစ်တဲ့ ကာကွယ် ရေးတာဝန် သာယူပါ။ အခု ထိုင်းစစ်တပ်လိုပဲ မခံ စားပါနဲ့။ ဒါဆိုရင် စစ်တပ်ရောပြည်သူတွေပါ ငြိမ်း အေးမှာဖြစ်ကြောင်း တင်ပြ လိုက်ရပါတယ်။

ကောင်းဆက်နိုင်

No comments: