ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် မိချောင်းကန် သပိတ်စခန်းတွင် ဒီဇင်ဘာလ ၇ ရက်နေ့က "တပ်စည်ပင်"အမည်ခံလူစုနှင့် မြေသိမ်းခံ သပိတ်မှောက်သူများကြား ပဋိပက္ခဖြစ်ပွားကာ ဒဏ်ရာရရှိသူ တချို့ရှိခဲ့သည်။ နေ့လည်ပိုင်းတွင် "တပ်စည်ပင်"မှ မြဇံရာအေးစေတီဝင်းအတွင်း ခြံခတ်ရာ မဖယ်ပေးသည့်သပိတ်မှောက်သူများကို သွပ်ပြားများဖြင့်တွန်းကာ ခြံခတ်ရာမှ သပိတ်မှောက်သူများ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ အမျိုးသမီး ၇ ဦးဒဏ်ရာရရှိပြီး သတိလစ်မေ့မြောသွားသူတစ်ဦး၊ လက်ကြိုးသူတစ်ဦး၊ သွပ်ပြားပွန်းရှဒဏ်ရာရရှိသူ ၅ ဦးတို့ဖြစ်ကာ အချို့မှာ ည ၇ နာရီခန့်တွင် သင်္ဃန်းကျွန်းပြည့်သူဆေးရုံကြီးမှ ပြန်လည်ဆင်းလာခဲ့ပြီးဖြစ်သည်။
သပိတ်မှောက်သူများမှာ မြဇံရာအေးစေတီအတွင်းရှိ အိမ်သာကိုပင် အသုံးပြုနေရသည်ကို ယခုအခါ "တပ်စည်ပင်"အမည်ခံလူစုမှ ထိုတံခါးကို သော့ခတ်ကာ ပိတ်ဆို့လိုက်ပြီဖြစ်သည်။ တောင်းဆိုမှုကြောင့် ငါးယောက်တစ်တွဲသာ အိမ်သာအသုံးပြုခွင့်ပေးခဲ့သည်။ ည ၇ နာရီခန့်တွင်ပင် စစ်တပ် အင်အား သုံးဆယ်ကျော်ခန့်မှာ မြဇံရာအေးစေတီအတွင်းသို့ ခြံဝင်းအနောက်ဘက်မှ ပတ်ဝင်လာခဲ့ပြီး အထဲတွင် မူလကတည်းကရှိနေသည့် "တပ်စည်ပင်"အမည်ခံ လူစုနှင့် ပူးပေါင်း နေရာယူထားသည်။
(ဓာတ်ပုံ - စိုင်းဇော် / ဧရာဝတီ )
8-12-2013 (Irrawaddy)
No comments:
Post a Comment