Sunday, December 15, 2013

ဝေဇယန္တာ လမ်းမကြီးပေါ်တွင် ဘီယာများ တင်ဆောင်လာသည့် ယာဉ် တိမ်းမှောက်မှုဖြစ်ပွား


မရမ်းကုန်းမြို့နယ်၊ ဝေဇယန္တာ လမ်းမကြီးပေါ် ရေကူးအသံလွှင့်ရုံအနီး ဘီယာ များ တင်ဆောင်လာသည့် ယာဉ်တစ်စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရ သည်။

ဒီဇင်ဘာ ၁၅ ရက် ညနေ ၄ နာရီ ၀န်းကျင်ခန့်တွင် ဝေဇယန္တာလမ်းမကြီး မြောက်ဥက္ကလာဘက်မှ တောင်ဥက္ကလာဘက်သို့ မောင်းနှင်လာသော လိုက်(စ်)အိပ် အမျိုးအစား ယာဉ်အမှတ် ၈ည/..... မှာ ရေကူးအသံလွှင့်ရုံနား အရောက်တွင် တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

၎င်းယာဉ်ပေါ်တွင် ယာဉ်မောင်းအပါအ၀င် အမျိုးသားလေးဦးနှင့် အမျိုးသမီး နှစ်ဦး လိုက်ပါလာကြောင်း သိရသည်။

"ကားက မြောက်ဥက္ကလာဘက်ကနေ လာတာ။ ကားပေါ်မှာ အမျိုးသား လေးဦးနဲ့ အမျိုးသမီးနှစ်ဦး ပါလာတာ တွေ့တယ်။ ဒီကားက အဝေးပြေးက နေ ဘီယာတွေတင်ပြီး မင်္ဂလာဈေးကို သွားမှာလို့တော့ ကြားရတယ်။ ကားမှောက်လို့ ကျွန်တော်တို့ ပြေးကြည့်တော့ ယာဉ်မောင်းက အရက်မူး နေတာ" ဟု ယာဉ်တိုက်မှုအား မျက်မြင်တွေ့သူ ကိုပြည့်စုံက ဆိုသည်။

ယာဉ်တိမ်းမှောက်မှု ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိကာ မြောက်ဥက္ကလာမြို့နယ်ရှိ မေဓါဝီဆေးရုံသို့ တင်ပို့ထားကြောင်း သိရသည်။

၎င်းယာဉ်တိမ်းမှောက်မှု ဖြစ်စဉ်အား မရမ်းကုန်း မြို့မရဲစခန်းမှ ယာဉ် (ပ) ၉၇၊ ပြစ်မှုပုဒ်မ ၂၇၉/၃၃၈ ဖြင့် အမှုဖွင့်ကာ ယာဉ်မောင်းအား ဖမ်းဆီးစစ်ဆေး လျက်ရှိသည်။

Aye Chan Mon# Credit To: Eleven Media Group>ပြန်လည် မျှဝေ ပေးခြင်း ဖြစ်ပါသည်

No comments: