ခေတ်သစ်ချစ်တီးနှင့် ချစားတဲ့ဝန်ထမ်းတွေကြောင့်
မြိတ်မြို့မှလယ်ပိုင် ရှင်များ လယ်အသိမ်းခံရပြီး ထောင်
ကျမည့်ကိန်းရောက်နေကြောင်းသိရသည်။
ခေတ်သစ်ချစ်တီးက တော့တခြားမဟုတ်ပါ မြိတ်မြို့
နောက်လယ် ရပ် က နာမည်ကြီး "ဦးချစ်ဟို"ရဲ့သမီး
ဒေါ်အင် ဝါ ပဲဖြစ်ပါတယ်။မြေစာရင်းဌာနက ဦးမင်းမောင်
နှင့်ပေါင်းပြီး တရားမဝင် စာချုပ်များ ချုပ်ဆိုခြင်း။မြေပုံ
အတုများထုတ်ပေးခြင်း။ဒေါ်အင် ဝါအတွက်အကျိုးရှိ
မည့် လိမ်နည်းပေါင်းသောင်းခြောက်ထောင် နဲ့ အသုံးပြု
ပြီး လယ်သမားများ ရဲ့ လယ်ယာမြေကို သိမ်းပိုက်နေ
တယ်လို့သိရပါတယ်။
ခေတ်သစ်ချစ်တီး ဒေါ်အင် ဝါရဲ့လုပ်ကွက်တွေက တော့
ရွာတွေမှာ ရွာခံပွဲစားတွေကို ကြားခံထားရှိပြီး ငွေတိုးချေး
ခြင်း။လယ်ယာမြေ ပေါင် နှံခြင်း ကိုလုပ်ဆောင်နေပါတယ်။
ငွေကြေးလိုအပ်နေ သောလယ်သမားတွေကို ငွေထုတ်
ချေးသည့်အခါမှာ ပွဲခယူပါတယ်။ ပွဲခကို ရွာသားတွေဆီ
က သိပ်မများပါဘူးနည်းနည်းပါးပါး ပဲယူတာပါ(ငွေ တစ်
ဆယ်သိန်း ချေးလျှင် သုံးသိန်းယူသည်) မြေစာရင်းဦးစီး ဦးမင်းမောင် ယူတာကလည်း သိပ်မများပါဘူး တောင်
သူဦးကြီးများနားမလည် ရှာတဲ့ မြေပုံ အတု တစ်ချပ် ကို
ဒေါ်အင် ဝါ အတွက်ထုတ်ပေးတာကို တောင် သူဦးကြီး
တွေဆီက ကျပ်သုံးသောင်း ယူသတဲ့။
ရွာမှာ ငွေချေးစဉ်က ကြားပွဲစားဆီမှာလက်မှတ်ထိုးစဉ်က
စာရွက်ဖြူပေါ်မှာ လက်မှတ်ရေးထိုးခဲ့ရပြီး မြေစာရင်းရုံး
တွင် စာချုပ်ပြုလုပ်တဲ့ အချိန်မှာ ကျပ်လေးသောင်း ထပ်
ယူသတဲ့ဗျာ။အဲဒီလို ကြားပွဲစား- ဒေါ်အင် ဝါ နှင့် ဦးမင်းမောင်
တို့ သုံးပွင့်ဆိုင် အကွက်ဆင် ထားတဲ့ မြေပုံအတုပေါင်း
ကလိမ်ကကျစ် စာချုပ်ပေါင်း တစ်ထောင်ကျော် ရှိသတဲ့
တစ်ထောင် ကို ခုနှစ်သောင်း နှင့်မြှောက်လိုက် ရင်
အားပါးပါး…ဦးမင်းမောင် လို နေရာမျိုး တစ်လ လောက်
ထိုင်ကြည့်လိုက်ချင် ပါရဲ့။
လက် ရှိ ဒီလိုမှုတွဲမျိုး တစ်ထောင်ကျော် ရှိပြီး ၅၈ ဦးက
တော့ ဘုမသိ ဘမသိ ထောင် ကျမည့်ကိန်းဆိုက်နေပါ
ပြီ။ လုပ် ကွက်လေး ပိရိပုံက တော့ အတိုးပုံမှန်သွင်းနေ
တဲ့ လယ်သမားတွေရဲ့ ပိုက်ဆံကို ကြားပွဲစားနှစ်ဦးဖြစ်တဲ့
"မောင် ဝန်"နှင့် "ဇော်လွင်"က ကြားက နေ ဖြစ်သုံးထား
တယ်ဆိုပြီး ဒေါ်အင် ဝါက သူတို့နှစ်ယောက်ကို ထောင်
ထဲထည့်လိုက်တယ်။ထောင်ထဲရောက်နေတဲ့ အဲဒီပွဲစား
နှစ်ဦးကို ဒေါ်အင် ဝါက လယ်သမားတွေအတိုးမ ပေးလို့
မိမိတို့က ငွေအလွဲသုံးစားလုပ်လို့ ထောင် ကျခံရကြောင်း
ပြောဆိုခိုင်းထားတယ်လို့သိရတယ် ထောင်ကလွှတ်ရင်
တိုက်တစ်လုံး ကားတစ်စီး နှင် ငွေသား သိန်းတစ်ထောင်
ပေးမည်ဟု ပြောဆိုစည်းရုံးထားတယ်လို့ သိရတယ်။
အတိုးပုံကိုလည်းပုံမှန်ပေးနေရပြီး မြွေပါလည်းဆုံး
သားလည်းဆုံး ဘဝ ရောက် ရ တော့မယ် ဒီလိုအဖြစ်
အပျက်မျိုးကို ပြည်သူ့အသံ လွတ်တော်အသံ ဆိုတဲ့
လွတ်တော်က ကိုယ်စားလှယ်ကြီးများ မှ စုံစမ်းဖေါ်ထုတ်
အ ရေးယူပေးပါရန် တိုက်တွန်းလိုက်ပါရ စေ။
မီဒီယာများနှင့် တွေ့ဆုံနေတဲ့ မြေအသိမ်းခံတောင် သူ
လယ်သမားများ၏ပုံ။ (via Myeik (Buy&Sale))
No comments:
Post a Comment