



ကျွန်ပ်တို့ နိင်ငံအတွင်းမှ သယံဇာတ အဖိုးတန်သစ်နှင့် ရေနေသတ္တဝါများအား အိမ်နီးခြင်း နိင်ငံ နှင့် အခြားနိင်ငံများမှ လာရောက်ရှာဖွေစူးစမ်းမှု့များကိုခွင့်ပြုချက်တောင်းခံခြင်း အစိုးရ ဌါနဆိုင်နှင့် ဒေသခံအုပ်ချုပ်ရေးအဖွဲ့တို့ အားအသိပေးခြင်း နှင့် မြေယာပိုင်ဆိုင်သူအားခွင့်တောင်းခြင်းမျာ ပြုလုပ်ကြပါရဲ့လားဟု ဖြစ်စဉ်မပြောမီ ကြိုတင်မေးခွန်းထုတ်ထားပါရစေ ဖြစ်စဉ်မှာ ရွှေကျင်ရေတောင်ခြေရှိ မိမိ၏ခြံတွင်း သန့် ရှင်းရေးလုပ်နေစဉ် ကျောက်ခဲထုနှက်သံများကြားရ၍သွားရောက်ကြည့်ရာ တရုပ်နိင်ငံသားဟုယူဆရသူ ၂ဦး စကားပ်ြန်တဦး ကားမောင်းသူတဦး ပေါင်းလေးဦးမှ မြန်မာစကားမတတ်သော တရုပ်နိင်ငံသားဟုထင်ရသူ၂ဦးသည် ကျောက်ခဲများကို ၄င်းတို့ အသင့်ပါလာသောတူနှင် တဒေါက်ဒေါက်ခေါက်ကြည့်ကာသိမ်းဆည်းခြင်း ပါလာသောGPS ဖြင့်မြေပုံသွင်းမှတ်တမ်းတင်ခြင်းတို့ ပြုလုပ်နေကြပါသည် ၄င်းတို့ လို နိင်ငံခြားသားများအနေနှင့် ယခုကဲ့သို့ လုပ်ဆောင်မှု့မျိုး လွယ်လင့်တကူလုပ်ဆောင်နေကြသည်မှာ ယခုနေရာတွင်သာမက နိင်ငံအနှံအပြားနေရာဒေသများစွာတွင်ကြုံနေကြရပါသည် တခါ ကလည်း ဆည်တော်ရေလွှဲမြှောင်းထဲတွင် Sloon ကားအကောင်းစားနှင့်လာရောက်ကာ bettery shock တိုက်သည့်နည်းနှင့် ငါးဖမ်းကာမှတ်တမ်းတင်နေသော တရုပ်နိင်ငံသားလူငယ်တဦးကိုတွေ့ဘူးပါသည် မေးမြန်းရာတွင်လည်း မခြေမငံ စကားပြန်မှတဆင့် ဆက်ဆံခြင်းပြုပါသည် ယခုကိစ္စမျိုးများသည် မိမိတို့ နိင်ငံ၏အချုပ်အခြာအာဏာနှင့် လူမျိုးဂုဏ်သိက္ခာ ကိုပါထိပါးသောကိစ္စဟု မိမိမှတ်ယူပါသည် ဒါကြောင့် တရာဝင် ခွင့်ပြုချက်တောင်းလုပ်ဆောင်လျင်လည်း သက်သေခံအထောက်အထားစာရွက်စာတန်းနှင့်တကွ ပိုင်ဆိုင်ခွင့်ရှိသူအား ဦးစွာ အသိပေးသင့်သည် တာဝန်ရှိသူများမှလည်း ယခုလို ရွာကျော် ခဲပစ်သည့် ကိစ္စကို အသေးအဖွဲ သဘောမထားဘဲ တိကျသောလုပ်ထုံးလုပ်နည်းနှင့်ညီမှသာလျင်ခွင့်ပြုသင့်ပေသည် အကယ်၍မျက်နှာလွှဲ ခဲပစ် သဘောမျိုးထားခဲ့ပါက နောက်နောင်တွင် ရှုပ်ထွေးသော အကြောင်းတရားများ ရင်ဆိုင်ကြရပေတော့မည်။
တရုပ်နိင်ငံသားဟုထင်ရသူ၂ဦးသည် ကျောက်ခဲများကို ၄င်းတို့ အသင့်ပါလာသောတူနှင် တဒေါက်ဒေါက်ခေါက်ကြည့်ကာသိမ်းဆည်းခြင်း ပါလာသောGPS ဖြင့်မြေပုံသွင်းမှတ်တမ်းတင်ခြင်းတို့ ပြုလုပ်နေကြပါသည်
၎င်းတို့ လို နိင်ငံခြားသားများအနေနှင့်
ယခုကဲ့သို့ လုပ်ဆောင်မှု့မျိုး လွယ်လင့်တကူလုပ်ဆောင်နေကြသည်မှာ ယခုနေရာတွင်သာမက နိင်ငံအနှံအပြားနေရာဒေသများစွာတွင်ကြုံနေကြရပါသည်
No comments:
Post a Comment