OUR COUNTRY,DON'T LOOk IT DOWN
******************************
နိုင်ငံတစ်နိုင်ငံရှိပါသည်။ထိုနိုင်ငံ သည် လက်ရုံးရည်ဖြင့် ပြည့်စုံပြီး
သတ္တိလည်း အင်မတန်ရှိသည်။တရုတ်ကိုလည်း တိုက်ပြီးသိမ်းပိုက်ခဲ့သော မဂိုဘုရင်
ဂျန်ဂစ်ခံသည် ထိုနိုင်ငံကို မသိမ်းနိုင်ခဲ့ပါ။သူတို့ သည် ပေါ်တူဂီကိုလည်း
တော်လှန်သည်။အင်္ဂလိပ်ကို တိုက်သည်။ဂျပန်ကိုလည်း တိုက်သည်
နောက်ပိုင်းကူမင်တန် တရုတ်ဖြူကိုလည်း တိုက်သည်။ သူတို့ ဘာကိုမှ
မကြောက်ပါ။သတ္တိရှိသည် ယနေ့ တော့ "ကျွန်တော်တို့ တရုတ်ကို
ကြောက်ရပါသည်"ဟုပြောသည်။
အစားအသောက် စားနပ်ရိက္ခာပေါကြွယ်ဝသည်။ အရင်က Rice bowel of Asia ဟု
ပြောပလောက်အောင် ဆန်ရေစပါးကြွယ်ဝသည်။သား ငါး ပုဇွန်က အစ နိုင်ငံခြားသို
့တင်ပို့ သည်။သံယံဇာတလည်း အင်မတန်ပေါသည် ကျွန်းသစ် ကမ္ဘာ့အကောင်းဆုံး
ဒီကထွက်သည် ရေနံ တစ်ချိန်က အပေါများဆုံးပဲ ယနေ့ သဘာဝဓာတ်ငွေ
့အလျှံအပယ်ရှိသည် တစ်နှစ် ဒေါ်လာ ၃.၅ဘီလီယံရသည်။
ကျောက်စိမ်းအကောင်းစားရှိသည် အများကြီးလည်းရှိသည် ပတ္တမြားအကောင်းစားရှိသည်
Hopeဟူသောစိန်အကြောင်း ကြားဖူးပေလိမ့်မည် အနှီနိုင်ငံက ပစ္စည်း Blue Diamond
ဖြစ်သည်။
သို့ သော် အားလုံးကိုရောင်းစားသည်
အဆင်းရဲဆုံးနိုင်ငံတွင်ပါဝင်သည် အနေထားက ကမ္ဘာ့လူဦးရေ အများဆုံးအများဆုံး
နိုင်ငံ နှစ်နိုင်ငံကြားမှာ တည်နေသည် အင်မတန် နေတတ်သည့်
သူများကိုပြပါဆိုလျှင် ထ်ုနိုင်ငံတွင်တွေ
့ရမည်။ဗန်းမော်ဆရာတော်ပြောသောစကားကို သတိရမိသည်။ကျွမ်းပဲထိုးထိုး
ခုန်ပဲခုန်ခုန် ကျော်လွှားလို့ ပဲ သွားသွား မင်းတို့ ပေါင်ကြားက ကောင်က
ဘာမှမဖြစ်ဘူး ဒီအတိုင်းနေကြတဲ့
ဆိုးပါသည်။ ပညာရေး။
အင်မတန်
လွတ်လပ်ပြီး ငြင်းချက်တွေလက်ခံသည် ဘာသာရေးအနေဖြင့်လည်း Liberal ဗုဒ္ဓဝါဒကို
လက်ခံသည် အမျိုးသမီးအခွင့်ရေးအပြည့်အဝ ပေးထားသည်။ စာတတ်မြောက်မှုမှာ၉၄
ရာခိုင်နုန်းကျော်သည် စားရေးတတ်ဖတ်တတ်သည် သို့ သော်အများစုက စာမဖတ်ကြ
လူဦးရေ သန်း ၆၀ကျော်ရှိရာ စာအုပ် တစ်ထောင်ရိုက်လျှင်မကုန်ချင်ပါ။လူတွေက
တော်ပါသည် ကုလသမဂ္ဂမှာ အတွင်းရေးမှုးချုပ်တက်ဖြစ်သည်။ယနေ့ UNတွင်
တောင်းကိုးရီးယားအတွင်းရေးမှုး
ချုပ်
ဖြစ်နေသည် သူ့ ထက်စောပြီး အတွင်းရေးမှုးချုပ်ဖြစ်သည်
ဒါဘယ်သူ့ တိုင်းပြည်လဲ။
တို့ တိုင်းပြည်ပါ။
လူဦးရေ သန်း၆၀ကျော်ရှိသည် ကရင် ကချင် ကယား ချင်း မွန် ရခိုင် ရှမ်း ဗမာ လူမျိုး၁၃၅ ကျော်ရှိသည့် အလွန်တစ်ရာ ထူးခြားသော နိုင်ငံ။
လူတွေက အစ မြန်မာပြည်က ဟု ပင်ဆို ကြသည် အရေးတော့ သိပ်မပါလှပါ
တို့ လူမျိုးများတွင် ကောင်းသော သမို်င်းအစဉ်အလာရှိသည် တို့ သမိုင်းသည်
ရှေးအစဉ်အဆက်တကောင်းလက်ထက်ကပင် တည်ရှိခဲ့သည် တို့ စာပေသည် အနုအလှ ရသတွေ
နှင့် သီကုံးထားသည်။ဘာသာစာပေ ယဉ်ကျေးမှုအမွေတွေနှင့်
အညွန့် လူလူ ရှိသင့်ပါလျက် ဘယ်အတွက်ကြောင့်
တို့ တစ်တွေ အောက်ကျနောက်ကျ ရှိနေရသနည်း။
တို့ တစ်တွေ အလွန်အမင်းညံ့လို့ လား။
ဆက်လက်ဖတ်ရှူရန်....
ဒေါက်တာခင်မောင်ညို
The Politics ဂျာနယ် အမှတ် ၂၃ မှ ကူးယူမျှဝေပါသည်
No comments:
Post a Comment