ဒီအတိုင်း တကယ်ခံစားခဲ့ရတာ ဆိုရင်တော့ ....
သမီးတို့ကမဖိတ်ပဲ ကိုယ့်သဘောနဲ့ကိုယ် လာခဲ့ကြတာပါ
သမီးတို့ တစ်ခန်းကို လူဆယ်နဲ့ချီကျပ်သိပ်နေအောင်နေခဲ့ရတယ်
မငြိုငြင်ရက်ခဲ့ဖူး SEA GAMESဆိုတဲ့ပွဲကြီးအတွက်
သမီးတို့ရေမလုံလောက်ဖူး
ထားပါတယ် အများနဲ့ပဲ
ဆက်သွယ်ဆက်ဆံရေးအရာရှိအတွက် အဓိကလိုအပ်တာPHONE
အဲ့ဒီPHONE အားသွင်းဖို့ ပလက်ပေါက်ကစ မလုံလောက်ခဲ့လဲသမီးတို့ သည်းခံခဲ့တယ်
PHONE BILL သမီးတို့ပိုက်ဆံနဲ့ သမီးတို့ဖြည့်ခဲ့ရတာပါပဲ
တစ်ရက်ကိုရခဲ့တဲ ငွေ၄၀၀၀နဲ့ အစစ အရာရာ ဈေးကြီးတဲ့ နေပြည်တော်လိုနေရာမှာ
သမီးတို့တစ်နေ့စာ ရအောင်စားရတယ် အပြစ်မတင်ရက်ပါဘူး
ဖွင့်ပွဲကြီးကိုကြည့်ခွင့်မရခဲ့ဖူး ဒါပေမဲ့ ပြန်ဖို့မစဉ်းစားရက်ဖူး
နာရီဝက်တစ်နာရီလောက်နေ့တိုင်းလမ်းလျှောက်
မလာနိင်တဲ့ busကိုစောင့်စီး
မပြည့်စုံတဲ့ သမီးတို့တိုင်းပြည် ကြောင့်
နိုင်ငံခြားသားတွေရဲ့အလိုမကျမှုတွေကိုလဲ သမီးတို့အောက်ကျခံတော်င်းပန်ခဲ့တယ်
စပွန်ဆာဆိုပြီး လာပေးတဲ့ date လွန်နေနေတဲ့ ခေါက်ဆွဲတွေတောင် သမီးတို့
စကားသံတစ်ချက်မထွက်ခဲ့ဖူး
အရေးပါတယ်ဆိုတဲ့ သမီးတို့ကို လုံခြုံရေးက ခွေးလိုနွားလိုနှင်ထုတ်ခဲ့တယ်
အများအံ့သြငေးမောခဲ့ရတဲ SEA Games ဖွင့်ပွဲကြီးကိုမကြည့်ရလဲ
မငြိုငြင်ရက်ခဲ့ဖူး
duty is duty ဆိုတဲ့စိတ်လေ
တစ်နေ့ကို အလုပ်၁၀နာရီကနေ ၁၂နာရီထိ လုပ်ရတယ် အပင်ပန်းခံနိုင်ခဲ့တယ်
မငြီးငြူရက်ခဲ့ဖူး
အဘပဲပြောခဲ့တယ်
သမီးတို့L.Oကနိုင်ငံ image ဆို?
သမီးတို့က အရေးသိပ်ပါတယ်ဆို
သမီးတို့ကို သိပ်အားထားတယ်ဆို
သမီးတို့ကြောင့်သာဒီSEA gamesကြီးဖြစ်ခဲ့တာဆို
ဘာကိုယုံရမှာလဲ?
သမီးတို့မယုံနိုင်တော့ဘူး
မယုံလဲ မယုံရဲတော့ဘူး
ဘဘမမေ့ဖို့က ဘဘတို့ရွှေရလို့အောင်ပွဲခံနေချိန်မှာ
သမီးတို့ L.Oတွေ အခု မျက်ရည်ကျနေရတယ်
တကယ်ပါ အရမ်းလဲဝမ်းနည်းတယ်
သမီးတို့မျှော်လင့်ခဲ့မိတာ ငွေမဟုတ်ဘူး
လစာမဟုတ်ဘူး
သမီးတို့မျှော်လင့်တာ အသိအမှတ်ပြုမှု နဲ့ အရေးပေးမှုလေးပါ သမီးတို့ကို
လူလိုဆက်ဆံပေးဖို့ပါ
သမီးတို့ နွားတွေကြက်တွေလို ကျပ်သိပ်နေအောင်အိပ် မ၀ရေဆာစား အအော်အငေါက်ခံ
ခိုင်းတာလုပ်နေပေမဲ့ လူလိုတော့ အသိအမှတ်ပြုစေချင်တယ် အဘတို ခေါခိုင်းထားတာ
ပညာတတ် တွေပါ လူတွေပါ အဘ
နောက်နောင်များ နိုင်ငံတော်ပွဲအတွက် L.o V.O WF ခေါခဲ့ရင်
သမီးတို့ကြောက်ပီ လုံးဝ လုံးဝ မလုပ်တော့ဘူး အခုချိန်ဟာ သမီးတို့ ညံ့လို့
တုံးလို့ ထုံလို့ အသုံးမကျလို့ လာလုပ် မိတဲ့ သမီးတို့အပြစ်တွေပါ
သမီးတို့တင်မဟုတ်ဘူး သမီးပတ်ဝန်းကျင်ကိုပါ သမီး တားမှာပါ
လူလိုနေချင်ရင်မလုပ်ပါနဲ့လို့လေ
အဘရေ
သမီးတို့L.Oတွေကြောင့်နိုင်ငံ image ကောင်းလားမကောင်းလား မသေချာပေမဲ့
သမီးတို့နိုင်ငံကိုသမီးတို့ အမြင်ကတော့ ?????????

No comments:
Post a Comment