နယ်ဆင်မန်ဒဲလားဈာပနအခန်းအနားမှာ ကျူးဘားသမ္မတ ရောကာစထရို ကို လက်ဆွဲနှုတ်ဆက်ခဲ့တဲ့အပေါ် သမ္မတ အိုဘားမားကို အမျိုးမျိုး
ဝေဖန်သံတွေ ညံလာပါတယ်။ ဒီလုပ်ရပ်ဟာ ကြိုတင်စီစဉ်ထားတာ မဟုတ်ဘဲ ရုတ်တရက်တွေ့ဆုံရာမှာ အိုဘားမားက လက်ဆွဲနှုတ်ဆက် လိုက်တယ်လို့ဆိုပါတယ်။
ငြိမ်းချမ်းရေးကိုချစ်မြတ်နိုးသူ အကြမ်းမဖက်တဲ့လှုပ်ရှားမှုကို ဦးဆောင်ခဲ့သူ မန်ဒဲလားကို ဂုဏ်ပြုတဲ့အနေနဲ့ လာရောက်ချိန်မှာ ရန်သူကို လက်ဆွဲ နှုတ်ဆက်တာဟာ မန်ဒဲလားကို လေးစားရာရောက်တယ်ဆိုပြီး အိုဘားမားရဲ့ သဘောထားကြီးမှုကို ချီးကျူးသူတွေရှိပါတယ်။
အမေရိကန်ရောက် ကျူးဘားသားတချို့ကတော့ သွေးစွန်းနေတဲ့သမ္မတရဲ့ လက်ကို ဆွဲပြီး နှုတ်ဆက်ခဲ့တဲ့ အိုဘားမားရဲ့ လုပ်ရပ်ကို ဝေဖန်ကြသလို
ရေပါပလီကင်တွေကလည်း ဝေဖန်ကြပါတယ်။
ဒီပွဲမှာ သမ္မတအိုဘားမားပြောခဲ့တဲ့ မိန့်ခွန်းတစိတ်တပိုင်းက ကျူးဘား သမ္မတကိုလည်း ရည်ညွှန်းလိမ့်မယ်လို့လည်း ယူဆရပါတယ်။
"ဒီကနေ့ ကမ္ဘာပေါ်မှာ အမျိုးသား အမျိုးသမီး တွေဟာ သူတို့ရဲ့
နိုင်ငံရေးယုံကြည်ချက်၊ သူတို့ သွင်ပြင်ကြောင့်၊ သူတို့ကိုးကွယ်မှုကြောင့် သူတို့ရဲ့ချစ်သူရွှေးချယ်မှုတွေကြောင့် အပြစ်ပေးခံရ ထောင်ချခံနေကြရ ဆဲပါပဲ။ နယ်ဆင်မန်ဒဲလားရဲ့ လွတ်မြောက်ရေးလှုပ်ရှားမှုကို အားပေး
ထောက်ခံကြတဲ့ နိုင်ငံခေါင်းဆောင်တွေ အင်မတန်များပြားပါတယ်။ ဒါပေမဲ့ သူတို့က သူတို့နိုင်ငံသားတွေရဲ့ ဆန့်ကျင်မှုကိုတော့ သည်းမခံနိုင်ကြဘူး။"
Z
ကိုးကား-http://www.usatoday.com/story/news/nation/2013/12/10/obama-castro-handshake/3967087/

No comments:
Post a Comment