Wednesday, December 11, 2013
ဘုရင့်နောင်ပွဲရုံတန်း “မမကြီး” အနှိပ်ခန်း ရဲဝင်ဖမ်း
ဇော်ဇော်ထွေး|ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာ ၁၁ ရက်၊ ၂၀၁၃ ခုနှစ်
ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ် ဘုရင့်နောင်ပွဲရုံဝင်းအတွင်း ဖွင့်လှစ်လုပ်ကိုင်လျက်ရှိသည့် “မမကြီး” အမည်ရှိ အနှိပ်ခန်းကို ဒီဇင်ဘာ ၉ ရက် နံနက် ၂ နာရီခွဲအချိန်က ဘုရင့်နောင်နယ်မြေ ရဲစခန်းက၀င် ရောက်ဖမ်းဆီးလိုက်သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်ထားသည်။
ဘုရင့်နောင်ပွဲရုံဝင်း၊ ယုဇနလမ်း၊ အမှတ် (ဋ/၁၁)ရှိ “မမကြီး”ဆိုင်သည် အလှပြင်ဆိုင်အမည်ခံပြီး အနှိပ် ခန်းပြုလုပ်နေခြင်းဖြစ်သည်ဟု သတင်းရရှိထားသဖြင့် သက်သေများနှင့်အတူဝင် ရောက်ရှာဖွေခဲ့ခြင်း ဖြစ်သည်။
ရဲတပ်ဖွဲ့က သက်သေများနှင့်အတူ ၀င်ရောက်ရှာဖွေရာတွင် ဆိုင်မန်နေဂျာ ထက်အောင်(ခ)အရှည်ကြီး (၁၉)နှစ်အား အဆိုပါအနှိပ်ခန်း၏ ဧည့်ခန်းကောင်တာစားပွဲတွင် တွေ့ရှိဖမ်းဆီးခဲ့သည်။
၎င်းထိုင်နေသည့် စားပွဲအတွင်းမှလည်း အနှိပ်ခန်းပြုလုပ်ရာမှရရှိသည့် ငွေကျပ် ၆၀,၀၀၀ နှင့်အတူ ဒီဇင်ဘာ ၈ ရက်ရက်စွဲပါ အနှိပ်သမများ၏အမည်နှင့် အခန်းဝင်ထွက်ချိန်များ ရေးသားထားသည့် စာရွက် စာနှစ်ရွက်၊ “မမကြီး” အမည်ပါ လိပ်စာကတ် ၁၆ ခုတို့ကို တွေ့ရှိသိမ်းဆည်းခဲ့သည်ဟု ဆိုထားသည်။
ယင်းအပြင် ဆိုင်ခန်းအတွင်း၌ အနှိပ်လုပ်ငန်းလုပ်ကိုင်ရန် စောင့်ဆိုင်းနေသည့် အနှိပ်သမ ၁၀ ဦးကိုလည်း ဖမ်းဆီးလိုက်သည်။
ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဆိုင်တာဝန်ခံနှင့် အနှိပ်သမ ၁၀ ဦးတို့ကို အရေးယူပေးရန် မရမ်းကုန်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမောင်မောင်နိုင်က တရားလိုပြုလုပ် တိုင်တန်းသဖြင့် မြို့နယ်တရားရုံးသို့ ပြစ်မှုပုဒ်မ ၁၈၈ ဖြင့် ဦးတိုက်လျှောက်ထားသည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်လိုက်သည်။
Labels:အတိတ်က မြိတ်သမိုင်း
သတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment