ကွမ်းလုံ ဒီဇင်ဘာ ၁၇
ကွမ်းလုံမြို့တွင် ဒီဇင်ဘာလ (၁၇) ရက်နေ့ မွန်းလွဲ (၁၄း၄၅)နာရီ အချိန်က လားရှိုး- ကွမ်းလုံလမ်းမပေါ် ခရိုင် သာသာနာရေး ဦးစီးဌာနရုံးနှင့် ဆက်သွယ်ရေး ရုံးကြားတွင် လေးလုံးထိုး ထော်လာဂျီ
ယာဉ်မှ ပြင်းထန်သော ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့ပါသည်။
ပေါက်ကွဲမှုကြောင့် ဒုတပ်ကြပ် ဇော်မင်းသိန်း (အမှတ်(၂) အခြေချ စစ်ဗျူဟာ အဖွဲ့) ကွမ်းလုံမြို့၊ တင်မင်းဇော်၊ အသက်(၂၅)နှစ် Asia World ကုမ္ပဏီ စက်မောင်း၊ သူရကျော်၊ အသက်(၂၅)နှစ် Asia World စက်မောင်းတို့ (၃)ဦး သေဆုံးပြီး ဇော်မျိုးအောင် (၂၆)နှစ်၊ (နည်းပြ၊ နတလ သင်တန်းကျောင်း၊ ကွမ်းလုံ)သည် ၀ဲခြေသလုံး ရိုးကျိုးနှင့် သက်ဇေယျာထွန်း (Asia World) လုပ်သားသည် ယာလက်မောင်း ပေါက်ပြဲ ဒဏ်ရာ ရရှိခဲ့ပါသည်။
ပေါက်ကွဲမှု ဖြစ်စဉ်မှာ ချင်းရွှေဟော် မြို့နယ်ဘက်မှ ကွမ်းလုံဘက်သို့ မောင်းနှင်းလာသော(၄)လုံးထိုး ထော်လာဂျီယာဉ်သည် ဖြစ်စဉ်နေရာသို့ အရောက်တွင် ပြင်းထန်စွာ ပေါက်ကွဲ သွားခဲ့ပြီး ခန့်မှန်း ပေ(၂၀) အနီးတွင် ရပ်နားထားသော (Asia World) ကုမ္ပဏီပိုင် (Paver Machine XRMC )အမျိုးစား လမ်းခင်းစက်ပေါ်တွင် ရှိနေသော စက်မောင်း (၂)ဦးနှင့် ဆိုင်ကယ် စီးနင်းနေသော တပ်မတော်သား (၁)ဦးတို့ သေဆုံးခဲ့ပြီး အခြား(၂)ဦး ဒဏ်ရာ ရရှိခဲ့ခြင်း ဖြစ်ပါသည်။ ပေါက်ကွဲမှုကြောင့် ထော်လာဂျီယာဉ်မှာ တစ်စစီ လွှင့်စင် ပျက်စီးသွားပြီး ယာဉ်ပေါ် ပါလာသူ ယာဉ်မောင်း ကျား(၁)ဦး (စိစစ်ဆဲ)နှင့် အမျိုးသမီး (၁)ဦး၏ အလောင်းအား ရှာဖွေ တွေ့ရှိခြင်း မရှိသေးကြောင်း ကနဦးသတင်းအရ သိရှိရပါသည်။
Aye Chan Mon# Credit To:MOI Webportal Myanmar>ပြန်လည် မျှဝေ ပေးခြင်း ဖြစ်ပါသည်
No comments:
Post a Comment