Wednesday, December 11, 2013

ဖြတ်မယ်ဆိုလာ(တာဝန်ယူတယ်)





ဘိန်းနှင့် စိတ်ကြွဆေးဖြတ်လိုက အရေးယူခြင်း မခံရအောင် တာဝန်ယူမည် ( Burmese Hearts ) ဘိန်းဖြူနှင့် စိတ်ကြွစွဲနေသူများကို ဥပဒအရ အဖမ်းမခံရအောင် တာဝန်ယူ ဆေးဖြတ်ပေးမည်ဟု လူငယ် အားမာန်အဖွဲ့ဝင် ကိုအောင်မျိုးလွင်က ပြောသည်။ “ဒီကိုလာတဲ့အခါ ပစ္စည်းမူးယစ်ဆေးဝါးတော့ လုံးဝ သယ်မလာနဲ့ အဖမ်းမခံရဖို့ တာဝန်ယူတယ် အပြင် မှာဆေးသုံးစွဲပြီးမှ လာလည်းရတယ် တာဝန်ယူတယ် ပစ္စည်းသယ်မလာဖို့ပဲ လိုတယ်။ ကျန်းမာရေးနဲ့ ပတ်သက်ပြီး စစ်ဆေးပေးတယ်။ မူးယစ်ဆေးဖြတ်တော့မယ်လို့ ဆုံးဖြတ်ထားသူဆိုရင် စာရင်းသွင်း၊ ဒီ မှာရှိတဲ့ ဆေးခန်းမှာ စစ်ဆေးပြီး ရွာသာကြီးဆေးရုံအထိ တာဝန်ယူပြီး လိုက်ပို့ဆောင်ပေးတယ်”ဟု ပြော သည်။ မူးယစ်ဆေး သုံးစွဲနေသူများ ဆေးဖြတ်လိုပါက ဥပဒေအရ အဖမ်းမခံရအောင် တာဝန်ယူ ဆောင်ရွက်ပေးပြီး ဆေးဖြတ်မည်ဆိုပါက အုပ်ထိန်းသူတစ်ယောက်က တာဝန်ယူကာ လူငယ်အားမာန်အဖွဲ့ထံ အကူအညီ တောင်းခံနိုင်သည်။ လူငယ့်အားမာန်အဖွဲ့သည် ဘိန်းစွဲပြီး ဆေးဖြတ်ထားသူအားလုံး အသင်းဝင် ၉၀၀ ကျော်ရှိပြီး အားလုံးက လုပ်အားပေး ဆောင်ရွက်လျက်ရှိသည်။ လူငယ့်အားမာန်အဖွဲ့က ဆေးဖြတ်ရန် အတင်း တိုက်တွန်းမည်မဟုတ်ဘဲ ဆေးဖြတ်ရန် ဆန္ဒရှိပြီး ကာယကံရှင်ကိုယ်တိုင် ဆုံးဖြတ်နိုင်ရမည်ဟု ဆိုသည်။ ဘိန်းစွဲသူ၊ စိတ်ကြွဆေး စွဲလမ်းသူများသည် အမှန်တကယ် ဆေးဖြတ်မည်ဆိုလျှင် ဆေးရုံသို့ ၁၄ ရက် တက်ရောက် ကုသရမည်ဖြစ်သည်။ ဆေးရုံတက် ကုသမှု ကုန်ကျစရိတ်များမှာ မိမိဘာသာ အကုန်ကျခံ ကုသရမည်ဖြစ်ပြီး ကုန်ကျစရိတ် ခန့်မှန်း သုံးသောင်းကျပ်ဝန်းကျင် ရှိသည်။ ရွာသာကြီးဆေးရုံတွင် ကုသပြီးပါက ပထမအဆင့်အနေဖြင့် စံပြဆေးရုံနှင့် ရွာသာကြီးဆေးရုံများတွင် ဘိန်းဖြတ်ဆေး (မတ်သဒုံး)ကို နေ့စဉ် အခမဲ့ သောက်သုံးနိုင်သည်။ ဆေးစွဲလမ်းသည့် စိတ်ကို မဖြတ်နိုင် သေးပါက အချိန်အကန့်အသက်မရှိ မတ်သဒုံးဆေးရည်သောက်သုံးပြီး စိတ်ဖြေနိုင်သည်။ ဒုတိယအဆင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုထပ်မံရရှိပြီးမှ မတ်သဒုံးဆေးဖြတ်ရန် ဒုတိယအကြိမ် ရွာသာကြီးဆေးရုံတွင် ကုသမှုခံရသည်။ မူးယစ်ဆေးဝါးသုံးစွဲနေသူများ အမှန်တကယ် ဆေးဖြတ်မည်ဆိုလျှင် ဖုန်း ၀၁-၅၀၂၈၉၃၊ ၀၁၅၃၂၁၇၁၊ ၀၉-၇၃၀ ၉၁၅၂၁ သို့ ဆက်သွယ်နိုင်သည်။ http://www.burmesehearts.com/

No comments: