ရန်ကုန်၊ ဒီဇင်ဘာ ၁၂
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ် လန်ပိကျွန်းရှိ သန္တာကျောက်တန်း များပျက်စီးမှု အခြေအနေကို ဇန်နဝါရီလအတွင်း လေ့လာမည် ဖြစ်ကြောင်း Fauna and Flora International မှ Marine Conversation Program Coordinator ဦးဇော်လွန်းက ပြောကြားသည်။
ငါးဖမ်း သင်္ဘောများ၏ မိုင်းခွဲ ငါးဖမ်းခြင်း၊ ပိုက်ကြီးဆွဲ ငါးဖမ်းခြင်း တို့ကြောင့် သန္တာ ကျောက်တန်းများ မည်မျှပမာဏ ပျက်စီးမှု ရှိနေသည်ကို ရေအောက် ငုပ်၍ (Reef Check) နည်းဖြင့် စနစ်တကျ လေ့လာမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
ကမ်းရိုးတန်း တစ်လျှောက်ရှိ ကျွန်းများတွင် သန္တာကျောက်တန်း များကို အဓိက လေ့လာခြင်း ဖြစ်ပြီး ပင်လယ်မြက်နှင့် လမုတောများ အခြေအနေကိုလည်း တစ်ပါတည်း လေ့လာသွားမည် ဖြစ်ကြောင်း ဦးဇော်လွန်းက ပြောဆိုသည်။
မြိတ်ကျွန်းစု အချို့တွင် သဘာဝ ဘေးအန္တရာယ်နှင့် ငါးဖမ်းလုပ်ငန်း များလာခြင်းတို့အပြင် အလှဆင် လုပ်ငန်းအတွက် သန္တာ ကျောက်ခက်များကို အမြောက်အမြား ထုတ်ယူ ရောင်းဝယ်ခြင်း တို့ကြောင့် သန္တာကျောက်တန်းများ အများဆုံး ပျက်စီးနေကြောင်း သန္တာကျောက်တန်း များကို လေ့လာနေသည့် မော်လမြိုင် တက္ကသိုလ် အဏ္ဏဝါဗေဒဌာန ကထိက ဒေါက်တာ ဒေါ်ချယ်ရီအောင်က ပြောကြားသည်။
The Voice

No comments:
Post a Comment