ဆီးရီးယား
ဒုက္ခသည်အရေးနဲ့ ပတ်သက်ပြီး ဥရောပသမဂ္ဂက ပေးတဲ့ အကူအညီဟာ တကယ့် ရယ်စရာ
ဖြစ်နေပါတယ်လို့ လူ့အခွင့်အရေး အဖွဲ့ဖြစ်တဲ့ Amnesty International က
အီးယူကို ဝေဖန် ပြောကြား လိုက်ပါတယ်။
ဥရောပကို ကြိုးစားပြီး အရောက်လာကြတဲ့ ဆီးရီးယား ဒုက္ခသည်တွေဟာ လည်း ကာလရှည် ထိန်းသိမ်းခံနေရမှုတွေ အပါအဝင် အတားအဆီးတွေ အန္တရာယ်တွေနဲ့ ရင်ဆိုင်နေရပြီး ဒုက္ခသည်တွေအတွက် အီးယူ ခေါင်းဆောင်တွေဘက်က ကူညီမှုဟာ မဆိုစလောက်သာ ရှိတယ်လို့ Amnesty International က ထုတ်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဆီးရီးယားက တိုက်ခိုက်မှုတွေကြောင့် ထွက်ပြေးလာကြသူ ဒုက္ခသည်တွေဟာ အခု ဆောင်းတွင်းအချိန် ရေခဲတမျှ အေးတဲ့ အအေးဒဏ်နဲ့ နှင်းတွေ ထူထူထဲထဲ ကျနေတဲ့ ဒဏ်တွေကြောင့် ဒုက္ခတွေ ရင်ဆိုင်နေရတဲ့အချိန်မှာ Amnesty International ရဲ့ အစီရင်ခံစာ ထွက်ရှိလာတာ ဖြစ်ပါတယ်။
http://www.bbc.co.uk/burmese/world/2013/12/131213_syria_eu_refugees.shtml

No comments:
Post a Comment