၇၄ မောင်မောင်တိတ် အမှတ်တရစကား
နေ့သစ်၊ http://naytthit.net မှ ..
မြန်မာပြည် စစ်အာဏာရှင်ဆန့်ကျင်ရေး ကျောင်းသားလှုပ်တွေထဲက လွန်ခဲ့ ၃၉ နှစ်၊ ၁၉၇၄ ဒီဇင်ဘာ ဦးသန့်အရေးတော်ပုံဟာလဲ
သမိုင်းမှတ်တိုင်းတခု ဖြစ်ခဲ့တယ်။ အဲဒီချိန်က အခုလို ဒီဇင်ဘာလထဲမှာ
မြန်မာပြည် အာဏာရှင်ဆန့်ကျင်ရေးမှာ နီမောင်း ရဲရင့်တဲ့
တိုက်ပွဲဝင်ကျောင်းသားတွေ ပေါ်ထွက်ခဲ့တယ်။ အခု အဲဒီ
တိုက်ပွဲဝင်ကျောင်းသားတွေထဲက တဦးဖြစ်ပြီး ယခုလက်ရှိအခြေအနေမှာလဲ
စစ်အာဏာရှင်စနစ်ကို ဆက်လက်ဆန့်ကျင်တိုက်ပွဲဝင်နေတဲ့
ကျောင်းသားတပ်မတော်တပ်ဖွဲ့ဝင် ရဲဘော်မောင်မောင်တိတ် က ၇၄
ဦးသန့်အရေးတော်ပုံနဲ့ ပတ်သက်တဲ့ အမှတ်တရစကား အခုလို ပြောသွားခဲ့တယ်။
အဲဒီနေ့တွေမှာ ခွန်အားသစ် တိုးခဲ့တာပေါ့၊ အခု ဒီဇင်ဘာလဟာ ၃၉ နှစ်မြောက်
ဦးသန့်အရေးတော်ပုံ ပေါ်ပေါက်ခဲ့တဲ့ နေ့ရက်တွေပါပဲ။ ဒီဇင်ဘာလ ၁ ရက်မှ ၁၂
ရက်နေ့အထိ ကျနော်တို့ ကျောင်းသားများဟာ ကမ္ဘာ့ငြိမ်းချမ်းရေးဖခင်ကြီးကို
ရဟန်းရှင်လူအများနဲ့အတူ ထိုက်တန်စွာဖြင့် ဂုဏ်ပြုခဲ့တဲ့ နေ့များ ဖြစ်ပါတယ်။
ကျနော်တို့အားလုံးဟာ ကိုယ့်အသိစိတ်ဓါတ်အားလုံးနဲ့ လုပ်ဆောင်ခဲ့ကြတာပဲ
ဖြစ်ပါတယ်။ မနာလို မရှုစိမ့် အာဃာတ တရားများနဲ့ ငြိမ်းချမ်းရေးဖခင်ကြီးကို
လျစ်လျူခဲ့တာတွေကို ကျနော်တို့အားလုံးက အသိစိတ်ဓါတ်နဲ့ ဆောင်ရွက်ခဲ့တာပဲ
ဖြစ်ပါတယ်။ ရန်ကုန် ဝိဇ္ဇာ သိပ္ပံ တက္ကသိုလ်ဝင်းကြီးဟာ အကြုံဖူးလောက်အောင်ပင်
ပြည်သူများနဲ့ ပြည့်နှက်သွားပြီး ပူးပေါင်းဂုဏ်ပြုကြတာပဲ ဖြစ်ပါတယ်။
၈ ရက်နေ့မှာတော့ ကျနော်တို့အားလုံးရဲ့ ရင်ထဲက အလုံးကြီးကျသွားပြီး
ထိုက်တန်စွာနဲ့ ဂူဗိမာန်ကြီးအဖြစ် ဆောက်လုပ်နိုင်ခဲ့ကြပါတယ်။ အဲဒီ
ဂူဗိမာန်ကြီးဟာ ငြိမ်းချမ်းရေး ဂူဗိမာန်ကြီးအဖြစ် အားလုံးက ယခုထိတိုင်အောင်
အသိအမှတ် ပြုနေကြဆဲပါ။
၁၁ နေ့ညမှာတော့ စတင် ဖြိုခွဲခံခဲ့ရပြီး၊ ကျနော်တို့အားလုံးဟာ
အင်စိန်ထောင်အတွင်းကို ရက်စက်စွာနဲ့ ဖမ်းဆီးပို့ဆောင်ခြင်းကို ခံခဲ့ရပါတယ်
..။
၁၃ ရက်မှာတော့ ကျနော်တို့ အင်းစိန်ထောင်အတွင်းရှိ တိုက်ထဲမှာ
ရောက်ရှိနေကြပါပြီ။ အဲဒီအချိန်ကစပြီး ကျောင်းသားပြည်သူ ရဟန်းရှင်လူတို့မှာ
ပြင်းထန်တဲ့ လောကငရဲထဲကို ရောက်ရှိကာ ငြိမ်းချမ်းရေး ဂူဗိမာန်ကြီးကို တကသ
ဝင်းထဲမှာ အားပါးတရ ဆောက်လုပ်နိုင်ခဲ့တဲ့ အားမာန်တွေအတွက်ကို
ပေးဆပ်ခဲ့ကြပါပြီး။
၇၄ ခုနှစ် ဦးသန့်အရေးတော်ပုံဟာ ရှေးက နောင်တော်များရဲ့ နယ်ချဲ့ဆန့်ကျင်ရေး
၊ အမျိုးသားလွတ်မြောက်ရေး၊ ဖက်ဆစ်ဆန့်ကျင်ရေး၊ ဒီမိုကရေစီအရေး
တိုက်ပွဲများရဲ့ လက်ဆင့်ကမ်းလာတဲ့ ကျောင်းသားစိတ်ဓါတ်များနဲ့
ဆက်လက်တိုက်ပွဲဝင်ခဲ့ကြတာ ဖြစ်ပါတယ်။ ကျနော်တို့နည်းတူ လာမယ့်
မျိုးဆက်သစ်များကလည်း မိမိတို့ရဲ့ သမိုင်းပေးတာဝန်များကို သစ္စာရှိရှိ
တာဝန်ယူနေတာ တွေ့ရသလို့ ရှေ့ဆက်ပြီးတော့လဲ အောင်ပွဲအထိ
လက်ဆင့်ကမ်းသယ်ဆောင်မယ်ဆိုတာ သံသယကင်းစွာနဲ့ ယုံကြည်ပါတယ်။
ဘဝ သွေးချွေးများနဲ့ ရင်းခဲ့ရတဲ့ ရဟန်း ရှင်လူ ကျောင်းသားပြည်သူများကို
ကျနော်တို့ အမှတ်တရနဲ့ သတိရဆဲ ဂုဏ်ပြု ဦးညွှတ်ဆဲရှိကာ အဲဒီ
ဒီဇင်ဘာစိတ်ဓါတ်နဲ့ ဆက်ပြီး တိုက်ပွဲဝင်နေကြပါတယ်။
လေးစား ဂုဏ်ပြု ဦးညွှတ်လျက်
မောင်မောင်တိတ်
၇၄ ကျောင်းသားဟောင်း
ကျောင်းသားတပ်မတော်

No comments:
Post a Comment