Sunday, December 8, 2013

ကမ္ဘာ့အကြီးဆုံး LNG ရေယာဉ်ကြီးအား ပထမဆုံးရေချ

 




ကမ္ဘာ့အကြီးဆုံး LNG ရေယာဉ်ကြီးအား ပထမဆုံးရေချ
တောင်ကိုရီးယားနိုင်ငံတွင် ဆောက်လုပ်ခဲ့သော Prelude ဟု အမည်ပေးထားသည့် Shell ကုမ္ပဏီပိုင် ကမ္ဘာ့အကြီးဆုံးရေယာဉ်ကြီးအား ဒီဇင်ဘာလ( ၃ )ရက်နေ့တွင် ရေချစမ်းသပ်မူ ပြုလုပ်ခဲ့ပါသည်။ ရေယာဉ်ကြီးသည် အရှည် (၁၆၀၁)ပေ၊အကျယ်(၂၄၃ )ပေ၊အမြင့်(၃၀၅ )ပေ ရှိပြီး တန်ချိန်(၆)သိန်းခန့် ရှိပါသည်။

Prelude ရေယာဉ်ကြီးသည် ပင်လယ်ပြင်မှာပင် ရေနံတွင်းများနှင့် တိုက်ရိုက်ချိတ်ဆက်၍ တစ်နှစ်လျှင် LNG- Liquefied Natural Gas (၃.၆)သန်း ထုတ်လုပ်နိုင်မည်ဖြစ်ပြီး သိုလှောင်နိုင်မှုသည် အိုလံပစ်ရေကူးကန်ထက် (၁၇၅)ဆခန့် ပိုမိုကြောင်း သိရသည်။

အဆိုပါ ရေယာဉ်ကြီးသည် ဟာရီကိန်း Category 5 နှင့် အင်အားအပြင်းဆုံး ဆိုင်ကလုန်းမုန်တိုင်းဒဏ်များ ခံနိုင်ရည်ရှိအောင် တည်ဆောက်ထားပြီး (၆၇၀၀)HP အင်ဂျင်သုံးလုံး တပ်ဆင်မည် ဖြစ်သည်။ တည်ဆောက်မှု အချိန်ဇယားအရ (၂၀၁၇)ခုနှစ်တွင် စတင်အသုံးပြုနိုင်မည်ဟု မျှော်မှန်းထားသည်။ကုန်ကျမူတန်ဖိုးအား ဖော်ပြထားခြင်းမရှိသော်လည်း ကျွမ်းကျင်သူများက အမေရိကန်ဒေါ်လာ (၁၀.၈) မှ (၁၂.၆) ဘီလီယံအထိ ရှိနိုင်သည်ဟု ခန့်မှန်းကြသည်။

ကိုစေ(Myanmar Navy)

No comments: