Wednesday, December 11, 2013

ခေတ် နှင့် ခံနိုင်မှုကို ဆန်းစစ်ခြင်း

 
 
 
 
 
 ၆၂ စစ်အာဏာသိမ်းတော့ ရှေ့ဆုံး ကသေခဲ့ကြပြီး ပြည် ပသို့ရောက် တောထဲကိုရောက် ရောက်ချင် ရာရောက် ပြေးခဲ့ကြသူတွေ ထဲတွင် ကျောင်းသားတွေကသာ အများစုဖြစ်၏၊ ဦးနေ၀င်း မဆလ ပါတီထောင် ဟိုဥပဒေ ဒီဥပဒေ လေးတွေဆွဲပြ၊ အာဏာသိမ်းတုံးက ပါခဲ့တဲ့ စစ် ခေါင်းဆောင်တွေကလဲ အရပ်ဝတ်တွေဝတ်ပြီး ဆိုရှယ်လစ်လူဘောင်နဲ့ လွတ်ငြိမ်းချမ်းသားအသားတုံးချကာမျှားခေါ်လိုက်လေတော့ ဒီမိုကရေစီ ၀န်ကြီးချုပ်လို့ခေါ်တဲ့ ဦးနုကြီးလဲ အငန်းမရပြေးဟတ်ခဲ့ရပြီး သံဏီလိုမာကြောသောခေါင်းဆောင်တချို့မှာလဲ အ၇ည်ပျော်ကျ၊ ဒီမိုကရက်တစ်တွေကလဲ ပြေးဖက်ကြနဲ့ ပြန်ပြေးဝင်ခဲ့ကြသည်မှာ သတင်းစာ ကော်လံမဆန့်အောင်ဖြစ်ခဲ့၏။ ဦးနေ၀င် အုပ်ချုပ်မှု အမှားယွင်းကို အသက်သွင်းခဲ့ကြပုံက ခွေးကတက်မှာပဲနေရနေရ တဲအိုပျက်မှာ ပဲသေရသေရ ပမညတ တို့လဲ မဆလထဲသို့ အိုလံပစ် နောက်ဆုံးစံချိန်နဲ့ ပြေးဝင်လာလိုက်ကြသည်မှာသောက်သောက်လဲ၊ သည့်အပြင် အရှက်မဲ့သွားသောကွန်မြူနစ်အရည်ခြုံတွေမှာလဲ ကွန်ညိုညစ်ဘ၀အဖြစ်သို့ပြောင်းလဲကုန်လေသည်။ ဦးနေ၀င်းဆင်ထားသောဖဲထုတ်ကို ပါလာသော ဥာဏ်ရည်နှစ်ပြားတပဲနှင့် ၀ိုင်းထိုင်ကာ ဖဲဝင်ရိုက်ကြ ပြီး တိုင်ပြည်သွက်သွက်ခါအောင်မွဲခဲ့လေသတည်း။ ၈၈ ရောက်ပြန်တော့ရှေ့ဆုံးက ဘယ်သူတွေလဲ? ကျောင်းသားတွေက ရှေ့ကပဲ နွဲကြပြန်သည်။ သေတော့လဲ ကျောင်းသားတွေပ။ဲ အများပြား ထွက်ပြေးကြ ၊ ဖမ်းဆီးခံရကြ၊ ဘ၀တွေပျက်ကြတာလဲ ကျောင်းသားတွေပဲ၊ ပြည်သူတွေပဲ၊လူကြီငယ်တွေပဲ ဖြစ်နေခဲ့၏။ ပြေးမလွတ်သူတွေ၊ အပြေးနောက်ကျသူများ ၊ထောင်ထဲရောက်ကြ၏၊ နေ့တဓူဝ ဒုက္ခတွေ သောကတွေခံစားရတာလဲ ကျောင်းသားနှင့် လူငယ်တွေက အများဆုံး ရှေ့ဆုံးကပင် ဖြစ်ခဲ့ပြန်သည်။် ကိုယ့် ကိုလဲ ပေးတာမဟုတ်တဲ့ နိုဘယ်လ်ငြိမ်းချမ်းရေးဆု ပေးတော့ လက်ပန်း မောင်းထခတ်ကြလို့ ၈၈က ရွက်ပုံးသီးတွေ ထောင်ထဲရောက်ကြပြန်၏။ ဘာပဲပြောပြောယုံကြည် ချက်က ခိုင်မာတော့ စစ်အစိုးရက အကျဉ်းထောင်တွေ ပြည့်လျံနေအောင် ဖမ်းထဲ့ထားလိုက် တာ အသက်မနည်းဝအောင် ခွဲဝေရှူခဲ့ရကြရ၏။ ထောက်လှမ်းရေးဌာနတွေရဲ့ စစ်ကြောရေးမှာလဲ ငယ်သံပါအောင် မခံနိုင်တဲ့် အဆုံး အော်နေကြတာ ကမ္ဘာ တခုလုံး ဟီးဟီးတုန်နေသလားလို့တောင်ပင် ပြောလို့ရ၏၊ သူ့ကို ဆော်နေပြီ ဟိုလူ့ကို စစ်နေပြီ၊ ဘုရားဘုရား ငါ့အလှည့် လာတော့မှာပါလားလို့ ဆူပွက်နေတဲ့ အသံတွေကြားက ရွတ်လိုက်ရတဲ့ ဘာသာရေးဂုဏ်တော်တွေ၊ တလိုက်ရတဲ့ ဘုရားသခင် ပေါင်းစုံ ကုန်ရောပါပဲ။ ဒါပေမယ့် ကိုယ့် အလှည့်ကတော့ မလွဲပဲ ရောက်ကို ရောက်လာခဲ့လေ၏။ စစ်ကြောရေးအကြောင်းပြောလျင် ကမ်ဘော ဒီးယားက ခမာနီတွေတောင် မျက်ရေ အတောက်လိုက် ကျသွားလောက်အောင်ကို ဆူပွက်ခဲ့သည်။ မိသားစုများမှာ ဘ၀တွေပျက်ပြီး ထောင်က လွတ်တာနဲ့ ရောက်ရာပေါက်ရာ ထွက်ပြေးတော့ ထိုင်းနိုင်ငံမှာ၊ အန္ဒိယမှာ၊ တရုတ်နယ်စပ်မှာ နိုင်ငံအသီးသီးမှာ စကားကမတတ်၊ အစားကလပ်နေ တာမို့ မျောက်က ဆင်းသက်လာတဲ့ လူသားဘ၀ တွေ မျောက်ဘ၀ကို ပြန်ရောက်သွားသလို တရိစ္ဆာန်ကတောင် လူမွေးသူမွေးပြောင်ပြောင်ရောင်ရောင်နဲ့ ကိုယ့်ထက်တောင် သာနေသလို့ မြင် ခဲ့ရ၏ ။ ရှိရှိသမျှ အတွေးခေါ်တွေကိုခင်းချ ယူအန်ဒုက္ခသယ် ဘ၀ကို လူမွေးမပြောင်တော့တဲ့သိက္ခာ နဲ့ လဲပစ်ခဲ့ကြရ၏။ ၈၈လေးလုံးပြီးတော့ ၉၉လေးလုံး တပြည်လုံးပြောင်းလဲတော့မယ်လို့ ၀မ်းသာအားရ ရှိရှိသမျှအားအင်တွေနဲ့ အဝေးကနေ ၀င်ဖြေကြည့်လိုက်တာ တိုင်းတပါးသားများ၏ အချုပ်ခန်းတွေ အကျဉ်းစခန်းတွေမှာ စာမေးပွဲအခါခါကျရပြန်၏။ ကျလိုက်တဲ့ တိုက်ပွဲပေါင်းများစွာကို ပြန်တောင် မစဉ်းစားရဲလောက်အောင် ဒဏ်ရာတွေက ပြင်းခဲ့သည်။ ထိမှန်ခဲ့သည်။ ဘာပဲဖြစ်ဖြစ်လေ တို့ ခေါင်းဆောင်တွေအားလုံးလွတ်ရင် တွန်းဖြိုဖို့ အားတခုအဖြစ်နဲ့ ရတဲ့နေရာ ရတဲ့ထောင့်ကစောင့်ရင်း အချုပ်ထောင်ပေါင်းစုံရဲ့ ထမင်းဟင်းက ကိုယ့်လိုလူတွေအတွက် အသက်ဆက်ဖို့စားပြီး ရှိရှိသမျှအားနဲ့ စောင့်ခဲ့ပါပြန်၏။ ခေါင်းဆောင်တွေလဲလွတ်ရော အားရ၀မ်းသာနဲ့ ဆော်ဖို့လဲကြံရော “နောက်ပြန်လှည့်သွားမှာ ကြောက် ရတယ် မလုပ်ကြနဲ့” ဆိုပြီး ဟိုလူ့ကို စွပ်စွဲ ဒီလူကို စွပ်စွဲနဲ့ အပျော်တန်း ၀င်ကန်နေမိတဲ့ ဘောလုံးပွဲ လိုဖြစ်သွားပြန်လေသည်။ အပျော်တန်း ဘောလုံးပွဲက ဂိုးသွင်းဖို့မလိုဘူး ခွေးရူးတွေလို ဘောကွင်းတခုလုံး လှုပ်လှုပ်ရွရွလေးဖြစ်နေဖို့ပဲလိုတဲ့ ပွဲမျိုးကို ဆိုလိုပါသည်။ “ငါတို့ လက်ရှိအနေထားလေးကပဲ ပြောင်းလဲမှုကို သွားနိုင်မယ၊် နို့မဟုတ်ရင် အားလုံး ဒုက္ခပြန်ရောက်သွား မယ် မလုပ်ကြနဲ့၊ ဒီအချိုးကွေ့လေးက အရေးကြီးတယ် ငြိမ်ငြိမ်လေး မျောလိုက် “ဆိုတဲ့ လှေနံနစ်ဖက်နှင်းသူနှင့် ခြံစည်းရိုးခွထိုင်သူများအဖြစ်ကို ချက်ခြင်း ပြောင်းလိုက်ကြပြီး ပြည်ပက ပြည်တော်ပြန် လင်းတ(လဒ) အချို့တွေနှင့် ဒီမိုကရေစီကို လမ်းပြောင်ပြန် မောင်းကြလေ၏။ ဆိုလိုရင်းမှာ လူစုနှင့် ဆန္ဒပြုလျင် ဒီမိုကရေစီမရနိုင်သော အယူဝါဒအသစ်တခု ပေါ်ထွက်လာလေသည်။ သူတို့ ပါစပ်တွေမို့ ပြောထွက်သည်မှာ အံသြရ၏၊ ယခင်ကလဲ ဒီလူတွေပဲအုပ်ချုပ်ခဲ့သည်၊ အခုလဲပဲ ဒီလူတွေပဲ ဆိုတာ မမြင်ရလောက်အောင် ညအမှောင်ထဲတွင် ကြက်မျက်သင်ရောဂါများ ရကုန်သော ဝေဒနာများ စွဲကပ်ကုန်လေ၏။ ၆၂ က ဗိုလ်နေ၀င်း အခု ၈၈က ဗိုလ်သန်းရွှေ တို့ရဲ မာယာကို သာယာနေကြလေတယ်လို့ ဆိုရလေတော့မည်။ လုပ်ကိုင်ပုံ အလုံစုံ တထပ်ထဲမကျရင်တောင် လုပ်နည်းလုပ်ဟန်က ကုလားကြီးကို အရာကြီးပြောင်းခေါ်သ လိုပါပဲ၊ နောက်ထပ် ၂၅ နှစ် ထပ်စောင့် ဒီမိုကရေစီလူမွေးပေါက်ပါမလားလို့ စဉ်းစားရင်း ရင်မောမိ၏။ မြန်မာပြည်က အထူးခြားဆုံး ၀ိသေသရောဂါ တခု နောက်ဆုံး တွေ့ရလေသည်။၊ ကျောင်းသားခေါင်းဆောင်အချို့နှင့် နိုင်ငံရေး သမား ၊ အားလုံးသော မဆိုနိုင်သော အချို့ပူရိသများနှင့် နိုဘယ်လ်ဆု၇ှင်ပါမကျန်၊သတ္တ၀ါအပေါင်းတို့သည် ဆင်းရဲသော ဒဏ်ကို ကျားကုတ်ကျားခဲ သီလ မြဲစွာ ခံနိုင်ကြပြီး ချမ်းသာသော ကျော်ကြားသော အခြွေရံပေါသော သာယာသော မောဟ၏ ကိလေသာ ထူထပ်မဲမှောင်သော လောကဓံကိုတော့ မည်သူမှ မခံနိုင်ကြသေးပါ။ ရင်တွင်းဖြစ် အမြင်များဖြစ်ပါသည်…….. ကျေးဇူးတင်ပါသည် __ဂိုလ်ရှယ်လေး

No comments: