Friday, December 13, 2013

တောင်အာဖရိက သမ္မတဟောင်း နယ်လ်ဆင် မန်ဒဲလားရဲ့ ရုပ်ကလာပ်ကို ထောင်သောင်းချီတဲ့ ပြည်သူတွေ လာရောက်ဂါရဝပြု

ကွယ်လွန်သူ တောင်အာဖရိက သမ္မတဟောင်း နယ်လ်ဆင် မန်ဒဲလားရဲ့ ရုပ်ကလာပ်ကို ဂါရဝပြုဖို့ နောက်ဆုံးရက်ကို ရောက်ရှိလာ ပြီဖြစ်ရာ ထောင်သောင်းချီတဲ့ ပြည်သူတွေ လာရောက် တန်းစီ စောင့်ဆိုင်နေကြဆဲ ဖြစ်ပြီး လာရောက်သူ အားလုံးအတွက်တော့ မန်ဒဲလားရဲ့ ရုပ်ကလာပ်ကို မြင်ခွင့်ရမှာ မဟုတ်ဘူးလို့ အစိုးရက သတိပေးထားပါတယ်။
ဂါရဝပြုသူတွေကို နေရာပေးဖို့ ပရီတိုးရီးဒယားမြို့က အဓိက အစိုးရ အဆောက်အဦးနေရာ အနီးက ကားရပ်နားရာ နေရာတွေကိုလည်း အာဏာပိုင်တွေက ပိတ်ထားလိုက်ပါတယ်။

မစ္စတာ မန်ဒဲလားဟာ ပြီးခဲ့တဲ့ အပတ်က အသက် ၉၅ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပြီး သူ့ဈာပနကိုတော့ တနင်္ဂနွေနေ့မှာ ကျင်းပမှာ ဖြစ်ပါတယ်။

အောက်မေ့ဖွယ် အခမ်းအနားတုန်းက သင်္ကေတ စကားနဲ့ သတင်းတင်ပြသူ ရဲ့ အမှားအယွင်းတွေ အတွက်လည်း တောင်းပန်ကြောင်း တောင်အာဖရိက အစိုးရက ပြောကြားပါတယ်။

http://www.bbc.co.uk/burmese/world/2013/12/131213_mandela.shtml

No comments: