Wednesday, December 11, 2013
မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံကြား သဘောတူညီမှုစာချုပ်သုံးခု လက်မှတ်ရေးထိုး
Thursday, December 12, 2013
မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံကြား သဘောတူညီမှု စာချုပ်သုံးခုကို ဒီဇင်ဘာ ၁၀ ရက်က နေပြည်တော် ဟိုတယ်ဇုန်ရှိ မြတ်တော်ဝင်ဟိုတယ်၌ ပြုလုပ်ခဲ့ပြီး အဆိုပါ လက်မှတ်ရေးထိုးပွဲသို့ ဒုတိယသမ္မတ ဦးဥာဏ်ထွန်းနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင် ဒုတိယ၀န်ကြီးချုပ်တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာချုပ်သုံးခုမှာ အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဒုတိယ၀န်ကြီး ဒေါက်တာဒေါ်ခင်စန်းရီနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးတို့ လက်မှတ်ရေးထိုးသည့် မြန်မာနိုင်ငံ အစိုးရနှင့် တရုတ်နိုင်ငံ အစိုးရတို့အကြား ချုပ်ဆိုသည့် စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်အရ ယွမ်ငွေသန်း ၅၀ အကူအညီပေးရေး စာချုပ်၊ မြန်မာနိုင်ငံ အာဆီယံဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ရာတွင် လိုအပ်သည့် ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများအတွက် ယွမ်ငွေ ၁၀ သန်း လှူဒါန်းသည့် စာချုပ်များနှင့် ယဉ်ကျေးမှု ၀န်ကြီးဌာန ဒုဝန်ကြီး ဒေါ်စန္ဒာခင်နှင့် တရုတ်သံအမတ်ကြီး လက်မှတ်ရေးထိုးသည့် တရုတ်နိုင်ငံ အနေဖြင့် ၂၀၁၄ ခုနှစ် ဇန်န၀ါရီတွင် မြန်မာနိုင်ငံ၌ ဆက်လက်ကျင်းပမည့် မသန်စွမ်း အားကစားပြိုင်ပွဲတွင် လိုအပ်သည့် အသုံးအဆောင်များ ဆက်လက်သုံးစွဲခွင့် ပြုခြင်းဆိုင်ရာ စာချုပ်များဖြစ်ကြောင်း သိရသည်။
ဒုတိယသမ္မတ ဦးဥာဏ်ထွန်းသည် တရုတ်နိုင်ငံ ဒုတိယ၀န်ကြီးချုပ်နှင့် နှစ်နိုင်ငံအကြား အပြန်အလှန် ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မာ လာစေရန် တည်ဆောက်ကြိုးပမ်းသွားရေး ဆိုင်ရာများ၊ လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှု စသည့်ကဏ္ဍများတွင် ဆက်လက်ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာများကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
Eleven Media Group
Labels:အတိတ်က မြိတ်သမိုင်း
သတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment