Friday, December 13, 2013
မော်လမြိုင်မြို့ မောင်ငံရပ်ကွက် အောင်တော်မူအမက(လွန်) ကျောင်း ဝင်းအတွင်း၌ ကလေးငယ်များ ဆော့ကစားရာမှ မြေကြီးအတွင်း နစ်မြုပ်နေသော ဗုဒ္ဓရုပ်ပွားတော် တစ်ဆူအားတွေ့ရှိခဲ့ရပြီး ကျောင်း အုပ်ဆရာကြီးနှင့် ရပ်ကွက်အုပ်ချုပ် ရေးမှူးတို့က ဆက်လက်တူးဖော် ခဲ့ရာ ဗုဒ္ဓရုပ်ပွားတော်များနှင့် ရှေး ဟောင်းကြေးအကြွေ စေ့များအား တူးဖော်ရရှိခဲ့သည်။
ယခုလ ၉ ရက် နေ့လယ် ကျောင်းဆင်းချိန်တွင် မော်လမြိုင် မြို့ မောင်ငံရပ်ကွက် ဂျီဝါးဝင်းနေ မောင်ဥက္ကာဦး(ဘ)ဦးစံညွန့် (၁၃) နှစ်မှ အောင်တော်မူ အမက(လွန်)နေ ညီဖြစ်သူထံသို့ ထမင်းချိုင့်သွား ရောက်ပို့ဆောင်စဉ် ကျောင်းနေ ဘက်သူငယ်ချင်းများနှင့်အတူ ဆော့ ကစားရာမှ မြေကြီးတွင် ဦးခေါင်း ပိုင်းပေါ်နေသော ဗုဒ္ဓရုပ်ပွားတော် အားတွေ့ရှိသဖြင့် ဆက်လက်တူး ဖော်ရာ စုစုပေါင်းဗုဒ္ဓရုပ်ပွားတော် ၁၃ ဆူနှင့် အန်းကုန်းရုပ်တုတစ် ခုအား တွေ့ရှိခဲ့သည်။
ညနေပိုင်းတွင် အောင်တော်မူ အမက(လွန်) ကျောင်းအုပ်ဆရာ ကြီးက မောင်ငံရပ်ကွက်အုပ်ချုပ် ရေးမှူးနှင့်တိုင်ပင်ပြီး ည ၇ နာရီ တွင် ဗုဒ္ဓရုပ်ပွားတော်တွေ့ရှိခဲ့ သော အောင်တော်မူအမက(လွန်) အနောက်ဘက်၌ မောင်ဥက္ကာဦး အား ခေါ်ယူပြသစေပြီး ဆက်လက် တူးဖော်ခဲ့ရာ ဗုဒ္ဓရုပ်ပွားတော် ၁၁ ဆူအပါအဝင် ဇော်ဂျီရုပ်တုတစ်ခု၊
ခြင်္သေ့ရုပ်တုတစ်ခု၊ ဘိုးဘိုးအောင် နှင့် ဘိုးမင်းခေါင်ရုပ်တုနှစ်ခု၊ ဆင်ရုပ်တုတစ်ခု၊ ရှင်သီဝလိတစ်ဆူ၊ အန်းကုန်းရုပ်တုတစ်ခုနှင့်
ရှေး ဟောင်းကြေး အကြွေစေ့ ၅၁၈ စေ့တို့အား ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။
The Union Daily

No comments:
Post a Comment