Sunday, December 8, 2013

သမိုင်းထဲက ခါးပိုက်ဆောင်လက်ကိုင်တုတ်တွေနဲ့ မူ မမှန်၍ မမြဲသောတရား



ဝန်ကြီးချုပ်ဦးနုက ၁၉၅၄ ကျော်ကျော်ကတည်းက အခုလို ကြိုတင်သတိပေးဖူးတယ်။

" အခုခါ တစ်နိုင်ငံလုံးမှာ ကြံ့ခိုင်ရေးအသင်းတွေကို ဖွဲ့ နေကြတယ်။
စစ်ဗိုလ်တစ်ချို့ရဲ့ ညွှန်ကြားချက်အရ ရဲနဲ့ အုပ်ချုပ်ရေးအရာရှိတွေက လူတွေကို
စုပေးရတယ်။ ဖွဲ့စည်းပေးရတယ်။ ဒီ မူအတိုင်းသာ ကြံ့ခိုင်ရေးအသင်းတွေကို ဆက်လုပ်သွားမယ်ဆိုရင် တစ်နေ့နေ့မှာ ဗမာပြည်ဟာ တစ်ပါတီအာဏာရှင်စနစ်
ဖြစ်လာနိုင်စရာအကြောင်းရှိတယ်။ အဖွဲ့အစည်း အသင်းအပင်းတစ်ခုခုကို အခုလို
အာဏာအလွဲသုံးစားလုပ်ပြီး ဖွဲ့စည်းတာဟာ မူ အားဖြင့်မမှန်ဘူး။ အသင်းတစ်ခုကို
အာဏာနဲ့ စည်းရုံးတယ်ဆိုတာဟာ တခြားဟာ မဟုတ်ဘူး။ လူတိုင်းမှာရှိနေတဲ့
လွတ်လပ်စွာ စည်းရုံးပိုင်ခွင့်ကို အုတ်မြစ်ကနေပြီးတော့ ဖြိုပစ်လိုက်တာပဲဖြစ်တယ်။
လူထုနဲ့ ဆန့်ကျင်ဘက် ဂိုဏ်းတွေ၊ ဆန့်ကျင်ဘက် လှုပ်ရှားမှုတွေ၊ ဆန့်ကျင်ဘက် လမ်းစဉ်တွေဟာ သေနတ်နဲ့ပဲထောက်ခံထားထား၊အမြောက်နဲ့ပဲ ထောက်ခံထားထား၊
အနုမြူဗုံးနဲ့ပဲ ထောက်ခံထားထား ဘယ်နည်းနဲ့မှ မတည်မြဲနိုင်ပါဘူး။ ပြိုပျက်ကြရမှာပဲ
ဆိုတာကို ရာဇဝင်အစောင်စောင်က ထောက်ခံနေပါတယ်။ဘယ်သူမှ မငြင်းနိုင်ပါဘူး။"

ဝန်ကြီးချုပ် ဦးနု
၁၉၅၉ ခု မေလ ၁ ရက် (၆၉) ကြီမ်မြောက် မေဒေး နေ့မိန့်ခွန်းမှကောက်နုတ်ချက်

via Baydar Lam

အေးချမ်းမွန် Credit To > Khaing Soelynn < Thank https://www.facebook.com/excellencemedia

No comments: