Thursday, December 12, 2013

မြန်မာယူ-၂၃ အသင်း ဆီးဂိမ်းတွင် ဗိုလ်စွဲပါက ကမ္ဘောဇဘဏ်မှ ဂုဏ်ပြုချီးမြှင့်ငွေ သိန်း ၂၁၀၀ အထိရရှိမည်



မဇ္ဈိမ|ကြာသပတေးနေ့၊ ဒီဇင်ဘာ ၁၂ ရက်၊ ၂၀၁၃ ခုနှစ်

ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာယူ-၂၃ အသင်းအား စိတ်ဓာတ်မြှင့်တင့်မှု
ပြုလုပ်သည့်အနေဖြင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် နာယက ဦးအောင်ကိုဝင်း ပိုင်ဆိုင်သည့် ကမ္ဘောဇဘဏ်မှ ပွဲစဉ် တစ်ပွဲတိုင်းအလိုက် ဆုကြေးချီးမြှင့်ရန် စီစဉ်ထားပြီး ပွဲစဉ်အားလုံးအနိုင်ရကာ ဆီးဂိမ်းတွင် ဗိုလ်စွဲနိုင်ခဲ့ပါက စုစုပေါင်း ဂုဏ်ပြုဆုငွေကျပ် သိန်း ၂၁၀၀ အထိရရှိမည် ဖြစ်သည်။

ယင်းနှင့် ပက်သတ်၍ ကမ္ဘောဇဘဏ်မှပင် တည်ထောင်ထားသည့် ကမ္ဘောဇ ဘောလုံးအသင်းပိုင် စာမျက်နှာတွင် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၁ ရက်နေ့က တရားဝင် ရေးသားဖော်ပြခဲ့သည်။ ကမ္ဘောဇဘဏ် လီမိတက်သည် မြန်မာယူ-၂၃ အသင်း၏ အုပ်စု အဖွင့်ပွဲစဉ်တွင် ကမ္ဘောဒီးယားကို အနိုင်ရခဲ့သဖြင့် ဆုကြေးငွေ သိန်း ၁၀၀၊

အရှေ့တီမောကို အနိုင်ရခဲ့သည့်အတွက် ဆုကြေးငွေသိန်း ၁၀၀ ချီးမြှင့်မည် ဖြစ်ပြီး လာမည့် အုပ်စု အဆုံးအဖြတ်ပွဲအဖြစ် ကစားသည့် ထိုင်းနှင့် အင်ဒိုနီးရှားတို့ကိုပါ ဆက်လက် အနိုင်ရပါက တစ်ပွဲနိုင်လျှင် သိန်း ၂၀၀ စီ ချီးမြင့်မည်ြဖစ်သည်။

ဆက်လက်၍ ဆီမီးဖိုင်နယ်တွင် အနိုင်ရပါက သိန်း ၅၀၀ နှင့် ဗိုလ်လုပွဲတွင် အနိုင်ရ ဗိုလ်စွဲပါက သိန်း ၁,၀၀၀ ချီးမြှင့်မည်ဖြစ်ရာ စုစုပေါင်း ကမ္ဘောဇ ဘဏ်တစ်ခုတည်းမှ ချီးမြှင့်ငွေ ကျပ်သိန်း ၂,၁၀၀ အထိ ရရှိရန် ရှိနေခြင်း ဖြစ်သည်။

ကမ္ဘောဇဘဏ်လီမိတက်သည် မြန်မာယူ-၂၃ အမျိုးသား အသင်းအပြင် မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်းကိုလည်း ဆုကြေးပေးရန် စီစဉ်ထားပြီး ဖိလစ်ပိုင်နှင့် ပွဲအတွက် သိန်း ၁၀၀၊ ဗီယက်နမ်နှင့် ပွဲ အတွက် သိန်း ၁၀၀ ဆီးမီးဖိုင်နယ် ပွဲအတွက် သိန်း ၃၀၀ နှင့် ဗိုလ်လုပွဲတွင် အနိုင်ရဗိုလ်စွဲပါက သိန်း ၅၀၀ စုစုပေါင်း သိန်း ၁၀၀၀ ချီးမြှင့်မည် ဖြစ်သည်။

Mizzima - News in Burmese

No comments: