Tuesday, December 17, 2013

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီက တရုတ်တို့ အနေနဲ့ တောင်တရုတ် ပင်လယ်ပြင်မှာ နောက်ထပ် လေကြောင်း ကာကွယ်ရေးဇုန် ကြေညာတာမျိုး ထပ်မလုပ်ဖို့ သတိပေး ပြောကြား

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီက တရုတ်တို့ အနေနဲ့ တောင်တရုတ် ပင်လယ်ပြင်မှာ နောက်ထပ် လေကြောင်း ကာကွယ်ရေးဇုန် ကြေညာတာမျိုး ထပ်မလုပ်ဖို့ သတိပေး ပြောကြား လိုက်ပါတယ်။
တရုတ်တို့ဟာ သူတို့ရဲ့ အရှေ့ဘက် ကမ်းလွန်မှာ ကာကွယ်ရေးဇုန် နယ်မြေအသစ် တစ်ခုကို မကြာသေးခင်က ကြေညာထားတာ ဖြစ်ပါတယ်။

မစ္စတာ ကယ်ရီဟာ အခု ဖိလစ်ပိုင်နိုင်ငံ ခရီးစဉ်အတွင်း အခုလို ကြေညာ ပြောကြားလိုက်တာ ဖြစ်ပါတယ်။

နောက်ပြီး ရေပိုင်နက်နယ် အငြင်းပွားမှုတွေ အတွက် ကြိုးစား ဖြေရှင်းနေကြရတဲ့ ဒေသတွင်းက မိတ်ဆွေ နိုင်ငံတွေဘက်ကနေ ရပ်တည်ပေးသွားမယ်လို့လည်း မစ္စတာ ကယ်ရီက ပြောပါတယ်။

ဒါပေမယ့်လို့ ဒေသတွင်းက သက်ဆိုင်သူ နိုင်ငံအားလုံးအနေနဲ့ ထိန်းထိန်းသိမ်းသိမ်း ရှိကြဖို့ကိုတော့ မစ္စတာ ကယ်ရီက တိုက်တွန်း သွားပါတယ်။

အရှေ့ တရုတ်ပင်လယ်ပြင် လေကြောင်းကာကွယ်ရေး ဇုန်သစ် သတ်မှတ်မှုကို တရုတ်တို့ အနေနဲ့ အကောင်အထည် မဖော်သင့်ကြောင်း၊ နောက်ပြီး အခုလို တဘက်သက် ဆောင်ရွက်မှုတွေကို တခြား ဘယ်နေရာမှာမှ မလုပ်ကြောင်း သူက ပြောကြားသွားပါတယ်။

No comments: