Saturday, December 14, 2013

နီပေါတွင် အသစ်တွေ့ရှိခဲ့သော ရှေးအကျဆုံး ဗုဒ္ဓဘာသာ ကျောင်းတော်ရာကို ငြိမ်းချမ်းရေးဇုံ ပြောင်းလဲသတ်မှတ်ရန်စီစဉ်



ဒီဇင်ဘာ ၁၄။

လွန်ခဲ့သော လက နီပေါနိုင်ငံ ဟိမ၀န္တာတောင်ဘက်ပိုင်း ဗုဒ္ဓလောင်းလျာမွေးဖွားတော်မူရာ အရပ်တွင် တူးဖော်တွေ့ရှိခဲ့ သော ကမ္ဘာ့ရှေးအကျဆုံး ဗုဒ္ဓဘာသာ သစ်သားကျောင်းတော်ရာကို ငြိမ်းချမ်းရေးဇုံအဖြစ် သတ်မှတ်နိုင်ရန် စီစဉ်လျက်ရှိသည်။

ထို့အတွက် အနီးအနားမှ ရွာသားများကိုလည်း နောက်ထပ်နေရာသစ်သို့
ရွေ့ပြောင်းပေးရန် ကြိုးပမ်းလျက်ရှိသည်။
နီပေါနှင့် အိန္ဒိယနယ်စပ်အနိးတွင် တည်ရှိသော ဗုဒ္ဓလောင်းလျာ မွေးဖွာရာအရပ်ကို ကမ္ဘာ့တစ်ဝန်းမှ သန်းပေါင်း ၅၀၀ကျော်ရှိသော ဗုဒ္ဓဘာသာဝင်များ မကြာခဏ လာကြသဖြင့် လိုအပ်သော အခြေခံ အဆောက်အဦနှင့် လုံခြုံရေး အစီအစဉ်သစ်များ ရေးဆွဲနိုင် ပြင်ဆင်လျက်ရှိသည်။

လွန်ခဲ့သောလက ရှေးဟောင်းသုတေသန အဖွဲ့သည် ယင်းအရပ်တွင် နှစ်ပေါင်း ၂၅၅၀နှစ်သက်တမ်းရှိ သစ်သားကျောင်းတော်ရာတစ်ခု တူးဖော်တွေ့ရှိပြီးနောက်ပိုင်း ဗုဒ္ဓဘာသာအတွက် အခိုင်မာဆုံ သမိုင်းဝင် အထောက်အထားသစ် တစ်ခု တွေ့ရှိခဲ့ကြခြင်းဖြစ်သည်။

ဗုဒ္ဓဘာသာကျမ်းစာများတွင် သိဒ္ဓတ္ထမင်းသားကို မယ်တော်မာယာ
ဒေ၀ီက အံ့ဖွယ်အတိရှိသော လုမ္ဗိနီဥယျာဉ်၌ မွေးဖွားခဲ့သည်ဟု
ရေးသားထားသော်လည်း ရုပ်ဝတ္ထုဆိုင်ရာ အထောက်အထားမှာ
အခိုင်အမာ မပြနိုင်ခဲ့ကြပေ။ သို့သော် ယခုအခါ ကျမ်းစာလာ အရပ်တွင် ကျောင်းတော်ရာ၊ ခြံဝန်းတို့သည် သိဒ္ဓတ္ထမွေးဖွားသည့် နှစ်ကာလများနှင့် သူ၏သက်တမ်းမှာ သမိုင်းနှင့်ချီပြီးကြည့်လျှင် မတိမ်းမယိမ်း ဖြစ်၍ ခိုင်မာသော အထောက်အထား တွေ့လာရပြီဖြစ်သည်။

Ref: Al Jazeera
Aye Chan Mon# ပြန်လည်မျှဝေပေးခြင်းဖြစ်ပါသည်

Credit To: The Myanma Age

No comments: