ပရိတ်သတ် တစ်ရာခန့်က ဝေဇယန္တာလမ်းမပေါ်တွင် ရဲများနှင့်
သတင်းထောက်များရှိရာဘက်သို့ ခဲနှင့်ပစ်ပေါက်ကာ အော်ဟစ်နေဆဲဖြစ်သည်။
ထိုနေရာတွင် ဝတ်စုံအပြည့်ဖြင့် လုံထိန်းရဲနှစ်ရာခန့်လည်း ရှိနေသည်။
သုဝဏ္ဏကွင်းရှိရာ ဝေဇယန္တာလမ်းနှင့် လေးထောင့်ကန်လမ်းထောင့်ရှိ မီးပွိုင့်ကို ခေတ္တရပ်ထားရပြီး ဝေဇယန္တာလမ်းကိုလည်း ပိတ်ထားရသည်။
သုဝဏ္ဏကွင်းအတွင်း၌မူ ပရိတ်သတ်များ မရှိတော့ဘဲ မီးသတ်၊ ကြက်ခြေနီနှင့်
လုံထိန်းရဲများသာ လုံခြုံရေးနေရာယူထားသည်။ ကွင်းအတွင်းနှင့်
အပြင်နှစ်ခုပေါင်း လုံခြုံရေးအင်အား ထောင်ဂဏန်းခန့်ရှိသည်ဟု မဇ္ဈိမဓာတ်ပုံ အယ်ဒီတာက သတင်းပေးပို့သည်။
အစောပိုင်းတွင် သုဝဏ္ဏကွင်းအဝင်အဝတွင် မြန်မာအင်္ကျီများနှင့်
ခေါင်းစည်းများမီးရှို့ခြင်း၊ ဆိုင်းဘုတ်များကို မီးရှို့ခြင်းများ
ပြုလုပ်ခဲ့သည်။
( မဇ္ဈိမသတင်းဌာန)
No comments:
Post a Comment