Sunday, December 8, 2013

လေးပွင့်ဆိုင်တွေ့ဆုံရေးနှင့် သမ္မတရုံး၏ သဘောထား



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ၂၃-၁၁-၂၀၁၃ နေ၌အစည်းအဝေး၌ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရာတွင် အဆင်ပြေချောမွေ့စေရန်နိုင်ငံတော်သမ္မတ၊ လွတ်တော်။ တပ်မတော်နှင့် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို၌လေးပွင့်ဆိုင်တွေ့ဆုံကြရန်ဆုံးဖြတ်ခဲ့သည်၊ သို့သော်
မကြာမီရက်ပိုင်းမှာပင် နိုင်ငံတော်သမ္မတရုံးမှ ယင်းကိစ္စအပေါ်သဘောထားထုတ်ပြန်ခဲ့သည်၊

(၁) တရားဝင်နိုင်ငံရေးပါတီ ၅၈ ပါတီ၏ သဘောထားနှင့်အကြံပြုချက်များကို အလေးထားနိုင်ရန်
(၂) အဖွဲ့ဝင် ၁၀၉ ဦးပါဝင်သည့်အခြေခံဥပဒေပြင်ဆင်ရေးလေ့လာသုံးသပ်ရေးကော်မတီကိုဖွဲ့စည်းပေးခဲ့သည့်ပြည်ထောင်စုလွှတ်တော်၏ အခန်းကဏ္ဍကိုလေးစားရမည် ဖြစ်ပြီး၊ ယင်းကော်မတီ၏ အစီရင်ခံစာကိုကျော်လွန်ရာ မရောက်စေရန်နှင့်
(၃) ကော်မတီအစီရင်ခံစာပေါ်ထွက်လာသည်အထိ စောင့်ဆိုင်းရန်စသည့်အကြောင်းပြချက်များဖြင့် လေးပွင့်ဆိုင်တွေဆုံပွဲကို စဉ်းစားသင့်ကြောင်းတုံ့ပြန်ခဲ့သည်၊

အသွင်ကူးပြောင်းရေးကာလ မြန်မာနိုင်ငံ၏ စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများအပေါ် အကောင်းမြင်စိတ်နှင့် မျှော်လင့်ချက်များထားလျက်ရှိ ကြသောနိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အစည်းများ၊ ပြည်သူလူထုများနှင့် နိုင်ငံတကာအသိုင်းအဝန်းများသည် သမ္မတရုံး၏တုံ့ပြန်မှုကိုကြားသိရသည့်အခါသံသယနှင့်ဒွိဟများပြန်လည် မွေးဖွားလာခဲ့ကြသည်၊ အကျပ်အတည်းနှင့် စိန်ခေါ်မှုအပေါ်ရှုထောင့်တစ်ခုတည်းဖြင့်သာ တရားသေကြည့်ပြီး အချိန်ဆွဲ၊ ဥာဏ်နီဥာဏ်နက်ထုတ်တတ်သည့် အတွေးအကြံလှိုင်းဟောင်းတစ်ကျော့ပြန်ရိုက်ခတ်လာပြန်ပြီလောဟုစိုးရိမ်ပူပန်ခဲ့ကြပြန်ပါသည်၊ မြန်မာ့နိုင်ငံရေးအလှည့်အပြောင်းအတွက်အရေးကြီးသည့် အခြေအနေက "အချိန်အခါကောင်းကို စောင့်ရန်" ဟူသော "အားလုံးအဆင်သင့်ဖြစ်မှ" ဟူသော မရိုးနိုင်သည့်ဆင်ခြေဆင်လက်များကိုခွင့်မပြုတော့ပေ၊ လတ်တလောအလေး အနက်ထားအကောင်အထည်ဖော်ရမည့်ကိစ္စများသည် အချိန်ကာလနှင့် ဘဝကတောင်းဆိုနေသည့် လိုအပ်မှုများ၏နောက်မှာ နောက်ကျကျန်ရစ် မနေစေရန်သတိပြုရပေမည်၊ အဘယ်ကြောင့်ဆို့သော်၊ ဖိအားနှင့်စိန်ခေါ်မှုများသည် ကျွန်ုပ်တို့ဖြေရှင်းနိုင်သည့်ထက်လျင်မြန်စွာကြီးထွားစုပုံလာနေသောကြောင့်ဖြစ်သည်၊

အမှောင်ခေတ်ထဲ ကာလရှည်ကြာနာတာရှည်ဖြစ်ခဲ့သော နိုင်ငံတော်သည်တီဗီဖန်သားပြင်၌ အဝေးထိန်းခလုတ်ဖြင့် နှိပ်လိုက်သလိုရုတ်ချည်းပြောင်းလဲမသွားနိုင်ကြောင်းအားလုံးသိကြသည်၊ သီးခြားအခြေအနေများ၊ သက်ဆိုင်ရာဘဝဝန်းကျင်ဆက်ဆံရေးများနှင့် ပတ်သက်၍ မတူခြားနားသောချဉ်းကပ်မှုများရှိနေကြဦးမည်ဖြစ်သည်၊ သို့သော် ယနေ့စိန်ခေါ်မှုများမှာ စိုးရိမ်ကြောက်ရွံ့စိတ်ထက်တာဝန်သိစိတ်နှင့် လုံးဝပတ်သက်နေပေသည်၊

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင်တပ်မတော်၊ တိုင်းရင်းသားမျိုးနွယ်စုများ၊ နိုင်ငံရေးအင်အားစုများ၏ထိတွေ့ဆက်ဆံရေးများကို ယင်းတို့၏ သမိုင်းဝင်အခန်းကဏ္ဍများအပေါ်ထိုက်ထိုက်တန်တန်အသိအမှတ်ပြုတတ်ရန်အချိန်ကျရောက်ခဲ့ပြီဖြစ်သည်၊။ အင်အားစုအသီးသီး၏ အကျိုးစီးပွားများနှင့်တန်ဖိုးများ၊ အမှတ်အသား ပုံရိပ်များကို ထည့်သွင်းစဉ်းစားသည့်အနေအထားတွင် က္မန်ုပ်တို၌နေထိုင်တတ်ကြရပေမည်၊ နိုင်ငံတော်အတွက်တူညီသော တာဝန်ယူစိတ်၊ စိုးရိမ်ပူပန်စိတ်ဖြင့်ညီညွတ်စွာပေါင်းစည်းနေထိုင်မည်ဆိုပါကသဘောကွဲလွဲမှုနှင့်၊ အငြင်းပွားမှုများ လျော့နည်း သွားပေလိမ့်မည်၊

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့်မူ အစဉ်အလာရပ်တည်မှုများအတိုင်း မိမိရည်ရွယ်ချက်များ အောင်မြင်သည်အထိဆက်လက်ရုန်းကန်ကြိုးပမ်းသွားမည်ဖြစ်သည်။ ကျွန်ုပ်တို့အဓိကလိုအပ်သည်မှာ မိမိတို့တာဝန်ယူဖန်တီးမည့်အနာဂတ်အပေါ် ယုံကြည်မှုရှိကြရေးပင်ဖြစ်ပေသည်၊

အယ်ဒီတာ့အာဘော်
အတွဲ (၂ ) အမှတ် (၄၇ ) တနင်္လာနေ၌ ။
၂ - ၁၂- ၂၀၁၃




No comments: