မနက်ဖြန်မှာ
ကျင်းပမယ့် နယ်လဆင် မင်ဒဲလားရဲ. ဈာပန အခမ်းအနားကို တက်ရောက်ဖို. ဖိတ်စာ
မရရှိတဲ့အတွက် တက်ရောက်ချင်သော်လည်း သွားရောက်ဖြစ်မှာ မဟုတ်ဘူးလို.
မင်ဒဲလားနဲ. ဆယ်စုနှစ်များစွာ ရင်းနှီးစွာ ဆက်ဆံလာခဲ့တဲ့ ဘုန်းတော်ကြီး
ဒပ်စမွန် တူးတူးက ပြောလိုက်ပါတယ်။
တောင်အာဖရိကရဲ. နောက်ထပ် နိုဘဲလ် ငြိမ်းချမ်းရေး ဆုရှင် တစ်ဦး ဖြစ်တဲ့ တူးတူးဟာ သမ္မတ ဂျက်ကော့ ဇူးမား ဦးဆောင်တဲ့ ANC ပါတီကို ယခုတလော ဝေဖန်မှုတွေ ရှိခဲ့လို. လက်ရှိ အစိုးရ ခေါင်းဆောင်တွေနဲ. ချောမွေ.တဲ့ ဆက်ဆံရေး မရှိခဲ့ဘူးလို. သိရပါတယ်။
အစိုးရဖက်ကတော့ တူးတူးဟာ တိုင်းပြည်ရဲ. ရတနာ နောက်တစ်ပါး ဖြစ်ပြီး ဖိတ်စာကိစ္စဟာ မတော်တဆ ဖြစ်ရပ် တစ်ခု ဖြစ်နိုင်ကြောင်းနဲ. အမှားအယွင်း ရှိခဲ့ရင် အမြန်ဆုံး အဆင်ပြေအောင် ဆောင်ရွက်ပြီး ဒပ်စမွန် တူးတူးကို မင်ဒဲလားရဲ. ဈာပန အခမ်းအနား တက်ရောက်ခွင့်ရအောင် ဆောင်ရွက်သွားမှာ ဖြစ်တဲ့အကြောင်း ပြောကြားခဲ့ပါတယ်။

No comments:
Post a Comment