******************************************************
မုံရွာတစ်ဖက်ကမ်း လက်ပံတောင်းတောင်ဒေသ ကံကုန်းရွာရှိမြေကြီးများ အဆိပ်သင့်နေပြီး ၄င်းနှင့်ဆက်စပ်၍လူသေဆုံးမှုနှုန်းများလည်း မြင့်တက်လျှက်ရှိနေကြောင်း နေပြည်တော်သတင်းရပ်ဝန်းမှ သတင်းပေးပို့လာပါတယ် ၊
သဘာဝပတ်ဝန်းကျင် ပညာရှင် ဦးဝင်းမျိုးသူရဲ့ ဖေ့ဘုတ်စာမျက်နှာပေါ်မှ ရေးသားချက်များ ထွက်ပေါ်လာပြီး မရှေးမနှောင်းမှာပဲ နေပြည်တော်မှ သတင်းပေးပို့လာတာဖြစ်ပါတယ် ၊
ကံကုန်းရွာကို အခြေပြုတည်ဆောက်ထားတဲ့ ဆာလဖျူရစ်အက်ဆစ်ထုတ်လုပ်တဲ့စက်ရုံမှ စွန့်ပစ်ပစ္စည်းများ ပတ်ဝန်းကျင်ရှိ လယ်ယာမြေများတွင် စွန့်ပစ်နေမှု နဲ့ ချင်းတွင်းမြစ်အတွင်း စွန့်ပစ်နေမှု များကနေ ဆိုးကျိုးအကျိုးဆက်အဖြစ် ထွက်ပေါ်လာခြင်းဖြစ်ပါတယ် ၊
ကံကုန်းရွာ ပတ်ဝန်းကျင်ရှိ မြေကြီးများကို နမူနာယူ ဓါတ်ခွဲစမ်းသပ်မှုရလာဒ်အရ ကံကုန်းရွာနဲ့ ပတ်ဝန်းကျင်ဒေသရှိ မြေကြီးများဟာ အဆိပ်သင့်လျှက်ရှိနေပြီး လူမနေသင့်တော့တဲ့ နေရာများအဖြစ် သတ်မှတ်ရန်သာရှိပါတော့တယ် ၊
လေထုအထဲမှာလည်း ဆာလဖျူရစ်အက်ဆစ် အနံ့များကြောင်း အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါများ ဖြစ်ပွားလျှက်ရှိနေပြီး ကံကုန်းရွာရဲ့ လူသေဆုံးမှုဟာ လူတစ်သိန်းမှာ ၈၀၀ (လူရှစ်ရာ) နှုန်းနဲ့ သေဆုံးမှုနှုန်းရှိလာပြီဖြစ်ပြီး ဆက်လက်ပြီး သေဆုံးမှုပမာဏ
မြင့်တက်လာခြေရှိတယ်လို့လည်း သတင်းရရှိပါတယ် ၊
ကံကုန်းရွာ အပါအဝင် လက်ပံတောင်းတောင်ဒေသတစ်ခုလုံးကို စစ်ဆေးမှုများ အလျှင်အမြန်ဆောင်ရွက်သွားဖို့ ပညာရှင် ဦးဝင်းမျိုးသူက ဆော်သြထားတယ်လို့လည်း သိရပါတယ် ၊
လက်ပံတောင်းတောင် ဒေသ နဲ့ ပတ်သတ်လို့ ဂူဂယ်မပ်မှာ ရှာကြည်ံနိုင်ပါတယ် ၊
လွမ်းမောဖွယ် လက်ပံတောင်းတောင်ဒေသ 22.07355,95.095539
ပထဝီကနေ သမိုင်းဖြစ်သွားသော ယခင်ကြေးစင်တောင် စပါယ်တောင် ယခု ကြေးနီထုတ်နေသောတွင်းနက်ကြီးများ 22.129672,95.040847
လက်ပံတောင်းတောင်မှာ ကြေးနီထုတ်ဖို့ တောင်ဖြိုနေသောနေရာ 22.083579,95.097779
အဆိပ်သင့်နေသော ကံကုန်းရွာ 22.130092,95.071256
လယ်တီဆရာတော်ကြီး သီတင်းသုံးခဲ့သော သမိုင်းဝင် သိမ်တော်၏ လက်ရှိ စိတ်မချမ်းမြေ့ဖွယ် အနေအထား 22.076903,95.093426
လက်ပံတောင်းတောင်ဒေသ ဝမ်ပေါင်ရုံးခွဲ နေရာ 22.091244,95.074449
တောင်ဖြိုမြေကြီးများ စုပုံရာနေရာများ 22.077289,95.074639 22.088901,95.098121
လက်ပံတောင်းတောင်ကြီးကို လောဘဇောတိုက်နေသူတွေရဲ့ လက်ထဲက ကယ်တင်ဖို့ လူတိုင်းမှာ မွေးရာပါ တာဝန်ရှိပါသည် ၊
Credit »»»Hawdeka Khalaylay «««Thanks
*PTO*
No comments:
Post a Comment