Thursday, December 12, 2013

ဆလိုင်းကျော်မင်း၊ ရှန်ဇခိုင် နှင့် ဖြိုးကိုကိုသိန်း တို့လည်း ဆီးဂိမ်းစ်မှ အပယ်ခံရ၊ (၂၇) ကြိမ်မြောက် ပွဲတော် ချင်းကစားသမားတွေအတွက် အပယ်ခံဖြစ်နေပြီလား။

“ရွေးချယ်ပုံနည်းလည်းမကျတဲ့အတွက် ၀မ်းနည်းပါတယ်၊ အခုကျနော့နေရာမှာ ရွေးထားတဲ့သူက ကျနော့ကို အမြဲရှုံးနေကျပါ၊ ၀ိတ်တန်းမပြည့်ပဲ ကျနော့နေရာမှာ ၀င်ပြိုင်တော့ တခြားနိုင်ငံနဲ့ရှုံးရင်တော့ မလွယ်ဘူး”



ဆလိုင်းကျော်မင်း၊ ရှန်ဇခိုင် နှင့် ဖြိုးကိုကိုသိန်း တို့လည်း ဆီးဂိမ်းစ်မှ အပယ်ခံရ၊ (၂၇) ကြိမ်မြောက် ပွဲတော် ချင်းကစားသမားတွေအတွက် အပယ်ခံဖြစ်နေပြီလား။ Salai Kyaw Moe Chin World Media December 12, 2013 Link >>> http://www.chinworld.info/index.php/2013-10-21-05-31-39/chin-land-news/89-2013-12-12-20-01-19 မြန်မာနိုင်ငံတွင် ပြန်လည်ကျင်းပလျက်ရှိသော (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် ရွေးချယ်ထားသော ကာယဗလမောင် ဆလိုင်းကျော်မင်း၊ တိုက်ကွယ်ဒိုကစားသမား ရှန်ဇခိုင် နှင့် ဘောလုံးကစားသမား ဖြိုးကိုကိုသိန်းတို့မှာလည်း ပါဝင်ခွင့် မရတော့ကြောင်း သိရသည်။ "ဆလိုင်းကျော်မင်း" ဆလိုင်းကျော်မင်းသည် (၈၀) ကီလိုဝိတ်တန်းကစားသမား (၁) ဦးဖြစ်ပြီး၊ ဆီးဂိမ်းစ်အကြို လူရွေးပွဲတွင်လည်း By Name ဖြင့် ပါဝင်ခဲ့ပြီး၊ ပြည်ထောင်စုဖလားပြိုင်ပွဲတွင်လည်း ချင်းပြည်နယ်ကိုယ်စားပြုပြီး ၀င်ပြိုင်ရာ ရွှေတံဆိပ်ဆုရရှိခဲ့သူလည်း ဖြစ်သည်။ (၁) နှစ်ပတ်လုံး လေ့ကျင့်ရေးရုံများတွင်သာ အချိန်ယူလေ့ကျင့်နေပြီး၊ သူ၏ ၀ိတ်တန်း (၈၀) ကီလိုတန်းတွင် ပြိုင်ဖက် မရှိသူလည်း ဖြစ်သည်။ SEA Games ပြိုင်ပွဲ၏ ကာယဗလပွဲများအား ဒီဇင်ဘာလ (၁၃) နှင့် (၁၄) ရက်နေ့များတွင် ရန်ကုန်မြို့ရှိ MCC ခန်းမတွင် စတင်ကျင်းပမည်ဖြစ်ပြီး၊ နိုဝင်ဘာလ (၂၃) ရက်နေ့တွင် ဆလိုင်းကျော်မင်းမပါဝင်တော့ကြောင်း အကြောင်းကြားခြင်း ခံခဲ့ရသည်။ ဆလိုင်းကျော်မင်းက- “ကျနော်ယှဉ်ပြိုင်မယ့် ၀ိတ်တန်း (၈၀) မှာ လူရွေးကတည်းက ကျနော်တယောက်ပဲရှိတယ်။ ဒါပေမယ့် ကျနော့နေရာမှာဝင်ပြိုင်မယ့် မင်းဇော်ဦးဆိုတာက- (၇၆) ကီလိုပဲ ရှိတယ်။ အသက်ကလဲ (၄၀) ကျော်နေပြီ။ အဲဒီမှာ သူ့ကို အခွင့်အရေးပေးတဲ့အနေနဲ့ (၄) ကီလိုလျော့နိုင်မယ်ဆိုရင် (၇၀) တန်းမှာ ၀င်ပြိုင်ဆိုပြီး ပြောတယ်။ ပြီးတော့ (၇၀) တန်းက (၂) ယောက်ကို ဖြုတ်လိုက်တာပေါ့၊ (၂၃) ရက်နေ့ စင်္ကာပူအဖွဲ့ချုပ်ကနေ လာစစ်တဲ့အချိန်မှာ သူက ၀ိတ်မလျော့ပဲနေတော့ ဒါဆိုရင် (၈၀) တန်းမှာပြိုင်ဆိုပြီး ကျနော့ကို ဖြုတ်လိုက်တယ်။ ပြီးတော့ (၇၀) တန်းက ဖြုတ်တဲ့ သူ (၂) ယောက်ထဲက (၁) ယောက်ကို ပြန်ခေါ်လိုက်တယ်” ဟု Chin World သို့ပြောသည်။ ဆက်လက်၍ ဆလိုင်းကျော်မင်းမှ- “ရွေးချယ်ပုံနည်းလည်းမကျတဲ့အတွက် ၀မ်းနည်းပါတယ်၊ အခုကျနော့နေရာမှာ ရွေးထားတဲ့သူက ကျနော့ကို အမြဲရှုံးနေကျပါ၊ ၀ိတ်တန်းမပြည့်ပဲ ကျနော့နေရာမှာ ၀င်ပြိုင်တော့ တခြားနိုင်ငံနဲ့ရှုံးရင်တော့ မလွယ်ဘူး”ဟု Chin World သို့ပြောသည်။ ချင်းပြည်နယ်၊ မတူပီမြို့နယ် ဇာတိဖြစ်သော ဆလိုင်းကျော်မင်းသည် ယခုအခါ ကိုယ်ပိုင် ကာယဗလအားကစားခန်းမ တစ်ခု ဖွင့်လှစ်လုပ်ကိုင်လျက်ရှိပြီး၊ SEA Games မျှော်လင့်ချက် ရိုက်ချိုးခံရခြင်းကြောင့် စိတ်ဓါတ်ကျလျက်ရှိသည်ဟုလည်း သိရသည်။ "ရှန်ဇခိုင်" တိုက်ကွယ်ဒိုကစားသမား ရှန်ဇခိုင်သည်လည်း တောင်ကိုးရီးယားနိုင်ငံနှင့် ထိုင်းနိုင်ငံသို့ ပြိုင်ပွဲနီးသည်အထိ လေ့ကျင့်သူများထဲတွင် ပါဝင်ခဲ့သော်လည်း အနီးကပ်တွင် ဖြုတ်ခြင်းခံရသည်ဟုလည်း သိရသည်။ Chinland Guardian သို့ Siam Za Khai ၏ ဦးလေးဖြစ်သူမှ- “ စာရင်းထဲမှာလည်း ပါထားပြီး၊ သူကိုယ်တိုင်လည်း ပြိုင်ပွဲဝင်ဖို့ စိတ်အားတက်ကြွလျက်ရှိနေပေမယ့်- အိမ်ပြန်ပို့ခြင်း ခံရတဲ့အတွက် စိတ်ဓါတ်အကြီးအကျယ်ကျ ၀မ်းနည်းနေပါတယ်” ဟု ပြောသည်။ ချင်းပြည်နယ်၊ တီးတိန်မြို့နယ် ဇာတိ ရှန်ဇခိုင်သည် အင်ဒိုနီးရှိား၊ တောင်ကိုးရီးယားနှင့် တရုတ်နိုင်ငံများတွင် ကျင်းပခဲ့သော တိုက်ကွယ်ဒိုပြိုင်ပွဲများတွင် ငွေတံဆိပ် (၃) ဆု ဆွတ်ခူးနိုင်ခဲ့သူ ဖြစ်သည်။ "ဖြိုးကိုကိုသိန်း" (Pau Sian Sang) ပဏာမ မြန်မာ့လက်ရွေးစင်ဘောလုံးသမား ဖြိုးကိုကိုသိန်းမှာလည်း နောက်ဆုံးအဆုံးသတ် လူ (၂၃) ဦး ရွေးချယ်ရာတွင် မပါဝင်လာခဲ့ပေ။ သို့သော် ဖြိုးကိုကိုသိန်းမှာ ယခုနှစ်အစောပိုင်းကာလများအထိသာ ပထမဦးစားပေး လူစာရင်းတွင် ပါဝင်ခဲ့ပြီး၊ နောက်ပိုင်းပွဲများတွင်မူ လူစားလဲသူအဖြစ်သာ ပါဝင်ကစားခွင့် ရခဲ့သည်။ ဖြိုးကိုကိုသိန်းမှာ ချင်းယူနိုက်တက်အသင်းတွင်လည်း ကစားခဲ့သူဖြစ်ပြီး၊ လက်ရှိတွင် ဧရာဝတီယူနိုက်တက်အသင်း၌ ကစားလျက်ရှိသည်။ ထို့ပြင် Chin World Media တွင် ဖော်ပြခဲ့ပြီးဖြစ်သော လက်ဝှေ့ကစားသမား Nelly Bawi Nei Sin နှင့် နပမ်းကစားသမား Van Ni Lian Uk တို့လည်း ဖြုတ်ချအပယ်ခံရပြီးနောက်- လက်ရှိတွင် ချင်းကစားသမား (၅) ဦး ဖြုတ်ချခံရခြင်းဖြစ်ပြီး၊ (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပွဲသည် ချင်းကစားသမားများအတွက် အပယ်ခံဖြစ်နေပြီလား……….ဟု….။

No comments: