မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။
ကော့မှုးမြို့နယ်တွင် အဖွဲ့ချုပ်ဥက္ကဌဒေါ်အောင်ဆန်းစုကြည်ပြောကြားသောမိန့်ခွန်း
“ဒေါ်အောင်ဆန်းစုကြည်
ကျွှန်မ ဒီကွင်းကိုကြည့်လိုက်တဲ့ အခါကြတော့ လူအများစုက
ဟိုဘက်ကိုရောက်နေတယ်။ဘာလို့ လဲဆိုတော့ အဲဒီဘက်က အရိပ်ရှိလို့ ပါ။အဲဒီတော့
ကျွှန်မတို့ ဟာ လူ့ သဘာဝပဲ အရိပ်အာဝါသအောက်မှာ
အေးအေးချမ်းချမ်းနေချင်ကြတယ်။ကျွှန်မတို့ နိုင်ငံသူ ၊ နိုင်ငံသားတွေ ဖွဲ
့စည်းပုံအခြေခံဥပဒေရဲ့ အရိပ်အာဝါသ အောက်မှာ အေးအေးချမ်းချမ်းနေနိုင်ဖို
့ဆိုရင် ဒီဖွဲ့ စည်းပုံအခြေခံဥပဒေကို ပြောင်းမှဘဲ
ဖြစ်ပါလိမ့်မယ်။ပြည်သူလူထုကို အေးချမ်းမူ ၊ ကာကွယ်မူ မပေးနိုင်တဲ့ ဖွဲ
့စည်းပုံအခြေခံဥပဒေဆိုတာဟာ နိုင်ငံကို အကျိုးမပြုဘဲနဲ့ နိုင်ငံကို
နစ်နာစေမှာ ဖြစ်ပါတယ်။ဒါကြောင့် ကျွှန်မတို့ က ဖွဲ့ စည်းပုံအခြေခံဥပဒေ
ပြုပြင်ပြောင်းလဲရေးကို မူတစ်ခုအနေနဲ့ အဖွဲ့ ချုပ်က ခိုင်ခိုင်မာမာ
လက်ထဲမှာ ဆုပ်ကိုင်ခဲ့ တာ ဖြစ်ပါတယ်။
ဖွဲ့ စည်းပုံအခြေခံဥပဒေထဲက
အသေးစိတ်ကိစ္စတွေကို ဦးဝင်းမြင့်နဲ့ ဦင်္းဌေးဦးက ရှင်းပြသွားပြီးပါပြီ။
ကျွှန်မက အရေးကြီးတဲ့ ကိစ္စတစ်ခုကို ပြည်သူကို တင်ပြပြီးတော့
ပြည်သူတွေကြားထဲမှာ စူးစမ်းစေချင်ပါတယ်။ကျွှန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ
့ချုပ်က (၁၉၈၈)ခုနစ် စပြီးဖွဲ့ ထဲက အမျိုးသားရင်ကြားစေ့ရေးကို
ဦးတည်မယ်ဆိုပြီး ကျွှန်မတို့ လုပ်ခဲ့တာပါ။ဒီတော့ ဒီဖွဲ
့စည်းပုံအခြေခံဥပဒေဟာ အမျိုးသားရင်ကြားစေ့ရေးကို ထိခိုက်စေတယ်လို
့ကျွှန်မတင်ပြချင်တယ်။
ဖွဲ့ စည်းပုံအခြေခံဥပဒေဟာ တနည်းအားဖြင့်
ပြောရမယ်ဆိုရင် ပြည်သူတွေနဲ့ တပ်မတော်ကြားမှာ စိတ်ဝမ်းကွဲအောင်လို
့ရေးဆွဲထားတဲ့ ဖွဲ့ စည်းပုံအခြေခံဥပဒေလို့  ကျွှန်မပြောချင်ပါတယ်။
ကျွှန်မတို့ အနေနဲ့ ဒီဖွဲ့ စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး ၊
တပ်မတော်အနေနဲ့ အမျိုးသားနိုင်ငံရေးမှာ ဦးဆောင်မူကဏ္ဍကို ယူရေး ကိစ္စတွေကို
ကျွှန်မတို့ ဆန့် ကျင်တာဟာ တပ်မတော်ကို ဆန့် ကျင်လို့ မဟုတ်ဘူး။တပ်မတော်နဲ
့ပြည်သူရဲ့ အကြားမှာ တစ်သွေးတစ်သားတည်း ဖြစ်ချင်လို့ ဆိုတာကို
အများသိစေချင်ပါတယ်။အခုဟာက ဒီဖွဲ့ စည်းပုံအခြေခံဥပဒေဟာ တနည်းအားဖြင့်
ဆိုရင် ပြည်သူနဲ့ တပ်မတော်ကြားထဲမှာ တိုက်ပေးယုံတင်မက ပြည်သူမကျေနပ်တဲ
့ကိစ္စတွေနဲ့ ပတ်သတ်လို့ ရှိရင် တပ်မတော်ကို တရားခံဖြစ်အောင် လုပ်ထားတယ်လို
့ကျွှန်မကတော့ ဒီလိုပဲ မြင်ပါတယ်။
ခုနက ရှင်းပြသွားသလို
့(၇၅)ရာခိုင်နုန်းသော ပြည်သူ့ ကိုယ်စားလှယ်တွေရဲ့ ဆန္ဒကို တပ်မတော်ထဲက
(၂၅)ရာခိုင်နုန်းသော ကိုယ်စားလှယ်တွေကနေပြီးတော့ ဆန့် ကျင်မယ်ဆိုလို
့ရှိရင် ဒါဟာ ပြည်သူတွေအနေနဲ့ ငါတို့ ရဲ့ လိုအင်ဆန္ဒတွေကို ဆန့် ကျင်တာ
တပ်မတော်ဆိုပြီး အဲလိုမတွေးကြဘူးလား။တွေးကြမှာပဲ။ဒီတော့ ဒါတပ်မတော်ကို
တရားခံဖြစ်အောင် လုပ်တယ်လို့ ကျွှန်မဒီလိုပဲ မြင်ပါတယ်။
တကယ်ဆိုလို
့ရှိရင် နိုင်ငံအတွင်းမှာ နိုင်ငံသူ ၊ နိုင်ငံသားတွေအထဲမှာ သဘောတူညီမူ
မရှိဘူးဆိုရင် လွှတ်တော်ထဲမှာ ဒီကိစ္စတွေကို မျှမျှတတ ကျေလည်အောင် လုပ်ဖို့ က
အင်မတန်မှ အရေးကြီးပါတယ်။ဒီတော့ လွှတ်တော်ထဲမှာ ဘယ်သူတွေက လုပ်ရမှာလဲ။ဒါဟာ
ပြည်သူတွေက ရွှေးချယ်တင်မြှောက်လိုက်တဲ့ ကိုယ်စားလှယ်တွေက ပြေလည်အောင်
တစ်ယောက်နဲ့ တစ်ယောက် ညှိနိုင်းပြီး လုပ်ရမှာပါ။အဲဒီလုပ်ပိုင်ခွင့်လည်း
ရှိရမှာဖြစ်ပါတယ်။ဒါကြောင့် ကျွှန်မတို့ နိုင်ငံရဲ့ အခြေအနေကို သေချာ
လေ့လာကြပါ။
အခုတလောဆိုရင် ဖွဲ့ စည်းပုံအခြေခံဥပဒေကို
ပြုပြင်ပြောင်းလဲတဲ့ ကိစ္စကို မလိုလားတဲ့ သူတွေက ကျွှန်မတို့ ကနေပြီးတော့
တပ်မတော်ကို တိုက်တယ်။တပ်မတော်ကို ထိပါးစေချင်တယ်။ကျွှန်မတို့ ရဲ့ အဖွဲ
့ချုပ်နဲ့ ကျွှန်မတို့ ရဲ့ ပြည်သူတွေနဲ့ တပ်မတော်ကြားထဲမှာ
ပိုပြီးစိတ်ဝမ်းကွဲအောင် ၀ါဒဖြန့် ချိရေးတွေလုပ်နေတယ်ဆိုတာလည်း
ကျွှန်မသတိပြုမိပါတယ်။ဒီဟာတွေကို ပြည်သူတွေကနေပြီးတော့ သေသေချာချာ
စဉ်းစားရမယ်။
ကျွှန်မတို့ တပ်မတော်ကို တန်ဖိုးထားလို့ ရှိရင်
တကယ်ကို ပြည်သူကနေပြီးတော့ လေးစားချစ်ခင်နိုင်တဲ့ တပ်မတော် ဖြစ်စေချင်လို
့ရှိရင် ဒီဖွဲ့ စည်းပုံအခြေခံဥပဒေကို ပြောင်းကို ပြောင်းရမယ်။
နောက်ပြီးတော့ ကျွှန်မတို့ ကို အခု အစိုးရလုပ်နေတဲ့ သူများ ကပေါ့နော်
အစိုးရလုပ်ချင်တဲ့ သူများ ဒါကျွှန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်
အပါအ၀င်ပါ။ကျွှန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကို
အစိုးရလုပ်ချင်သလားဆိုရင် လုပ်ချင်တယ်ပဲ ပြောရမှာပဲ။လုပ်ချင်တယ်ဆိုတာ
အကြောင်း(၂)ခု ရှိပါတယ်။တစ်ခုက ကျွှန်မတို့ နိုင်ငံအတွက် သင့်တော်တယ်လို
့ထင်တဲ့ မူဝါဒတွေနဲ့ နိုင်ငံတိုးတတ်ရေးအတွက် ကြိုးပမ်းနိုင်တဲ့ အခွင့်အရေး ၊
ကြိုးပမ်းရမယ့်တာဝန်ကို ကျွှန်မတို့ ယူချင်တယ်။နောက်တစ်ခုကလည်း ကျွှန်မတို
့ဟာ ကျွှန်မတို့ အဖွဲ့ အစည်းရဲ့ လူပ်ရှားမူကို အနစ်(၃၀)နီးပါး
တစ်စိုက်မတ်မတ် ထောက်ခံခဲ့တဲ့ ပြည်သူတွေ ၊ အခုဆိုရင် ဒီကိုလာပြီး
နေပူကျဲတဲထဲမှာ ထောက်ခံခဲ့တဲ့ ပြည်သူတွေ ၊ ဘ၀နဲ့ ရင်းပြီး ထောက်ခံခဲ့တဲ
့ပြည်သူတွေအတွက်လည်း ကျွှန်မတို့ ဟာ ဒီမိုကရေစီအောင်နိုင်မူကို ရယူဖို
့လိုတယ်လို့ ကျွှန်မဒီလိုပဲ ယူဆပါတယ်။
ဒါကြောင့် ကျွှန်မမေးချင်တာဟာ
အစိုးရလုပ်နေတဲ့ သူများ ၊ အစိုးရလုပ်ချင်တဲ့ သူများဟာ အာဏာကို ယူချင်တာလား
။ တာဝန်ကို ယူချင်တာလား။အဲဒါကို သေသေချာချာ ဆုံးဖြတ်ကြပါ။အာဏာကို ယူချင်တာ
မဟုတ်ဘူးဆိုလို့ ရှိရင် မျှတတဲ့ ဖွဲ့ စည်းပုံအခြေခံဥပဒေ တစ်ခုကို
ဆွဲပေးရမယ်။မျှတတဲ့ ဖွဲ့ စည်းပုံအခြေခံဥပဒေ တစ်ခု ဖြစ်အောင်လို
့လုပ်ပေးရမယ်။အဲဒီတော့ ကိုယ်ကိုကိုယ် ပြည်သူက မလိုချင်ရင်လဲ သိက္ခာရှိရှိ
နောက်ဆုတ်ရမယ်။တာဝန်ကို ယူချင်တယ်ဆိုလို့ ရှိရင် ဒီလို မျှတတဲ့ ဖွဲ
့စည်းပုံအခြေခံဥပဒေတစ်ခုကို ဦးတည်ရမယ်။
ဖွဲ့ စည်းပုံအခြေခံဥပဒေနဲ
့ပတ်သတ်လို့ အခု ကိုယ်နဲ့ မဆိုင်သလို နေနေတဲ့ ပုဂ္ဂိုလ်တွေကို အရင်တုန်းက
ညီလာခံမှာ ဘယ်ကဏ္ဍက ပါဝင်ခဲ့သလဲလို့ ကျွှန်မက မေးချင်တယ်။ဒီဖွဲ
့စည်းပုံအခြေခံဥပဒေကို အတည်ပြုလာခဲ့တဲ့ ညီလာခံမှာ ပါဝင်လာခဲ့တဲ့
ပုဂ္ဂိုလ်များဟာ အခုတော့ ကိုယ်နဲ့ မဆိုင်သလို နေနေတာဟာ တာဝန်သိစိတ်
မရှိဘူးလို့ ကျွှန်မဒီလိုပဲ ပြောချင်ပါတယ်။တာဝန်သိစိတ် မရှိတဲ
့ပုဂ္ဂိုလ်များဟာ ဆက်ပြီးတော့ တိုင်းပြည်ကို အပေါ်မှာ
အာဏာလွှမ်းမိုးသွားမယ်ဆိုရင် ကျွှန်မတို့ တိုင်းပြည်အတွက် တိုးတတ်မူဆိုတာ
တကယ် မဖြစ်နိုင်ပါဘူး။
တစ်ချို့ က ကျွှန်မက ပြည်သူ့ အားကို
ယူပြီးတော့ ဖွဲ့ စည်းပုံအခြေခံဥပဒေကို ပြောင်းလဲဖို့ ကြိုးစားနေတယ် ဆိုတော့
ကျွှန်မက ရှင်းရှင်းပဲ မေးချင်တယ်။ပြည်သူ့ အား မယူလို့ ဘယ်သူအား
သွားယူရမှာလဲ။ဒါပေမယ့် ပြည်သူ့ အားကို ယူတာနဲ့ ပြည်သူ့ အားကို
အလွှဲသုံးစားလုပ်တာနဲ့ မတူဘူးဆိုတာလည်း ကျွှန်မရှင်းပြချင်ပါတယ်။
ကျွှန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ဘယ်တုန်းကမှ ပြည်သူ
့အားကိုအလွှဲသုံးစား မလုပ်ခဲ့ဘူး။ကျွှန်မတို့ စိန်ခေါ်ရဲတယ်။ဘယ်တုန်းက
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ပြည်သူတွေကို ဆူပူအောင် လူံဆော်တာ
ရှိခဲ့သလဲ။ဘယ်တုန်းက ကျွှန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ဥပဒေနဲ
့မကိုက်ညီတာ ဥပဒေနဲ့ မကိုက်ညီတဲ့ ကိစ္စတွေ အတင်းအဓမ္မ ပြည်သူတွေကို
တွန်းပြီးတော့ ကျွှန်မတို့ အဖွဲ့ ချုပ် တိုးတတ်ရေးအတွက်
လုပ်ခိုင်းခဲ့ဘူးသလဲ။ဒီဟာကို ကျွှန်မက သတ္တိရှိရှိနဲ့ စိန်ခေါ်ရဲတယ်။ကျွှန်မတို
့က ပြည်သူတွေကို တခြားဟာတွေ မပြောနဲ့ ။ကျွှန်မတို့ ရဲ့ အစည်းအဝေးတွေတောင်မှ
အတင်းတတ်ပါဆိုပြီး ဖိအားပေးတာ ဘယ်တုန်းက ကျွှန်မတို
့လုပ်ခဲ့ဘူးသလဲ။ဘယ်တုန်းကမှ ကျွှန်မတို့ မလုပ်ခဲ့ဘူး။ပြည်သူ့ ရဲ့ အင်အားကို
ဘယ်တုန်းကမှ ကျွှန်မတို့ အလွှဲသုံးစား မလုပ်ခဲ့ဘူး။
ကျွှန်မတို့ က
အစည်းအဝေးလုပ်မယ်ဆိုရင် သက်ဆိုင်ရာက အသိပေးသင့်တဲ့ အဖွဲ့ အစည်းတွေကို
အသိပေးတယ်။ကျွှန်မတို့ ဟာ တရားဥပဒေဘောင်အတွင်းက လုပ်တယ်။ပြည်သူတွေ
သိအောင်လို့ ပြောတယ်။လာကြပါ။မလာချင်ရင်လည်း မလာကြနဲ့ ပေါ့နော်။အတင်း
ကျွှန်မတို့ ဆွဲခေါ်လို့ လည်း မရဘူး။နောက်ပြီး ကျွှန်မတို့ က တစ်ယောက်
ဘယ်လောက် ပေးနိုင်တဲ့ အခြေအနေလဲ မရှိဘူး။ကျွှန်မတို့ အဖွဲ့ ချုပ်က ချမ်းသာ
ကြွယ်ဝတဲ့ ပါတီမဟုတ်ပါဘူး။သို့ သော်ငြားလည်း ကျွှန်မတို့ ဟာ ပြည်သူရဲ့ မေတ္တာ
၊ စေတနာအရတော့ အင်မတန်မှ ချမ်းသာကြွယ်ဝတယ်လို့ ကျွှန်မတို့ ကို
ကျွှန်မသတ်မှတ်ထားပါတယ်။သို့ သော်လည်း ပြည်သူ့ မေတ္တာ ၊ စေတနာ ဆိုတာလည်း
အနိစ္စသဘောတရားက ကင်းတာမဟုတ်ဘူး။ဘယ်နိုင်ငံရေးအဖွဲ့ အစည်းမဆို
မှန်မှန်ကန်ကန် မလုပ်ဘူး။နိုင်ငံအကျိုးအတွက် မဆောင်ရွှက်ဘူး ဆိုလို့ ရှိရင်
ပြည်သူ့ မေတ္တာ ၊ စေတနာတွေ ဆုံးရူံးရမှာပဲ။ဒီဟာကို ကျွှန်မတို့ ကောင်းကောင်း
နားလည်ပါတယ်။
ဒါကြောင့် ပြည်သူ့ အားကို အားကိုးတဲ့ အခါမှာ
မှန်ကန်တဲ့ နည်းတွေနဲ့ ပြည်သူကလေးစားမှ ၊ မေတ္တာရှိမှ ၊ စေတနာရှိမှ ၊
ယုံကြည်မှ ဒီအားတွေနဲ့ ဒီနိုင်ငံကို ပြုပြင်ပြောင်းလဲသင့်သလို
ပြုပြင်ပြောင်းလဲနိုင်မယ်ဆိုတာကို လက်ခံပြီးသားပါ။
ကျွှန်မတို့ ရဲ
့ပြည်သူတွေဟာ ခုဖွဲ့ စည်းပုံအခြေခံဥပဒေနဲ့ ပတ်သတ်လို့ သေသေချာချာ
နားလည်အောင်ကြိုးစားနေတာ ဒါပါပဲ။နားမလည်ပဲ လက်ညှိးထောင်ပြီး ခေါင်းငုံတဲ
့ပြည်သူမျိုး မလိုချင်ဘူး။ခေါင်းဆိုတာဟာ ငုံဖို့ ပေးထားတာ
မဟုတ်ဘူး။စဉ်းစားဖို့ ပေးထားတာပဲ။ဒီခေါင်းက စဉ်းစားလိုက်လို့ ခံရမယ်လို
့ထင်ရင် ခံသာ ခံပေတော့။လိုက်ပြီးတော့ မညိတ်နေနဲ့ ။အဲဒီလို ညိတ်ဖို
့လုပ်ထားတဲ့ ခေါင်းမျိုးဆိုတာဟာ ကျွှန်မတို့ ရဲ့ နိုင်ငံကို ဘယ်လိုမှ
အကျိုးမပြုနိုင်ပါဘူး။
ဒါကြောင့် ပြည်သူရဲ့ အားကို ကျွှန်မတို
့အားကိုးတယ်။ပြည်သူရဲ့ အားကို ယူပြီးတော့ ကျွှန်မတို့ ရဲ့ ဖွဲ
့စည်းပုံအခြေခံဥပဒေပြောင်းလဲဖို့ ကျွှန်မတို့ ကြိုးစားတယ်။ပြည်သူ့ အားဆိုတာ
ဘယ်လိုနည်းနဲ့ ကျွှန်မတို့ သုံးစေချင်သလဲ။ပြည်သူတွေရဲ့ ဆန္ဒကို
အများသိစေချင်တယ်။အခု ဖွဲ့ စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးနဲ
့ပတ်သတ်နေတဲ့ ပုဂ္ဂိုလ်များ ၊ အဖွဲ့ အစည်းများဟာ ပြည်သူရဲ
့ဆန္ဒဘယ်လိုရှိတယ်ဆိုတာကို သိစေချင်တယ်။ဒါကတော့ ပြည်သူရဲ
့ဆန္ဒဘယ်လိုရှိသလဲဆိုတာသိချင်ရင် ပြည်သူကို မကြောက်အောင် ထားရမယ်။ပြည်သူကို
ပြောရဲဆိုရဲအောင် ထားရမယ်။မာန်ပြီးတော့ သဘောတူသလား ။ သဘောမတူဘူးလားဆိုရင်
ပြည်သူလူထုက ဟုတ်ကဲ့ သဘောတူပါတယ်လို့ ပြောတဲ့ အခြေအနေမျိုး ကျွှန်မတို
့လုံးဝမလိုချင်ဘူး။ကျွှန်မတို့ အတွက် အဲဒီလို သဘောတူညီမူမျိုးဟာ အဓိဟယ်လည်း
မရှိဘူး။တန်ဖိုးလဲ မရှိဘူး။
တကယ်ပဲ ဒီမိုကရေစီကို ဦးတည်နေတယ်
ဆိုလို့ ရှိရင် ပြည်သူတွေရဲ့ အသံကို နားထောင်ရမယ်။ပြည်သူတွေရဲ့ အသံကို
ကြောက်စရာ မလိုဘူး။ရွှံ့ စရာ ၊ ပယ်စရာလည်း မလိုဘူး။ကျွှန်မကို တစ်ချို့ က
မေးမယ်။ပြည်သူ့ အသံနားထောင်ရမယ်ဆိုရင် ကျွှန်မက ပြည်သူပြောသမျှ
အမြဲလက်ခံမလားလို့ မေးရင် ကျွှန်မလက်မခံဘူးလို့ ပြောမယ်။ကျွှန်မက
အခုကနေပြီးတော့ ပြည်သူတွေက ဘာတောင်းဆိုမလဲဆိုတာကို ကျွှန်မဆုံးဖြတ်လို
့မရဘူး။အဆိုတစ်ခုရှိပါတယ်။အားလုံးကို အချိန်အတိုင်းအတာ တစ်ခုအထိ
လှည့်ဖြားလို့ ရမယ်။အနည်းစုကို အချိန်ထာဝရလှည့်ဖြားလို့ ရမယ်။ဒါပေမယ့်
အားလုံးကို ထာဝရလှည့်ဖြားလို့ မရဘူးဆိုတဲ့ အဆိုရှိသလို ပြည်သူတွေကို
တစ်ချို့ တွေက စွဲဆောင်မူကြောင့်မို့ လို့ တစ်ခဏအားဖြင့် သူတို့ ဆန္ဒတွေဟာ
တစ်မျိုးဖြစ်နေရင် ကျွှန်မအနေနဲ့ တိုင်းပြည်အတွက် ရေရှည်အတွက်
မကောင်းဘူးထင်ရင်တော့ ကျွှန်မက ပြည်သူ့ စကားဆိုပေမယ့်
ကျွှန်မသဘောမတူဘူးဆိုရင် ပွင့်ပွင့်လင်းလင်း သဘောမတူဘူးလို
့ပြောမယ်။ခိုးကြောင်ခိုးဝှက်တော့ ခေါင်းငုံပြီး ကျွှန်မလုပ်ချင်တာ လုပ်မှာ
မဟုတ်ဘူး။ကျွှန်မပြောချင်တာက ပြည်သူကို မလေးစားလို့ မဟုတ်ဘူး။ပြည်သူကို
လေးစားလို့ ကိုး ပြည်သူ့ စကား အမြဲပဲနားထောင်မယ်ဆိုတဲ့ ကတိမျိုး
ကျွှန်မမပေးနိုင်ဘူး။ပြည်သူအနေနဲ့ လည်း ကျွှန်မတို့ ကို အမြဲထောက်ခံမယ်ဆိုတဲ
့ကတိမျိုး မပေးနိုင်ဘူးဆိုတာ ကျွှန်မလက်ခံတယ်။ထောက်ခံချင်တဲ့ အခါ
ထောက်ခံမယ်။ထောက်ခံသင့်တဲ့ဟာ ထောက်ခံမယ်။ဒါ ကျွှန်မတို့ အဖွဲ့ ချုပ်နဲ
့ပြည်သူကြားမှာ နောက်ဆုံးကြတော့ ဖြောင့်ဖြောင့်တန်းတန်းနဲ့ ဆက်ဆံရမယ်။
ပြည်သူ့ အကြိုက် အမြဲလုပ်တယ်ဆိုတာဟာ တကယ်ကြတော့ ပြည်သူ့ အကြိုက်
မဟုတ်တော့ဘူး။ကိုယ်ပေါ်ပြူလာ ဖြစ်ချင်လို့ လုပ်တယ်ဆိုတဲ့ သဘောမျိုး
ဖြစ်သွားနိုင်တယ်။အဲတာမျိုးကို ကျွှန်မတို့ မလုပ်ဘူး။ကြိုက်သည်ဖြစ်စေ
ကျွှန်မပွင့်ပွင့်လင်းလင်းပဲ ပြောပါရစေ။ကျွှန်မအနေနဲ့ ပြည်သူတွေနဲ့ အမြဲပဲ
တစ်သဘောထားတည်း ရှိပါမယ်လို့ ကျွှန်မ ကတိက၀တ် မခံနိုင်ဘူး။ဒါပေမယ်
့ကျွှန်မတို့ ဘာပဲ လုပ်လုပ် အဖွဲ့ ချုပ်က ဘယ်လိုပဲ မူဝါဒချချ ပြည်သူကို
ရှင်းလင်းတင်ပြမယ်။ကျွှန်မတို့ အမြင်နဲ့ ရဲရဲဝင့်ဝင့်နဲ့ အများစုက
သဘောမတူရင်လဲ ဘာကြောင့် သဘောမတူကြောင်းဆိုတာကို ကျွှန်မတို့ ပြောမယ်။
အဲဒီတော့ ဒီအတိုင်းပဲ။ပြည်သူကို တကယ်လေးစားတယ်ဆိုလို့ ရှိရင် ဖွဲ
့စည်းပုံအခြေခံဥပဒေကို မပြင်ချင်တဲ့သူတွေက ပြည်သူတွေနဲ့ မျက်နာချင်းဆိုင်
ဆွေးနွေးပြီးတော့ ဘာဖြစ်လို့ မပြင်ချင်ပါဘူးလဲဆိုတာကို လက်ခံနိုင်အောင်လို
့ရှင်းပြပါလို့ ကျွှန်မက စိန်ခေါ်ချင်ပါတယ်။ဒီလို တကယ်ပဲ ရှင်းပြနိုင်ရင်
ပြည်သူကလဲ လက်ခံမှာပေါ့။ဒါပေမယ့် မမှန်ကန်တဲ့နည်းတွေနဲ့ ပြည်သူကို
ဘာကြောင့်မို့ လို့  ဖွဲ့ စည်းပုံအခြေခံဥပဒေကို မပြောင်းမလဲထားချင်သလဲလို
့ပြောရင်တော့ ပြည်သူကလည်း သဘောတူမှာ မဟုတ်ဘူး။
ဒီဖွဲ
့စည်းပုံအခြေခံဥပဒေဟာ (၂၀၀၈)ခုနစ်က အတည်ပြုခဲ့တယ်။အတည်ပြုခဲ့တဲ့ဖွဲ
့စည်းပုံအခြေခံဥပဒေကို လုံးဝ ၊ ထာဝရ မပြောင်းချင်တဲ့စိတ်ရှိတယ် ဆိုတာဟာ
တကယ်တော့ ဒါအနိစ္စသဘောကို နားမလည်လို့ ပဲလို့ 
ကျွှန်မဒီလိုပြောရမှာပဲ။ပြောင်းလဲမူဆိုတာ
အမြဲရှိနေတာ။ကျွှန်မပြောပါတယ်။(၁၉၄၈)ခုနစ်တုန်းက ကျွှန်မတို
့လွှတ်လပ်ရေးရခဲ့တဲ့ ဖွဲ့ စည်းပုံအခြေခံဥပဒေဟာ ခြောက်ပစ်ကင်း သဲလဲစင်
မဟုတ်ပါဘူး။လိုအပ်ချက်တွေရှိခဲ့ပါတယ်။ဒီဥပဒေဟာ ဖေဖေဦးဆောင်ပြီးတော့
ရေးဆွဲခဲ့တဲ့ဥပဒေပါ။အဲဒီတုန်းက အချိန်ကာလ အခြေအနေအရ ဒီဖွဲ
့စည်းပုံအခြေခံဥပဒေကို အတည်ပြုခဲ့တယ်။ကောင်းတဲ့ဟာတွေလည်း
အများကြီးပါတယ်။မပြည့်စုံတာတွေလည်း ပါတယ်။ဒါကို ကျွှန်မအနေနဲ
့လက်ခံရဲတယ်။ဝန်ခံရဲတယ်။ဖေဖေသာ သက်ရှိထင်ရှားရှိနေလို့ ရှိရင်လဲ
သတ္တိရှိရှိနဲ့ တာဝန်ယူပြီးတော့ ရင်ဆိုင်မယ်လို့ ကျွှန်မယုံကြည်တယ်။ဖေဖေကတော့
ငါနဲ့ မဆိုင်ဘူးဆိုတာ ဘယ်တော့မှ ပြောမှာ မဟုတ်ဘူး။တာဝန်ယူမယ်လို
့ပြောမှာ။အဲဒီတော့ ဒီလိုပြောရဲတဲ့ သတ္တိကို တန်ဖိုးထားကြပါ။မပြောင်းချင်တဲ
့မာနကို တန်ဖိုးမထားပါနဲ့လို့ ကျွှန်မက မေတ္တာရပ်ခံချင်ပါတယ်။
တစ်ချို့ တွေက ဖွဲ့ စည်းပုံအခြေခံဥပဒေကို အကာအကွယ်တစ်ခုအနေနဲ
့ယူနေကြတယ်။ဒါလဲ ကျွှန်မ ပြည်သူနဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးရမယ့်
ကိစ္စပါ။အကာအကွယ်တစ်ခုအနေနဲ့ ဘယ်လိုယူကြလဲဆိုတာ အဲလိုပြောရရင် အဖွဲ့ ချုပ်က
အာဏာရသွားလို့ ရှိရင် ကျွှန်မတို့ က အစိုးရဖွဲ့ ဖြစ်သွားလို့ ရှိရင်
ပြန်ပြီးတော့ ဂလဲ့စားချေမလား။ထိခိုက်အောင် လုပ်မလားဆိုတဲ
့စိုးရိမ်ပူပန်မူတွေရှိတယ်ဆိုပြီး ကျွှန်မကို
မကြာခဏလာပြီးပြောတာရှိတယ်။ကျွှန်မက နံပါတ်တစ်အားဖြင့် ပြောတာက ကျွှန်မတို
့(၁၉၈၈)ခုနစ် ဒီပါတီကို ဖွဲ့ စည်းစဉ်အခါတည်းက
အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို ဦးတည်မယ်လို့ ကျွှန်မတို
့ပြောခဲ့တယ်။အဲဒီတော့ မေးခွန်းတစ်ခု မေးမယ်နော်။ကျွှန်မတို
့အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အနေနဲ့ ရော အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်
ခေါင်းဆောင်တစ်ဦးအနေနဲ့ ရော ပြည်သူတွေကို ပေးခဲ့တဲ့ ကတိတွေ
ဖောက်ဖျက်ခဲ့တာ ရှိလားလို့ မေးချင်ပါတယ်။ကျွှန်မတို့ တစ်ခါမှ
မဖောက်ဖျက်ခဲ့ဘူး။ကျွှန်မတို့ ရွှေးကောက်ပွဲအတွက် စည်းရုံးတဲ့ကာလ (၁၉၉၀)ခုနစ်
ရွှေးကောက်ပွဲအတွက် ၊ အရင်နစ်တုန်းက ကြားဖြတ်ရွှေးကောက်ပွဲအတွက်
စည်းရုံးရေးလုပ်နေတဲ့ အခါကာလတုန်းက ကျွှန်မသေသေချာချာ ကျွှန်မတို့ အဖွဲ
့ဝင်တွေကို ပြောခဲ့ပါတယ်။မတည်နိုင်တဲ့ ကတိတွေ မပေးနဲ့ ။မဲလိုချင်တာနဲ
့ပြည်သူတွေကို ဘာပဲ ကတိပေးရ ၊ ပေးရဆိုတဲ့ မူနဲ့ မလုပ်ပါနင့်လို
့ကျွှန်မသေသေချာချာ ပြောခဲ့တယ်။ကျွှန်မကိုယ်တိုင်လဲ
ကျွှန်မပြောခဲ့တယ်။ကျွှန်မပေးနိုင်တဲ့ ကတိတစ်ခုပဲ ရှိတယ်။အဲဒါဘာလဲဆိုတော့
ကျွှန်မအတတ်နိုင်ဆုံး လုပ်မယ်။ကော့မူးမှာ ကျွှန်မလာပြီးတော့
စည်းရုံးရေးဆင်းခဲ့တယ်။မဲဆွယ်ခဲ့တယ်။ကျွှန်မတို့ ကို ထောက်ခံဖို့ မဲပေးဖို
့ကျွှန်မတို့ တောင်းဆိုခဲ့တယ်။အဲဒီတုန်းကလဲ ကျွှန်မ ဒီအတိုင်းပဲ
ပြောခဲ့တယ်။ကျွှန်မတို့ အတတ်နိုင်ဆုံး လုပ်ပေးမယ်။ပြည်သူတွေရဲ့ ဘ၀တွေကို
တိုးတတ်အောင် အတတ်နိုင်ဆုံး လုပ်ပေးမယ်။ ဒါပေမယ့် ဒီဟာ ၊ ဒီဟာ
လုပ်ပေးမယ်ဆိုပြီးတော့ ကိုယ်မပိုင်တဲ့ ကတိတွေကို မပေးပါဘူးလို
့ကျွှန်မပြောခဲ့တယ်။ဒီတော့ ကျွှန်မတို့ ဘယ်တုန်းကမှ ကတိမဖျက်ခဲ့ဘူး။အဲဒါတော့
ကျွှန်မစိန်ခေါ်ရဲတယ်။ကျွှန်မတို့ အဖွဲ့ ချုပ်က
ဘယ်ကတိဖျက်ခဲ့သလဲ။ဖျက်ခဲ့တယ်ဆိုရင် ကျွှန်မတို့ ကို လာပြီးတော့
ပြောပါ။ဘာဖြစ်လို့ အဲဒီကတိဖျက်ခဲ့သလဲဆိုရင် ကျွှန်မတို့ မှာ ရှင်းလင်းရမယ့်
တာဝန်ရှိတယ်။
ကျွှန်မတို့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနဲ
့ပတ်သတ်လို့ လည်း ကျွှန်မတို့ ကတိမဖျက်ဘူး။အခုလဲ ဒီကနေပြီးတော့
ကတိပေးချင်တယ်။ကျွှန်မတို့ ပြည်သူပြည်သားတွေကြားမှာ စိတ်ဝမ်းကွဲစေမယ့်
ကိစ္စတွေ ကျွှန်မဘယ်တော့မှ မလုပ်ဘူး။စိတ်ဝမ်းကွဲမယ်ထင်တဲ့ ကိစ္စတွေကို ကျွှန်မ
မလုပ်လို့ ကျွှန်မကို မထောက်ခံရင်လဲ ရတယ်။မထောက်ခံနဲ့ ။ကျွှန်မက ထောက်ခံမူ
လိုချင်လို့ နိုင်ငံရေးလုပ်နေတာ မဟုတ်ဘူး။ဒီနိုင်ငံတိုးတတ်စေချင်လို
့နိုင်ငံရေးလုပ်နေတာ။အဲဒါကြောင့်မို့ လို့ ဒီလိုကိစ္စတွေနဲ့ ဆွေးနွေးချင်ရင်
ဆွေးနွေးဖို့ အဆင်သင့်ပဲ။
ကျွှန်မပြောတယ်နော်။ပြည်သူတွေအထဲမှာ
တပ်မတော်သားတွေ ပါဝင်တယ်ဆိုတာ တိတိကျကျ ပြောပါရစေ။တပ်မတော်သားအားလုံးဟာ
ကျွှန်မတို့ ပြည်သူတွေပဲ။ကျွှန်မတို့ နိုင်ငံသူနိုင်ငံသားတွေပဲ။ကျွှန်မတို
့နိုင်ငံသူ ၊ နိုင်ငံသားတွေကြားထဲမှာ စိတ်ဝမ်းကွဲစေမယ့် အလုပ် ကျွှန်မ
မလုပ်ဘူး။ဒီလိုလုပ်လို့  ကျွှန်မတို့ နိုင်ငံတိုးတတ်နိုင်မှာ မဟုတ်ဘူး။
ဖွဲ့ စည်းပုံအခြေခံဥပဒေကို ပြုပြင်ပြောင်းလဲရေးကိုလည်း
ညှိနိုင်းဆွေးနွေးတိုင်ပင်ပြီးတော့ ကျွှန်မတို
့လုပ်သွားချင်တယ်။ဒါကြောင့်မို့ ကျွှန်မ မကြာခင်တုန်းကနေပြီးတော့
လေးဦးလေးဖက် တိုင်ပင်ပါ။ဆွေးနွေးပါ ဆိုပြီးတော့ ကျွှန်မက
တောင်းဆိုခဲ့တယ်။အဲဒီတော့ ဒီကိစ္စနဲ့ ပတ်သတ်လို့ တစ်ဖက်ကနေပြီးတော့ တုန်
့ပြန်ချက်က ပါတီတွေ အများကြီးရှိတယ်ပေါ့နော်။ဒီပါတီ တစ်ပါတီတည်းနဲ
့ဆွေးနွေးတယ်ဆိုလို့ ရှိရင် မသင့်တော်လို့ စသဖြင့် ဒီလိုဟာမျိုးကြတော့
ဒီလိုပြောပြီးတော့ စောစောက ဖွဲ့ စည်းပုံအခြေခံဥပဒေထဲမှာ ပါနေတဲ့ အင်မတန်မှ
မမျှတတဲ့ ကိစ္စတွေကိုတော့ မသိချင်ယောင်ဆောင်နေတာဟာ ဒါကတော့
သိပ်မရိုးသားဘူးလို့ ကျွှန်မ ဒီလိုပဲ ပြောရမှာပါ။ဒီလောက်တောင်မှ မမျှတမူကို
မလိုလားဘူးဆိုရင် ဖွဲ့ စည်းပုံအခြေခံဥပဒေကို ပြင်ကို ပြင်ရမယ်။အဲဒီထဲမှာ
မမျှတတဲ့ ကိစ္စတွေအားလုံးကို ဖယ်ရှားပေးရမယ်။အဲဒါတွေတော့ သိသိကြီးနဲ
့ကြည့်နေပြီးတော့ ကျွှန်မက ပါတီတစ်ခုကိုပဲ ကိုယ်စားပြုတဲ့ ပုဂ္ဂိုလ်မို့ လို
့အခုကို တွေ့ ဖို့ မသင့်တော်ပါဘူး ဆိုတာကို ကျွှန်မတို့ ပြည်သူတွေအနေနဲ
့ဒီဟာကို ဘယ်လိုမြင်သလဲလို့ ပြောလို့ ရှိရင် ဒါဟာ အဓိဟယ်မရှိတဲ
့အကြောင်းပြချက်တစ်ခု ၊ ဆင်ခြေတစ်ခုလို့ ကျွှန်မက ပြောမှာပဲလို
့ထင်ပါတယ်။လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စကို ဘယ်သူကပဲ ဝေဖန် မလုပ်ရဲတဲ
့သူများဟာ တိုင်းပြည်ကို လုံးဝဦးမဆောင်သင့်ဘူး။
သူတို
့အပြောအဆိုပေါ့နော်။ပြောရမယ်ဆိုရင် အခု ဘယ်သူကိုမှ စောင်းပြောတာ
မဟုတ်ပါဘူး။လက်ခုတ်ထူတဲ့ နိုင်ငံရေးမျိုးဆိုတာ ကောင်းတဲ့ နိုင်ငံရေးမျိုး
မဟုတ်ဘူး။ပြည်သူလူထုက စိတ်ထဲမှာ ၀မ်းသာလို့ စိတ်ပါလို့ အားရလို့ 
လက်ခုတ်တီးတယ်။သြဘာပေးတယ်ဆိုရင် ကျွှန်မတို့ က
မကျေနပ်ဘူးလား။ကျေနပ်တာပေါ့။ဒါက အဓိကမဟုတ်ဘူး။ဒီဟာအတွက်
လက်ခုတ်သြဘာခံယူချင်လို့ ပဲ လုပ်နေတယ်ဆိုရင် အမှားအယွင်းတွေ အများကြီး
ဖြစ်သွားနိုင်တယ်။ဟိုလူက တောင်းဆိုလို့ ရှိရင် ဟုတ်ကဲ့ ပြောလိုက်
လက်ခုတ်ကလေးတီးလိုက် ၊ ဒီဘက်ကတောင်းဆိုရင်လဲ ဟုတ်ကဲ့ ပြောလိုက်
လက်ခုတ်ကလေးတီးလိုက်။ အဲလိုပုံစံနဲ့ ကျွှန်မတို့ နိုင်ငံကို တိုးတတ်အောင်
မလုပ်နိုင်ဘူး။
ကျွှန်မအချိန်အကြာကြီးလဲ
မပြောချင်ဘူး။နောက်ကျွှန်မတို့ အစီအစဉ်လဲ မပြီးသေးဘူး။ပြည်သူလူထုက
နေလှန်းခံနေတာလဲ ကျွှန်မသိတယ်။ကျွှန်မတို့ ပြည်သူတွေ တောင့်တယ်ဆိုတာလဲ
သိတယ်။ဒီထဲမှာ ဆိုလို့ ရှိရင် တစ်ချို့ ဆို ဟိုးကျွှန်မတို့ အိမ်ရှေ့ မှာ
စနေ ၊ တနင်္ဂနွေ ဟောပြောပွဲတွေမှာကတည်းက လာရောက်ပြီး ထောက်ခံနေခဲ့ တဲ
့ပုဂ္ဂိုလ်တွေက အခုထိ မားမားမတ်မတ်နဲ့ ရှိသေးတယ်ဆိုတာ ကျွှန်မမြင်ရတဲ
့အခါကြတော့ အင်မတန်မှ အားတတ်တယ်။အနစ်(၃၀)နီးပါး တကယ်ကို
တောင့်တောင့်တင်းတင်းနဲ့ ကျွှန်မတို့ ကို ထောက်ခံခဲ့တယ်။အဲဒီတော့ တစ်ချို
့တွေ က စိတ်ထဲမှာ သြော် ငါတို့ က မနေ့ တစ်နေ့ က ရောက်လာပြီးဆိုပြီးတော့
အားငယ်တဲ့ စိတ်မရှိပါနဲ့ ။ဘာဖြစ်လို့ လဲဆိုရင် စိတ်ဆိုတာက တစ်စက္ကန်
့အတွင်းပြောင်းလဲလို့ ရတယ်။ဒါပေမယ့် ကောင်းတဲ့ ဘက်ကို ပြောင်းဖို
့ပြောတာပါ။မကောင်းတဲ့ ဘက်ကိုလည်း တစက္ကန့် အတွင်းမှာ စိတ်က ပြောင်းသွားလို
့ရပါတယ်။ဒီအချိန် ဒီအခါမှာလည်း ထောက်ခံသင့်လို့ ထောက်ခံလာတယ်ဆိုတာလည်း
သူအချိန်သူ့ ကာလအရ လိုအပ်ချက်ဖြစ်လို့ လုပ်ပေးတာကိုလည်း ကျွှန်မတို
့အင်မတန်မှ ကျေးဇူးတင်တယ်။နောက်ပြီးတော့ ကျွှန်မတို့ အချင်းချင်းမှာလည်း
အဲဒီဟာတွေနဲ့ ပတ်သတ်လို့ စိတ်ဝမ်းကွဲမူတွေ မရှိစေချင်ဘူး။ဒို့ က ဘယ်တုန်းက
ရောက်နေတာ မင်းတို့ က အခုမနေ့ တစ်နေ့ ကမှ အဲလိုပြောကြေးဆိုလို့ ရှိရင် တနေ
့ဆိုရင် ကျွှန်မတို့ လဲ ရှိတော့မှာ မဟုတ်ဘူး။လူငယ်တွေက တတ်လာမှာပဲ။အဲဒီတော့
အပြောင်းအလဲဆိုတာတော့ ရှိမှာပဲ။အသစ်ရောက်လာတဲ့ လူတွေကိုလည်း ကျွှန်မတို
့လက်ကမ်းကြိုဆိုတယ်။အဟောင်း ကျွှန်မတို့ ရဲ့ သစ္စာရှိရှိ ရက်ပေါင်းများစွာ
လျှောက်လှမ်းခဲ့တဲ့ သူတွေကိုလည်း အင်မတန်မှ
ကျေးဇူးတင်တယ်။တန်ဖိုးထားတယ်။ဒီလိုစိတ်ဓာတ်တွေကို အခြေခံပြီးတော့ ကျွှန်မတို
့နိုင်ငံ တိုးတတ်အောင် လုပ်နိုင်မယ်လို့ ကျွှန်မယုံကြည်ပါတယ်။”ဟု
ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
No comments:
Post a Comment