^^^^^^^^^^^^^^^^^^^^^
အမျိုးသားရေးဝါဒနှင့် စပ်တဲ့စကားတွေ အခုတလော တော်တော်ကြားနေရတယ်။
အမျိုးသားရေးဝါဒီတို့ရေးတဲ့ စာတွေလည်း မကြာမကြာ ဖတ်နေရတယ်။ ဘာကြောင့်
အမျိုးသားရေးဝါဒနဲ့စပ်တဲ့စကားတွေ ထိုသူတွေ များများ ပြောနေကြပါလိမ့်
စဉ်းစားမိတယ်။
သူတို့ပြောတဲ့စကားတွေ ခြုံငုံကြည့်တော့
အမျိုးသားရေးဝါဒဆိုတာ နိုင်ငံတော်၌ ဖြစ်ပေါ်နေသော အမျိုးသားရေး
အန္တရာယ်များကို သွေးအေးမနေဘဲ နိုင်ငံရဲ့အရေးကို ကိုယ့်အရေးလိုသဘောထားပြီး
ဟောပြောခြင်း၊ စည်းရုံးခြင်း၊ ဆောင်ရွက်ခြင်း၊ တိုက်ပွဲဝင်ခြင်းစတဲ့
ဖြစ်စဉ်တွေပါဝင်တဲ့ တိုင်းချစ်၊ ပြည်ချစ် အာဇာနည်တို့ရဲ့ ရဲရဲတောက်တောက်
မိန့်ခွန်းများကို “အမျိုးသားရေးဝါဒ” လို့ ရည်ညွှန်းပြောဆိုနေတယ်လို့
နားလည်မိတယ်။ အဖြောင့်ပြောတော့ “နိုင်ငံချစ်စိတ်ဓာတ်၊
သူ့ကျွန်မခံလိုတဲ့စိတ်ဓာတ်၊ အမျိုးသားလွတ်လပ်ရေးစိတ်ဓာတ်” လို့
ပြောလိုရင်းပါ။
တိုင်းချစ်ပြည်ချစ် အာဇာနည်တို့ရဲ့မိန့်ခွန်းများ
သို့မဟုတ် သြဝါဒများကို လေးစားလိုက်နာ၍ တိုင်းကျိုး ပြည်ကျိုး အတွက်
မမြင်နိုင်တဲ့အန္တရာယ်အတွင်းထဲသို့ မကျရောက်အောင်
ကိုယ်ကျိုးကိုရှေ့တန်းမတင်ဘဲ ဆောင်ရွက် နေသူများကို (အမျိုးသား
အမျိုးသမီးများကို) “အများသားရေးဝါဒီ” များလို့ ဒီလိုပဲ နားလည်ထားခြင်းပါ။
အဖြောင့်ပြောတော့ “အမျိုးသားရေးစိတ်ဓာတ်ရှိသူ” လို့ ပြောလိုရင်းဖြစ်တယ်။
သို့သော် အမျိုးသားရေးဝါဒကို လက်ကိုင်ဆွဲလျက် နိုင်ငံနှင့်လူမျိုးကို
ကာကွယ်လို၍ စကားကို ကြမ်းကြမ်းတမ်း တမ်းပြောဆိုရန် မသင့်ပါ။
အဘယ်ကြောင့်ဆိုသော် နိုင်ငံနှင့်လူမျိုးအတွက်ဆိုရင် ဘာဖြစ်ဖြစ်
ပြောရမှာဘဲလို့ အထင်လွဲပြီး စကားကို လက်လွတ်၊ ခြေလွတ် ပြောခဲ့မယ်ဆိုရင်
ကိုယ့်စကားကြောင့် ပြဿနာတွေ ပိုမိုဖြစ်သွား နိုင်ခြင်းပါ။ ပညာရှိတို့၏အမြတ်
အပြင်မထွက်အောင် ကြိုးစားနိုင်ခြင်းဟာ ဒီနေ့ မြန်မာနိုင်ငံမှာ
ကျင့်သုံးနေတဲ့ ဒီမိုကရေစီစနစ်နှင့် လိုက်လျောညီထွေ ရှိနိုင်ခြင်းပါ။
ဒီမိုကရေစီစနစ်မှာ စကားကို ထင်တိုင်းပြောလို့ မသင့်တော်ပါ။ စကားကို
အကွက်ဝင်အောင် စနစ်တကျ မပြောတတ်ခဲ့ရင် တစ်ခါတရံမှာ ကိုယ့်လူသည်ပင်
သူ့လူဖြစ်သွားနိုင်ခြင်းပါ။ ကိုယ့်အဖွဲ့အစည်းသည်ပင် သူ့
အဖွဲ့အစည်းဖြစ်သွားနိုင်ခြင်းပါ။ သမိုင်းခြေရာများကို ပြန်လည်
နောက်ကြောင်းပြန်ကောက်ကြည့်ရင် ပျားရည် တစ်စက်ကြောင့် ပြည်ပျက်ခဲ့တဲ့
သာဓကများလို သာဓကများစွာကို တွေ့ရှိနိုင်ခြင်းပါ။
တစ်ခါတရံမှာ
အမျိုးသားရေးစိတ်ဓာတ်ကြောင့် အမျိုးသားဝါဒီတို့ ပြောဆိုခဲ့သော စကားများဟာ
ပုဂ္ဂိုလ်နှစ်ဦး အကြား သို့မဟုတ် နှစ်နိုင်ငံအကြား
စစ်မက်ဖြစ်သွားနိုင်သည်အထိ ကြုံတွေ့သွားနိုင်ခြင်းပါ။ ဘုရားလက်ထပ်က
သာဓကတစ်ခုပါ။ တောင်သူလယ်သမားအချင်းချင်း ရောဟိဏီ မြစ်ရေ မျှဝေသုံးစွဲဖို့
အဝေမတည့်ဖြစ်ကြရာမှာ အမျိုးသားရေးဝါဒကို ထိခိုက်စေနိုင်တဲ့ စကားများကို
အလွန်အကျွံ ပြောဆိုမိခဲ့ကြတယ်။ တစ်ဖက်နိုင်ငံက လယ်သမားများက အမျိုးချင်း
ထိမ်းမြားလက်ထပ်သော ကပိလဝတ္ထု နိုင်ငံရဲ့ အရှင်သခင်တွေဖြစ်တဲ့ သာကီဝင်
မင်းသား မင်းသမီးများကို ရည်ညွှန်းပြောဆိုလျက် “နင်တို့အမျိုးက ခွေးမျိုးတွေ
ဆွေးမျိုးခြင်း အိမ်ထောင်ပြုကြ တာ” စသည်ဖြင့် စွပ်စွဲပြောဆိုခဲ့ကြသလို
တစ်ဖက်နိုင်ငံက လယ်သမားများကလည်း ကုဋ္ဌနူနာများ ပျောက်ကင်း ပြီးနောက်
ကောလိယနိုင်ငံ တည်ထောင်နိုင်ခဲ့ကြတဲ့ ကောလိယတိုင်းနိုင်ငံရဲ့ အရှင်သခင်မင်း
သား၊ မင်းသမီးများကို ရည်ညွှန်းပြောဆိုလျက် “နင်တို့ ဘာပဲပြောပြော
နင်တို့အမျိုးလိုတော့ အနူတွေမဟုတ် ဘူး” စသည်ဖြင့် စွပ်စွဲပြောဆိုခဲ့ကြတယ်။
ဒီနည်းဖြင့် အောက်ခြေလူတန်းစား လယ်သမားများက စတင်လာတဲ့ ပြဿနာဟာ
အဓိကရုဏ်းအသွင် ကူးပြောင်းလာပြီး ထိုအဓိကရုဏ်းမှာ နှစ်နိုင်ငံအရာရှိများ၊
ဝန်ကြီးများအပြင် နောက်ဆုံး ရှင်ဘုရင်များပါ ပါဝင်ပတ်သက်လာခဲ့ရတော့တယ်။
နောက်ဆုံး နှစ်ပြည်ထောင် စစ်ခင်းဖို့အထိ ကျရောက်သွားခဲ့တယ်။ နှစ်ပြည်ထောင်
သာကီဝင်မင်းများရဲ့ သွေးများ ရေနှင့်အတူ သွေးချောင်းစီးရတော့မည့် အဖြစ်ကို
ကြိုတင် မြင်တော်မူတဲ့ မြတ်စွာဘုရားဟာ နှစ်ပြည်ထောင်မင်းတို့ရဲ့
အလည်ကောင်းကင်ထက်မှာ ရပ်တည်ပြီး ငြိမ်းချမ်းရေးတရားကို ဟောခဲ့လို့
သာကီဝင်မင်းမျိုးတွေဟာလည်း သေကံမရောက် သက်မပျောက် ခဲ့ကြဘဲ ရောဟိဏီ
မြစ်ရေဟာလည်း ဒီနေ့အထိ ကြည်ကြည်လင်လင်နှင့် တသွင်သွင် စီးဆင်းနေဆဲ
ဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ ဒီမိုကရေစီစနစ်
ကျင့်သုံးစနိုင်ငံဖြစ်နေတော့ ဒီမိုကရေစီဆိုတာ ဘာမှန်းညာမှန်း သဲသဲကွဲကွဲ
မသိရှာသေးတဲ့ ရဟန်းရှင်လူ ပြည်သူတွေရယ်၊ ဒီမိုကရေစီစနစ် ပေါ်ထွန်းစမှာ
ရသင့်ရထိုက်တာတွေကို ပါးပါး နပ်နပ်နှင့် ရယူမယ်လို့ အားခဲထားကြတဲ့
လူတစ်စုရယ်၊ ဒီနှစ်စုအကြား ညှိနှိုင်းလို့မရနိုင်သေးတဲ့ ကိစ္စက
အပြောမရပ်ခြင်း၊ အပြောမတတ်ခြင်း၊ အပြောမချိုခြင်းနှင့် အပြောအဆို
မငြင်သာခြင်းတို့ဟာလည်း ပြဿနာ များကို ကြီးထွားလာစေတဲ့
အကြောင်းရင်းတွေဖြစ်လာတယ်လို့ ယုံကြည်ထားမိတယ်။ ဥပမာ OIC အဖွဲ့ဝင် များ
မြန်မာနိုင်ငံအတွင်း OIC ရုံးတည်ဆောက်နိုင်ရေးအတွက် လာရောက်စဉ်အခါက
ပိုစတာထောင်၍ ဆန္ဒကို အေးချမ်းစွာ ထုတ်ဖော်နိုင်ခဲ့ကြတယ်။ ဒီအတွက်
ဂုဏ်ယူမိခြင်းပါ။ ဆန္ဒကို ထုတ်ဖော်ပြောလိုရင်းက မြန်မာပြည် မှာ OIC
ရုံးမစိုက်ဖို့ ဖြစ်တယ်။ အဓိကအကြောင်းရင်းက ဒါပါပဲ။
“အပြောမတတ်တော့
ဆဲသလို” ဆိုတဲ့ မြန်မာစကားပုံလေးကို အမှတ်ရနိုင်ကြဖို့ပါ။ ဆန္ဒကို
ရဲရဲရင့်ရင့် ထုတ်ဖော် နိုင်တာဟာ အင်မတန် ကောင်းမြတ်တဲ့ လုပ်ဆောင်ချက်ပါ။
သို့သော် ပြောတိုင်းမကောင်းဘူး ဆိုတာလေကို တော့ အမှတ်ရကြဖို့ပါ။ အထူးသဖြင့်
ညစ်ညမ်းတဲ့စကားမျိုးတွေကို မသုံးမိကြဖို့ပါ။ အမျိုးသားရေးဝါဒီများအား
အသံကြောင့် ဖာသေရတဲ့အဖြစ်မျိုးကို မရောက်စေချင်လို့ပါ။ ဥပမာ
“သားဖောက်နှုန်းမြန် အစ္စလာမ်၊ တိရစ္ဆန်ဝါဒ ဆန့်ကျင်ကြ” ဆိုတဲ့
အသုံးအနှုန်းမျိုးပါ။ မမှန်ဘူးလားဆိုတော့ ငြင်းစရာ မရှိပါ။ သို့သော်
ဒီပိုစတာကို ကိုင်ဆောင်ထားသူများရဲ့နောက်မှာ ကပ်လျက်ရှိနေတာက
ရဟန်းတော်များပါ ပါဝင်နေလေတော့ ယဉ်ကျေးတဲ့ လူမျိုးအတွက် မယဉ်မကျေးသလို
ဖြစ်နေတယ်လို့ ခံစားမိသူများလည်း ရှိနေလို့ ပြောရခြင်းပါ။ အထူးသဖြင့်
ဒီအတွက် မခံမရပ်နိုင်အောင် ဖြစ်သွားကြသူများကတော့ မလေးရှားနိုင်ငံရှိ
အစ္စလာမ်ဘာသာဝင်များ ဖြစ်ကြ တယ်။ မြန်မာပြည်မှာ ဖြစ်ပျက်သွားခဲ့တဲ့ ထိုစာပါ
ပို့စတာနှင့် စီတန်းလှည့်လည် ဆန္ဒပြသော ရဟန်းတော်များ ပါဝင်သော
ထိုမြင်ကွင်းကို ဗီနိုင်းပို့စတာကြီးများဖြင့် ပြန်လည်ကူးယူပြီး
မလေးရှားနိုင်ငံရဲ့ ကွာလာလန်ပူ မြို့တော်မှာ လူနှစ်ရာကျော်
စီတန်းလှည့်လည်ခဲ့ကြတာကို သတင်းများမှာ တွေ့လိုက်ရတယ်။ ဘာသာရေးနဲ့ စပ်တဲ့
ဆန္ဒထုတ်ဖော်ပြတာမျိုးကို အမြဲတမ်းလိုလို အားမပေးလိုတဲ့ မလေးအစိုးရဟာ
ဒါမျိုးကြတော့ သိတယ် မဟုတ်လား။ မျက်စိမှိတ်ပြီး နှုတ်ပိတ်နေခဲ့တာကို
တွေ့ရပြန်တယ်။ အမျိုးသားရေးဝါဒီများ သတိပြုနိုင်ကြဖို့ပါ။
ဆန္ဒထုတ်ဖော်ခြင်းများကို ဘယ်တော့မှ မပြသင့်ဘူးလို့တော့ မပြောလိုပါ။
သံဃာတော်များအတွက် လမ်းပေါ် မတက်ဘဲ ကိစ္စပြီးမြောက်မယ်ဆိုရင် (ဥပမာ
လက်မှတ်ထိုး ကန့်ကွက်တာမျိုး သက်ဆိုင်ရာသို့ တိုင်ကြားလွှာပို့ ၍
ကန့်ကွက်တာမျိုးကို ဆိုလိုသည်။) လမ်းပေါ်မထွက်ကြဖို့ပါ။ သို့သော်
ပြောသင့်တဲ့အချိန်မှာ ပြောသင့်တဲ့ စကားကို ပြောကိုပြောရတော့မယ်ဆိုရင်
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းလို သတ္တိရှိရှိ ပါးပါး
နပ်နပ်နဲ့ ပြောနိုင်ဖို့ပါ။ ဥပမာ စကားကို ဘွန်းဘွန်းပြောတတ်တဲ့ ဗိုလ်ချုပ်က
အမျိုးသားရေးနှင့်စပ်ပြီး မိန့်ခွန်း ပြောခဲ့သည်မှာ
“ရှင်းရှင်းပြောရမယ်ဆိုရင် ကုလားစတဲ့ နိုင်ငံခြားသားတို့ဟာ ကျနော်တို့
တိုင်းရင်းသားများရဲ့ မိတ်ဆွေအဖြစ်နဲ့ နေထိုင်မလား၊ ဒါမှမဟုတ်
ရန်သူများအဖြစ်နဲ့ နေထိုင်ကြမလား ဆိုတာ ဆုံးဖြတ်ရန် လိုပါတယ်။
တစ်ချိန်တည်းမှာ ရန်သူနဲ့ မိတ်ဆွေ နှစ်မျိုး မဖြစ်နိုင်ပါဘူး” လို့
ပွင့်ပွင့်လင်းလင်း သတ္တိရှိရှိနဲ့ (20.1.1946 ခုနှစ်) ဖဆပလ အဖွဲ့ချုပ်ကြီး၏
နိုင်ငံလုံးဆိုင်ရာ ညီလာခံမှာ ပြောသွားခဲ့တယ်။
အမျိုးသားရေးဝါဒဆိုတာ
နွားကျောင်းသားလက်ထဲက လေးခွလို လှုပ်လှုပ်မြင်ရာကို အရမ်းပစ်နေလို့
မဖြစ်ပါဘူး ပစ်သင့်တဲ့အချိန်မှာ ပစ်မှတ်ကို တည့်တည့်မှန်အောင်
ပစ်တတ်ဖို့ပါ။ ပစ်နည်းမကျွမ်းကျင်သေးရင်လည်း ကျွမ်းကျင်အောင်
လေ့ကျင့်ယူနိုင်ဖို့ပါ။ ဒီနေရာမှာ အတုယူစရာကောင်းတဲ့ စကားတစ်ခွန်းကို
ထုတ်ပြလိုက်ခြင်း ပါ။ စကားပြောရာမှာ ကျွမ်းကျင်တော်မူလှတဲ့
သီတဂူဆရာတော်ကြီးက အမျိုးသားရေးဝါဒနှင့်စပ်ပြီး ရဲရဲတောက်
မိန့်ကြားထားသည်မှာ “လူ့အခွင့်အရေးဆိုတာ ဥပဒေမဟုတ်ပါဘူး။ ဘယ်နိုင်ငံကိုမှ
ချုပ်ကိုင်လို့မရဘူး။ သူတို့ မကြိုက်ရင်တော့ လူ့အခွင့်အရေး
ချိုးဖောက်တယ်ဆိုပြီး အော်မှာဘဲ ကြိုက်သလောက်အော်ပါစေ ငါတို့ကတော့
မြန်မာတိုင်းရင်းသားအားလုံးရဲ့ အကျိုးစီးပွားကိုပဲ ကြည့်ရမယ်။ ဒါကြောင့်
အမျိုးသားရေးဝါဒဆိုတာ အကုသိုလ်တစ်ခုမှ မပါဘူး။ လုပ်ကိုလုပ်ရမယ်” တဲ့။
ရဲရဲတောက် သြဝါဒဖြစ်တယ်။ အမျိုးသားရေးဝါဒီများ အတွက် အတုယူစရာပါ။
အမျိုးသားရေးဝါဒကို အဓိပ္ပါယ်ပြန်ဆိုရာမှာ လူ့အခွင့်အရေးကို ဇောင်းပေးပြီး
အဓိပ္ပါယ်ပြန်ဆိုမယ်ဆိုရင် နိုင်ငံသား အခွင့်အရေးများကို ထိခိုက်နစ်နာ
ဆုံးရှုံးသွားစေနိုင်ခြင်းပါ။ လူ့အခွင့်အရေးနှင့် နိုင်ငံသားအခွင့်အရေး ကို
Equal ထားပြီး (တန်းတူထားပြီး) အဓိပ္ပါယ်ပြန်ဆိုမယ်ဆိုရင်လည်း
နိုင်ငံသားအခွင့်အရေးများကို ထိခိုက် နစ်နာ ဆုံးရှုံးသွားစေနိုင်ခြင်းပါ။
ထို့ကြောင့် အမေရိကန်၌ အခြားနိုင်ငံများတွင် မွေးဖွားလာခဲ့သော အမျိုးသား၊
အမျိုးသမီး စီတီဇင်များ (သို့မဟုတ်) နိုင်ငံသား ခံယူထားသူများကို
အမေရိကန်ရဲ့ သမ္မတရွေးကောက်ပွဲများ၌ လုံးဝ ပါဝင်ယှဉ်ပြိုင်နိုင်ဖွင့်
မရှိကြောင်း ကြားသိရခြင်းပါ။ အမျိုးသားရေးဝါဒသည် နိုင်ငံတစ်ခု၌ မည်မျှ အရေး
ပါကြောင်း အမျိုးသားဝါဒီများ၊ နိုင်ငံသားများ သတိမူနိုင်ကြဖို့ပါ။
ချမ်းသာစွာ အိပ်စက်နိုင်ကြပါစေ။
ဒေါက်တာဓမ္မပိယ(ITBMU)
အတွဲ(၁)အမှတ်(၄၉) 10.12.2013 ရက်နေ့ထုတ် သမဂ္ဂဂျာနယ် စာမျက်နှာ(၂၀)မှ ဒေါက်တာဓမ္မပိယ၏ ဆောင်းပါးကို ကူးယူဖော်ပြသည်။
^^^^^^^^^^^^^^^^^^^^^
အမျိုးသားရေးဝါဒနှင့် စပ်တဲ့စကားတွေ အခုတလော တော်တော်ကြားနေရတယ်။ အမျိုးသားရေးဝါဒီတို့ရေးတဲ့ စာတွေလည်း မကြာမကြာ ဖတ်နေရတယ်။ ဘာကြောင့် အမျိုးသားရေးဝါဒနဲ့စပ်တဲ့စကားတွေ ထိုသူတွေ များများ ပြောနေကြပါလိမ့် စဉ်းစားမိတယ်။
သူတို့ပြောတဲ့စကားတွေ ခြုံငုံကြည့်တော့ အမျိုးသားရေးဝါဒဆိုတာ နိုင်ငံတော်၌ ဖြစ်ပေါ်နေသော အမျိုးသားရေး အန္တရာယ်များကို သွေးအေးမနေဘဲ နိုင်ငံရဲ့အရေးကို ကိုယ့်အရေးလိုသဘောထားပြီး ဟောပြောခြင်း၊ စည်းရုံးခြင်း၊ ဆောင်ရွက်ခြင်း၊ တိုက်ပွဲဝင်ခြင်းစတဲ့ ဖြစ်စဉ်တွေပါဝင်တဲ့ တိုင်းချစ်၊ ပြည်ချစ် အာဇာနည်တို့ရဲ့ ရဲရဲတောက်တောက် မိန့်ခွန်းများကို “အမျိုးသားရေးဝါဒ” လို့ ရည်ညွှန်းပြောဆိုနေတယ်လို့ နားလည်မိတယ်။ အဖြောင့်ပြောတော့ “နိုင်ငံချစ်စိတ်ဓာတ်၊ သူ့ကျွန်မခံလိုတဲ့စိတ်ဓာတ်၊ အမျိုးသားလွတ်လပ်ရေးစိတ်ဓာတ်” လို့ ပြောလိုရင်းပါ။
တိုင်းချစ်ပြည်ချစ် အာဇာနည်တို့ရဲ့မိန့်ခွန်းများ သို့မဟုတ် သြဝါဒများကို လေးစားလိုက်နာ၍ တိုင်းကျိုး ပြည်ကျိုး အတွက် မမြင်နိုင်တဲ့အန္တရာယ်အတွင်းထဲသို့ မကျရောက်အောင် ကိုယ်ကျိုးကိုရှေ့တန်းမတင်ဘဲ ဆောင်ရွက် နေသူများကို (အမျိုးသား အမျိုးသမီးများကို) “အများသားရေးဝါဒီ” များလို့ ဒီလိုပဲ နားလည်ထားခြင်းပါ။ အဖြောင့်ပြောတော့ “အမျိုးသားရေးစိတ်ဓာတ်ရှိသူ” လို့ ပြောလိုရင်းဖြစ်တယ်။
သို့သော် အမျိုးသားရေးဝါဒကို လက်ကိုင်ဆွဲလျက် နိုင်ငံနှင့်လူမျိုးကို ကာကွယ်လို၍ စကားကို ကြမ်းကြမ်းတမ်း တမ်းပြောဆိုရန် မသင့်ပါ။ အဘယ်ကြောင့်ဆိုသော် နိုင်ငံနှင့်လူမျိုးအတွက်ဆိုရင် ဘာဖြစ်ဖြစ် ပြောရမှာဘဲလို့ အထင်လွဲပြီး စကားကို လက်လွတ်၊ ခြေလွတ် ပြောခဲ့မယ်ဆိုရင် ကိုယ့်စကားကြောင့် ပြဿနာတွေ ပိုမိုဖြစ်သွား နိုင်ခြင်းပါ။ ပညာရှိတို့၏အမြတ် အပြင်မထွက်အောင် ကြိုးစားနိုင်ခြင်းဟာ ဒီနေ့ မြန်မာနိုင်ငံမှာ ကျင့်သုံးနေတဲ့ ဒီမိုကရေစီစနစ်နှင့် လိုက်လျောညီထွေ ရှိနိုင်ခြင်းပါ။
ဒီမိုကရေစီစနစ်မှာ စကားကို ထင်တိုင်းပြောလို့ မသင့်တော်ပါ။ စကားကို အကွက်ဝင်အောင် စနစ်တကျ မပြောတတ်ခဲ့ရင် တစ်ခါတရံမှာ ကိုယ့်လူသည်ပင် သူ့လူဖြစ်သွားနိုင်ခြင်းပါ။ ကိုယ့်အဖွဲ့အစည်းသည်ပင် သူ့ အဖွဲ့အစည်းဖြစ်သွားနိုင်ခြင်းပါ။ သမိုင်းခြေရာများကို ပြန်လည် နောက်ကြောင်းပြန်ကောက်ကြည့်ရင် ပျားရည် တစ်စက်ကြောင့် ပြည်ပျက်ခဲ့တဲ့ သာဓကများလို သာဓကများစွာကို တွေ့ရှိနိုင်ခြင်းပါ။
တစ်ခါတရံမှာ အမျိုးသားရေးစိတ်ဓာတ်ကြောင့် အမျိုးသားဝါဒီတို့ ပြောဆိုခဲ့သော စကားများဟာ ပုဂ္ဂိုလ်နှစ်ဦး အကြား သို့မဟုတ် နှစ်နိုင်ငံအကြား စစ်မက်ဖြစ်သွားနိုင်သည်အထိ ကြုံတွေ့သွားနိုင်ခြင်းပါ။ ဘုရားလက်ထပ်က သာဓကတစ်ခုပါ။ တောင်သူလယ်သမားအချင်းချင်း ရောဟိဏီ မြစ်ရေ မျှဝေသုံးစွဲဖို့ အဝေမတည့်ဖြစ်ကြရာမှာ အမျိုးသားရေးဝါဒကို ထိခိုက်စေနိုင်တဲ့ စကားများကို အလွန်အကျွံ ပြောဆိုမိခဲ့ကြတယ်။ တစ်ဖက်နိုင်ငံက လယ်သမားများက အမျိုးချင်း ထိမ်းမြားလက်ထပ်သော ကပိလဝတ္ထု နိုင်ငံရဲ့ အရှင်သခင်တွေဖြစ်တဲ့ သာကီဝင် မင်းသား မင်းသမီးများကို ရည်ညွှန်းပြောဆိုလျက် “နင်တို့အမျိုးက ခွေးမျိုးတွေ ဆွေးမျိုးခြင်း အိမ်ထောင်ပြုကြ တာ” စသည်ဖြင့် စွပ်စွဲပြောဆိုခဲ့ကြသလို တစ်ဖက်နိုင်ငံက လယ်သမားများကလည်း ကုဋ္ဌနူနာများ ပျောက်ကင်း ပြီးနောက် ကောလိယနိုင်ငံ တည်ထောင်နိုင်ခဲ့ကြတဲ့ ကောလိယတိုင်းနိုင်ငံရဲ့ အရှင်သခင်မင်း သား၊ မင်းသမီးများကို ရည်ညွှန်းပြောဆိုလျက် “နင်တို့ ဘာပဲပြောပြော နင်တို့အမျိုးလိုတော့ အနူတွေမဟုတ် ဘူး” စသည်ဖြင့် စွပ်စွဲပြောဆိုခဲ့ကြတယ်။ ဒီနည်းဖြင့် အောက်ခြေလူတန်းစား လယ်သမားများက စတင်လာတဲ့ ပြဿနာဟာ အဓိကရုဏ်းအသွင် ကူးပြောင်းလာပြီး ထိုအဓိကရုဏ်းမှာ နှစ်နိုင်ငံအရာရှိများ၊ ဝန်ကြီးများအပြင် နောက်ဆုံး ရှင်ဘုရင်များပါ ပါဝင်ပတ်သက်လာခဲ့ရတော့တယ်။ နောက်ဆုံး နှစ်ပြည်ထောင် စစ်ခင်းဖို့အထိ ကျရောက်သွားခဲ့တယ်။ နှစ်ပြည်ထောင် သာကီဝင်မင်းများရဲ့ သွေးများ ရေနှင့်အတူ သွေးချောင်းစီးရတော့မည့် အဖြစ်ကို ကြိုတင် မြင်တော်မူတဲ့ မြတ်စွာဘုရားဟာ နှစ်ပြည်ထောင်မင်းတို့ရဲ့ အလည်ကောင်းကင်ထက်မှာ ရပ်တည်ပြီး ငြိမ်းချမ်းရေးတရားကို ဟောခဲ့လို့ သာကီဝင်မင်းမျိုးတွေဟာလည်း သေကံမရောက် သက်မပျောက် ခဲ့ကြဘဲ ရောဟိဏီ မြစ်ရေဟာလည်း ဒီနေ့အထိ ကြည်ကြည်လင်လင်နှင့် တသွင်သွင် စီးဆင်းနေဆဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ ဒီမိုကရေစီစနစ် ကျင့်သုံးစနိုင်ငံဖြစ်နေတော့ ဒီမိုကရေစီဆိုတာ ဘာမှန်းညာမှန်း သဲသဲကွဲကွဲ မသိရှာသေးတဲ့ ရဟန်းရှင်လူ ပြည်သူတွေရယ်၊ ဒီမိုကရေစီစနစ် ပေါ်ထွန်းစမှာ ရသင့်ရထိုက်တာတွေကို ပါးပါး နပ်နပ်နှင့် ရယူမယ်လို့ အားခဲထားကြတဲ့ လူတစ်စုရယ်၊ ဒီနှစ်စုအကြား ညှိနှိုင်းလို့မရနိုင်သေးတဲ့ ကိစ္စက အပြောမရပ်ခြင်း၊ အပြောမတတ်ခြင်း၊ အပြောမချိုခြင်းနှင့် အပြောအဆို မငြင်သာခြင်းတို့ဟာလည်း ပြဿနာ များကို ကြီးထွားလာစေတဲ့ အကြောင်းရင်းတွေဖြစ်လာတယ်လို့ ယုံကြည်ထားမိတယ်။ ဥပမာ OIC အဖွဲ့ဝင် များ မြန်မာနိုင်ငံအတွင်း OIC ရုံးတည်ဆောက်နိုင်ရေးအတွက် လာရောက်စဉ်အခါက ပိုစတာထောင်၍ ဆန္ဒကို အေးချမ်းစွာ ထုတ်ဖော်နိုင်ခဲ့ကြတယ်။ ဒီအတွက် ဂုဏ်ယူမိခြင်းပါ။ ဆန္ဒကို ထုတ်ဖော်ပြောလိုရင်းက မြန်မာပြည် မှာ OIC ရုံးမစိုက်ဖို့ ဖြစ်တယ်။ အဓိကအကြောင်းရင်းက ဒါပါပဲ။
“အပြောမတတ်တော့ ဆဲသလို” ဆိုတဲ့ မြန်မာစကားပုံလေးကို အမှတ်ရနိုင်ကြဖို့ပါ။ ဆန္ဒကို ရဲရဲရင့်ရင့် ထုတ်ဖော် နိုင်တာဟာ အင်မတန် ကောင်းမြတ်တဲ့ လုပ်ဆောင်ချက်ပါ။ သို့သော် ပြောတိုင်းမကောင်းဘူး ဆိုတာလေကို တော့ အမှတ်ရကြဖို့ပါ။ အထူးသဖြင့် ညစ်ညမ်းတဲ့စကားမျိုးတွေကို မသုံးမိကြဖို့ပါ။ အမျိုးသားရေးဝါဒီများအား အသံကြောင့် ဖာသေရတဲ့အဖြစ်မျိုးကို မရောက်စေချင်လို့ပါ။ ဥပမာ “သားဖောက်နှုန်းမြန် အစ္စလာမ်၊ တိရစ္ဆန်ဝါဒ ဆန့်ကျင်ကြ” ဆိုတဲ့ အသုံးအနှုန်းမျိုးပါ။ မမှန်ဘူးလားဆိုတော့ ငြင်းစရာ မရှိပါ။ သို့သော် ဒီပိုစတာကို ကိုင်ဆောင်ထားသူများရဲ့နောက်မှာ ကပ်လျက်ရှိနေတာက ရဟန်းတော်များပါ ပါဝင်နေလေတော့ ယဉ်ကျေးတဲ့ လူမျိုးအတွက် မယဉ်မကျေးသလို ဖြစ်နေတယ်လို့ ခံစားမိသူများလည်း ရှိနေလို့ ပြောရခြင်းပါ။ အထူးသဖြင့် ဒီအတွက် မခံမရပ်နိုင်အောင် ဖြစ်သွားကြသူများကတော့ မလေးရှားနိုင်ငံရှိ အစ္စလာမ်ဘာသာဝင်များ ဖြစ်ကြ တယ်။ မြန်မာပြည်မှာ ဖြစ်ပျက်သွားခဲ့တဲ့ ထိုစာပါ ပို့စတာနှင့် စီတန်းလှည့်လည် ဆန္ဒပြသော ရဟန်းတော်များ ပါဝင်သော ထိုမြင်ကွင်းကို ဗီနိုင်းပို့စတာကြီးများဖြင့် ပြန်လည်ကူးယူပြီး မလေးရှားနိုင်ငံရဲ့ ကွာလာလန်ပူ မြို့တော်မှာ လူနှစ်ရာကျော် စီတန်းလှည့်လည်ခဲ့ကြတာကို သတင်းများမှာ တွေ့လိုက်ရတယ်။ ဘာသာရေးနဲ့ စပ်တဲ့ ဆန္ဒထုတ်ဖော်ပြတာမျိုးကို အမြဲတမ်းလိုလို အားမပေးလိုတဲ့ မလေးအစိုးရဟာ ဒါမျိုးကြတော့ သိတယ် မဟုတ်လား။ မျက်စိမှိတ်ပြီး နှုတ်ပိတ်နေခဲ့တာကို တွေ့ရပြန်တယ်။ အမျိုးသားရေးဝါဒီများ သတိပြုနိုင်ကြဖို့ပါ။
ဆန္ဒထုတ်ဖော်ခြင်းများကို ဘယ်တော့မှ မပြသင့်ဘူးလို့တော့ မပြောလိုပါ။ သံဃာတော်များအတွက် လမ်းပေါ် မတက်ဘဲ ကိစ္စပြီးမြောက်မယ်ဆိုရင် (ဥပမာ လက်မှတ်ထိုး ကန့်ကွက်တာမျိုး သက်ဆိုင်ရာသို့ တိုင်ကြားလွှာပို့ ၍ ကန့်ကွက်တာမျိုးကို ဆိုလိုသည်။) လမ်းပေါ်မထွက်ကြဖို့ပါ။ သို့သော် ပြောသင့်တဲ့အချိန်မှာ ပြောသင့်တဲ့ စကားကို ပြောကိုပြောရတော့မယ်ဆိုရင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းလို သတ္တိရှိရှိ ပါးပါး နပ်နပ်နဲ့ ပြောနိုင်ဖို့ပါ။ ဥပမာ စကားကို ဘွန်းဘွန်းပြောတတ်တဲ့ ဗိုလ်ချုပ်က အမျိုးသားရေးနှင့်စပ်ပြီး မိန့်ခွန်း ပြောခဲ့သည်မှာ “ရှင်းရှင်းပြောရမယ်ဆိုရင် ကုလားစတဲ့ နိုင်ငံခြားသားတို့ဟာ ကျနော်တို့ တိုင်းရင်းသားများရဲ့ မိတ်ဆွေအဖြစ်နဲ့ နေထိုင်မလား၊ ဒါမှမဟုတ် ရန်သူများအဖြစ်နဲ့ နေထိုင်ကြမလား ဆိုတာ ဆုံးဖြတ်ရန် လိုပါတယ်။ တစ်ချိန်တည်းမှာ ရန်သူနဲ့ မိတ်ဆွေ နှစ်မျိုး မဖြစ်နိုင်ပါဘူး” လို့ ပွင့်ပွင့်လင်းလင်း သတ္တိရှိရှိနဲ့ (20.1.1946 ခုနှစ်) ဖဆပလ အဖွဲ့ချုပ်ကြီး၏ နိုင်ငံလုံးဆိုင်ရာ ညီလာခံမှာ ပြောသွားခဲ့တယ်။
အမျိုးသားရေးဝါဒဆိုတာ နွားကျောင်းသားလက်ထဲက လေးခွလို လှုပ်လှုပ်မြင်ရာကို အရမ်းပစ်နေလို့ မဖြစ်ပါဘူး ပစ်သင့်တဲ့အချိန်မှာ ပစ်မှတ်ကို တည့်တည့်မှန်အောင် ပစ်တတ်ဖို့ပါ။ ပစ်နည်းမကျွမ်းကျင်သေးရင်လည်း ကျွမ်းကျင်အောင် လေ့ကျင့်ယူနိုင်ဖို့ပါ။ ဒီနေရာမှာ အတုယူစရာကောင်းတဲ့ စကားတစ်ခွန်းကို ထုတ်ပြလိုက်ခြင်း ပါ။ စကားပြောရာမှာ ကျွမ်းကျင်တော်မူလှတဲ့ သီတဂူဆရာတော်ကြီးက အမျိုးသားရေးဝါဒနှင့်စပ်ပြီး ရဲရဲတောက် မိန့်ကြားထားသည်မှာ “လူ့အခွင့်အရေးဆိုတာ ဥပဒေမဟုတ်ပါဘူး။ ဘယ်နိုင်ငံကိုမှ ချုပ်ကိုင်လို့မရဘူး။ သူတို့ မကြိုက်ရင်တော့ လူ့အခွင့်အရေး ချိုးဖောက်တယ်ဆိုပြီး အော်မှာဘဲ ကြိုက်သလောက်အော်ပါစေ ငါတို့ကတော့ မြန်မာတိုင်းရင်းသားအားလုံးရဲ့ အကျိုးစီးပွားကိုပဲ ကြည့်ရမယ်။ ဒါကြောင့် အမျိုးသားရေးဝါဒဆိုတာ အကုသိုလ်တစ်ခုမှ မပါဘူး။ လုပ်ကိုလုပ်ရမယ်” တဲ့။ ရဲရဲတောက် သြဝါဒဖြစ်တယ်။ အမျိုးသားရေးဝါဒီများ အတွက် အတုယူစရာပါ။
အမျိုးသားရေးဝါဒကို အဓိပ္ပါယ်ပြန်ဆိုရာမှာ လူ့အခွင့်အရေးကို ဇောင်းပေးပြီး အဓိပ္ပါယ်ပြန်ဆိုမယ်ဆိုရင် နိုင်ငံသား အခွင့်အရေးများကို ထိခိုက်နစ်နာ ဆုံးရှုံးသွားစေနိုင်ခြင်းပါ။ လူ့အခွင့်အရေးနှင့် နိုင်ငံသားအခွင့်အရေး ကို Equal ထားပြီး (တန်းတူထားပြီး) အဓိပ္ပါယ်ပြန်ဆိုမယ်ဆိုရင်လည်း နိုင်ငံသားအခွင့်အရေးများကို ထိခိုက် နစ်နာ ဆုံးရှုံးသွားစေနိုင်ခြင်းပါ။ ထို့ကြောင့် အမေရိကန်၌ အခြားနိုင်ငံများတွင် မွေးဖွားလာခဲ့သော အမျိုးသား၊ အမျိုးသမီး စီတီဇင်များ (သို့မဟုတ်) နိုင်ငံသား ခံယူထားသူများကို အမေရိကန်ရဲ့ သမ္မတရွေးကောက်ပွဲများ၌ လုံးဝ ပါဝင်ယှဉ်ပြိုင်နိုင်ဖွင့် မရှိကြောင်း ကြားသိရခြင်းပါ။ အမျိုးသားရေးဝါဒသည် နိုင်ငံတစ်ခု၌ မည်မျှ အရေး ပါကြောင်း အမျိုးသားဝါဒီများ၊ နိုင်ငံသားများ သတိမူနိုင်ကြဖို့ပါ။ ချမ်းသာစွာ အိပ်စက်နိုင်ကြပါစေ။
ဒေါက်တာဓမ္မပိယ(ITBMU)
အတွဲ(၁)အမှတ်(၄၉) 10.12.2013 ရက်နေ့ထုတ် သမဂ္ဂဂျာနယ် စာမျက်နှာ(၂၀)မှ ဒေါက်တာဓမ္မပိယ၏ ဆောင်းပါးကို ကူးယူဖော်ပြသည်။

No comments:
Post a Comment