Sunday, December 1, 2013

ကော့သောင်းမှပေးစာ

ဘယ်သူတွေစုံစမ်းပြီး..ဘယ်သူတွေကအရေးယူပေးမလဲ ? အာဏာရှိတာက
တိုင်းဒေသကြီးအစိုးရမှာလား ? စစ်တပ်မှာလား ? တရားဥပဒေစိုးမိုးရေးဆို
တာဘာလဲ ???????????

ကော့သောင်းတိုင်းမှူးလို့ ကျော်ကြားရပါသော အဘဗျူဟာမှူးကြီးက ခရိုနီ၊
ဘိုချီ၊ ခရိုပြာ၊ခရိုနက်၊ကမ်းရိုးတန်းစစ်တိုင်းမှူးနှင့်ဆက်စပ်နေသောသတင်း
ကလေးတစ်ခုကိုတင်ပြပေးလိုက်ပါ့မယ်။ ကော့သောင်းတစ်မြို့လုံးမှာရှိကြပါ
သော ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ပြည်သူများက မေတ္တာပို့နေကြရပါ
သောအဲဒီဖြစ်ရပ်မှန် ကို News Of Myeik မှ တင်ပြပေးလိုက်ပြန်ပါပြီ။ ။

မြန်မာနိုင်ငံ၏ စီးပွားရေးကုန်စည် စီးဆင်းမှု အသက်ပင်မ သွေးကြော
မြစ်လက်တက်တစ်ခုဖြစ်သည့် ကော့သောင်းမြို့သည်အရှေ့တောင်အာရှတွင် စီးပွားရေးအသင့်တင့်ကောင်းမွန်တဲ့ ထိုင်းနိုင်ငံနှင့်နယ်နိမိတ်ချင်း ထိစပ် လျက်ရှိနေပြီး ကုန်းလုပ်ငန်း/ရေလုပ်ငန်း၊သစ်လုပ်ငန်းတွေနဲ့ သစ်တော ထွက်/ရေထွက်ပစ္စည်းများဖြင့်စီးပွားရေးဖြစ်ထွန်း အောင်မြင်လျက်ရှိတဲ့မြို့
တစ်မြို့ဖြစ်ပါတယ်။ကော့သောင်းမြို့တွင်တာဝန်ကျနေသည့် မြေပြင်အခြေချ
စစ်ဗျူဟာမှူးမှာတော့လုပ်ပိုင်ခွင့်အာဏာများအပြည့်နဲ စီးပွားရေးလုပ် ငန်းတွေ ကိုကောင်းကောင်း ၊ စပါယ်ရှယ်ချယ်လှယ် စိုးမိုးလျက်ရှိနေ ပါတယ်။တနသာင်္ရီတိုင်းဒေသကြီး၏အုပ်ချုပ်မှု ယန္တရားအောက်မှာ စီးပွားရေး လုပ်ငန်းရှင်တွေ၊ရေလုပ်ငန်းရှင်တွေ၊ မှောင်ခို သမားတွေ၊ လူကုန်ကူးနှင့် ဘင်္ဂါ လီသယ်ယူပို့ဆောင်ရေးလုပ်ငန်း ရှင်ကြီးတွေ၊ မူးယစ်ဆေးဝါးကုန်သည်တွေ ရဲ့ကျေးဇူးရှင်သခင်ကြီး ကတော့ ကော့သောင်းတိုင်မှူးအဖြစ်နာမည်ကျော်ကြားသူ အဘဗျူဟာမှူးကြီးဗိုလ်မှူးကြီး သက်ထွန်းဦး ပင်ဖြစ်ပေသည်။

မြိတ်မြို့ရှိကမ်းရိုးတန်းတိုင်းမှူးနှင့်အဖွဲ့ကို လစဉ်ကြေး သိန်း ၁၅၀ ခန့်နှင့်
လိုအပ်တဲ့ ပစ္စည်းပစ္စယတွေ၊ ထိုင်းနိုင်ငံလုပ် နှင့်နောက်ဆုံးပေါ် အီလက်ထရောနစ်ပစ္စည်း အသစ်အဆန်းတွေကို တိုင်းမှူးမိသားစု
သားသမီးများသို့ တလ သိန်း ၃၀ ၀န်းကျင်ဖိုးခန့် လစဉ်ဝယ်ယူပူဇော်
လှူဒါန်းပေးရခြင်း၊ တိုင်းမှူး၏ လက်ရှိဆောက်လက်စ ကိုယ်ပိုင်
ဟိုတယ်အတွက်လိုအပ်တဲ့ သစ်၊ ဘိလပ်မြေနဲ့ အလုပ်သမားခ တလ ၁၂ သိန်းနီးပါးထောက်ပံ့ ပေးလှူရသည် ဆိုသည့် အကြောင်းပြချက်ခေါင်းစဉ် ခိုင်ခိုင်လုံလုံဖြင့် ၄င်း။ ၊ ကော့သောင်းမြို့သို့ လာရောက်လည်ပတ်ကြ ကုန်လေသော ဗီအိုင်ပီ၊ မွေးရေ၀န်ကြီး၊ ကဆစ မှူးကြီးနှင့် မိသးစုသားမြေးတွေ ၊ တိုင်းမှူး စစ်ဆေးရေးလမ်းကြောင်းတွေ ၊
တနသာင်္ရီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစွယ်အပွားများ၏
အလည်အပတ်ခရီးစဉ်တွေ၊ နိုင်ငံခြားသား ဧည့်သည်တော် ပညာရှင် သုတေသနလုပ်ငန်းရှင်တွေ လာရောက်စားသောက်ပျော်ပါးမြူးတူး သည် ဆိုသောခေါင်းစဉ်ပေါင်းသောင်းခြောက်ထောင်ကို ဖွယ်ဖွယ်ရာ ရာပြပြီး ဒုစရိုက်ဆန်တဲ့ကိုယ်ကျိုးစီးပွားလုပ်ငန်းတွေကို လုပ်ကိုင်ပြီးဒါတွေနဲ့ ကိုယ်ကျိုးစီးပွားရှာဖွေလျက်ရှိနေလေသည်။ ( ဘယ်သူတွေအရေးယူပေး
မလဲ ? အရေးယူရဲသလားဟေ့ )။ကဲ ..သိပ်ပြီးခက်ခက်ခဲခဲစုံစမ်းနေဖို့မလို
အောင်. ထပ်တင်ပြပေးပါမယ်..အရေးယူရဲလားဟေ့။ ။

၁။ ရခိုင်နှင့် ဘင်္ဂလားဒေ့ရှ် မှ ထိုင်းနှင့်မလေးရှားသွားမည့်ဘင်္ဂါလီများအား
တယောက်လျှင် ထိုင်းဘတ် ၁ သောင်းနှင့် လိုရာခရီးအရောက် လမ်းကြောင်းရှင်းကြေး(စိုးသူ ၀၆၆ ၀၈၂၈၂၄၅၉၁၃)။ ။

၂။- တနသာင်္ရီတိုင်းဒေသကြီး ရာဘာစိုက်ပျိုးရေးအတွက် ဥယျဉ်ခြံမြေ ရှင်းလင်းခုတ်ထွင်၊ သစ်ထုတ်လုပ်ကာ တဖက်နိုင်ငံသို့ကုန်း လမ်း ရေ လမ်းများဖြင့် ပို့ဆောင်ပေးပြီးသကာလ လမ်းကြောင်းရှင်းလစဉ်ကြေး။ ။

၃။တဖက်နိုင်ငံရနောင်းသို့ တရားမ၀င် သွားရောက်အလုပ် လုပ်ကိုင်/ ခိုးဝင်
လူမှောင်ခို လူကုန်ကူးလုပ်ကိုင်သူ လူမှောင် ခိုလုပ် ငန်းရှင် များဆီ ကလမ်း ကြောင်းရှင်းကြေး။ ။

၎။- နိုင်ငံခြားခရီးသွားလုပ်ငန်း ဗန်းပြ. နိုင်ငံခြားသား ဖေါ်ရင်ဒါ
အပျော်စီးလှေစီးခရီးသည်တွေကို လုံခြုံရေးယူပေးသည်ဟူသော ခေါင်း စဉ်ဖြင့် တိုးရစ်ဂိုက် ကုမ္ပဏီတွေ ဆီက ၀ိုက်နေသော လစဉ်ကြေး။ ။

၅။- ထိုင်းမြန်မာ ကုန်းနယ်စပ် လမ်းပန်းဆက်သွယ်အဆင်ပြေချောမွေ့စေဖို့
ကားလမ်းဖေါက်၊ လမ်းတလျှောက်ရှိ ရတနာတန်းဝင် အဖိုးတန်သစ် ပေါ်တင်
ထုတ်လုပ်တဖက်နိုင်ငံပို့ (လမ်းကြောင်းရှင်း+လစဉ်ကြေး+အစုစပ်ရှယ်ယာ) ၊
(၀၉၅ ၉၄၂၂၁၂၃၄၉)။ ။

၆။- ဂျွန်နသန် ထိုင်းငါးဖမ်းစက်လှေ လမ်းကြောင်းရှင်း လစဉ်ကြေး တစ်စီးကို
ထိုင်းဘတ် ၉ သောင်း နဲ့ ၁၆ စီး။ ။ ( ကျွတ်..ကျွတ်..ကျွတ် .. )

၇။- ဗျူဟာတပ်တွင်း အဆောက်အဦးအသစ်တိုးချဲ့ဆောက်ခေါင်းစဉ်တပ်ပြီး
ကော့သောင်းမြို့ ကမ်းနီးဆိပ် ရှိ ဖမ်းဆီးထိန်းသိမ်းခံခိုးလှေတွေကို
ကမ်းနီးငါးဖမ်းလှေစာရေး (ဦးထွန်း ၀၉၅ ၉၅၆၄၅၂၆၇)ကိုနာမည်ခံခိုင်းပြီး
ငါးမဖမ်းရနေရာတွေမှာ လိုင်စင်မဲ့ တရားမ၀င် ငါးခိုးဖမ်းခြင်းကိုလုပ် ငန်းအစု စပ် ရှယ်ယာဖြင့်လုပ်ကိုင်စေခိုင်းခြင်း။ ။

၈။- ထိုင်းနိုင်ငံက အခွန်မဲ့ ကုန်စည်/စလယ်များ တရားမ၀င် အောက်လမ်း
မော်တော်ယာဉ်ကြောင်းကနေ မှောင်ခိုသွင်း လမ်းကြောင်းရှင်း လစဉ်ကြေး။ ။

၉။- ထိုင်းနိုင်ငံမှတဆင့် အနောက်နိုင်ငံ တင်ပို့နေကြ တဲ့ တားမြစ် တိရစ္ဆာန် အသား /အရေမှောင်ခို လုပ်ငန်းကို ရဲမှူးသောင်းညွန့် (၀၆၆ ၉၃၇၉၀၃၂၇၅) နဲ့ပေါင်းပြီးလမ်းကြောင်းရှင်းကြေးများ။ ။

၁၀။- ထိုင်းနယ်စပ်ကနေ တရစပ် ၀င်နေသော ကော့သောင်းတွင် ၁ လုံးကို
မြန်မာငွေ ၈ ထောင်တန် 'ရာ မ' စိတ်ကြွရူးသွပ် ဆေးပြားများကို လမ်းကြောင်းရှင်းပြီး စစ်ကားဖိုးဝှီး ဒဗလယ်ကပ်နဲ့မြို့တွင်းအရောက် သယ်ယူပို့ဆောင်ပေးရသောလုပ်ငန်းကြီး (ဗျူဟာမှူးအတွက် တွက်ခြေကိုက်ဆုံး စီးပွားရေးလုပ်ငန်းတစ်ခုထဲမှာပါတယ်လို့သိရပါတယ်)။ ။

၁၁။ထိုင်းနိုင်ငံလုပ် ၉ လေးလုံးရွှေ အခေါက်သား ဘလက်မါးကတ်မှောင်ခို တင်သွင်းခြင်း၊ ကော့သောင်းမှတဆင့် မြိတ်/ထားဝယ်/ရန်ကုန်အရောက် လမ်းကြောင်းရှင်းခြင်း၊ လစဉ်ကြေးကောက်ခံခြင်း။ ။

၁၂။- ဒေးဗစ်ချန်းဆောင်ကြာမြိုင် ကာမလုပ်ငန်း လစဉ်ကြေးကို တရားဝင်
လုပ်ငန်းလိုလိုနှင့်ကောက်ခံနေခြင်း။ ။တို့ဖြစ်ပါတယ်။

ထိုသို့များမြောင်လှစွာသော တရားမ၀င်လုပ်ငန်းတွေကို တရားဝင်သလိုလို ဥပဒေ လက်တလုံးကြား၊ အခြေခံဥပဒေကိုဖင်ခုထိုင်၊ လက်ရှိအစိုးရကိုဂရုမ
စိုက်၊ တိုင်းဒေသကြီးအစိုးရကို အီးတောင်လှည့်မပေါက်တတ်သော....
နည်းလမ်းပေါင်းစုံနဲ့ ဗျူဟာတပ်တည်ဆောက်/မွမ်းမံ/ပြုပြင်ရေး
ခေါင်းစီးစာကြောင်းကြီးတွေတပ်လေ့ရှိပါသော.. အဘဗျူဟာမှူးကြီးကို
ကော့သောင်းမြို့မိမြို့ဖတွေနဲ့ ဌာနဆိုင်ရာဝန် ထမ်းတွေ၊ အောက် လက်ငယ်သားတွေကမြန်မြန်စခန်းသိမ်းရန် ဆုတောင်းမေတ္တာ ပို့သလျက်ရှိကြောင်း...သို့ရာတွင် ကြီးကြီးမာစတာကြီးတွေဖြစ်နေတဲ့အ
တွက်..ဘယ်သူတွေက စုံစမ်းဖော်ထုတ်ပြီး..ဘယ်သူတွေကအရေးယူပေးမ
လဲဆိုတာကတော့ဖြင်...ဘယ်သူက တရားမျှတမှု၊ ဥပဒေစိုးမိုးမှု၊အာဏာအ
လွဲသုံးစားမှု၊ အနိုင်ထက်စီးနင်းမှုများကို အရေးယူပေးမှာလဲ ? ?..

ကာချုပ်ကြီးလား ? မိဘပြည်သူများလို့ တဖွဖွပြောနေတဲ့လူကြီးလား ?
စာအုပ်တွေဖတ်ပြီး စိုးရိမ်နေတဲ့လူကြီးလား ? တရားဥပဒေစိုးမိုးရေးလို့
တဖွဖွပြောနေတဲ့ အန်တီကြီးလား ? လွတ်တော်ဥက္ကဌကြီးလား ? လေးပွင့်
ဆိုင်အဖွဲ့ကလား ?????????????

No comments: